ဒီတခါရောက်လာတာက စည်ပင်က သူငယ်ချင်း၂ ယောက်။ ဘယ်သူက ဘီးတပ်လိုက်တယ်မသိ၊ ဂျပန်မှာ မြန်မာ ယွန်းထည်တွေဈေးကောင်းတယ်ဆိုလို့ ယွန်းစာပွဲကြီးယူလာကြတယ်။ ဘယ်မှာမှေ၇ာင်းမရလို့ တနင်္ဂနွေနေ့တွေမှာ လမ်းတွေပိတ်ပြီးလမ်းပေါ်ဈေးရောင်းတဲ့ဆီသွားေ၇ာင်းတာ မေ၇ာင်းရတဲ့အပြင် ရာဂူဇာ ခေါ်တဲ့ ဂျပန် မာဖီးယားတွေကဈေးခွံတောင်းလို့ပေးလိုက်ရတယ်တဲ့ ။
ဂျပန်ယွန်းကို BC ငါးထောင်ကပင် သစ်ထည်များပေါ်တွင် အဆိပ်ပါသော ၀က်သစ်ချပင်ရဲ့ အစေး (poison oak sap) များသုပ်လိမ်းပြီး ပစ္စည်းမျိုးစုံပြုလုပ်ကြပါတယ်။ သစ်သားပစ္စည်းများဖြစ်လို့ ခိုင်ခံပါတယ်။
မြန်မာယွန်းကို ဘုရင့်နောင်လက်ထက် (၁၅၅၅-၁၅၅၆၂) တွင် ယိုဒယားများနဲ့ပါလာသည်ဟုဆိုပါသည်။ မြန်မာယွန်းတည်များကို ၀ါးနဲ့မြင်းမီင်္ှးများဖြင့်ပြုလုပ်ပြီး၊ စစ်စီးခေါ် Melanorrhoea usitata အပင်၏အစီး သုပ်လိမ်းပါတယ်။ ၀ါးနဲ့ပြုလုပ်တာမို့ခိုင်ခံမှုနည်းပါတယ်။ လ္ဘက်ရည်ကဲ့သို့သော အပူများထဲ့ရန် မသင့်ပါ။ မြင်းမှီး
နှင့်ပြုလုပ်သောယွန်းထည်များ ပျော့ပြောင်းပြီး လူကြိုက်များပါတယ်။
တစ်နေ့မှာ center နားက ဈေးဆိုင်ရှေ့ကထီးအဆိုတွေထားတဲ့ ခွက်ထဲကထီးတွေကိုမြန်မာပညာတော် သင် မိန်းခလေး ၂ ယောက်ဖွင့်ကြည့်နေကြတာတွေ့လို့ ဘာလုပ်နေကြတာလဲသွားမေးတော့ center မှာရောက်နှင့်တဲ့ မြန်မာပြည်က director မ က အလကားယူလို့ရတယ်ဆိုလို့ ရန်ကုန်ယူသွားဖို့ရွေးနေတာတဲ့။ တကယ်ပဲမသိလို့လား။ ဂျပန်က ကျွန်းနိုင်ငံဆိုတော့ မိုးတွင်းရယ်လို့ မရှိဘူး၊ အချိန်မရွေးမိုးရွာတယ်။ မိုးမဆိုအောင်ဆောင်းတဲ့ ဂျပန်ထီးတွေက အရောင်စုံ အကြည် ( transparent ) တွေ။ မြန်မာပြည်မှာလိုနေမပူအောင် ဆောင်းတဲ့အနက်ရောင် အပိတ် (opaque) တွေမဟုတ်ဘူး။ နေရာတိုင်းမှာ ရမ် ၃၀၀ နဲ့ဝယ်လို့ရတယ်။ အိမ်တွေ ဆိုင်တွေထဲဝင်ရင် ရေမဆိုအောင်လို့ ထီးကိုခွက်ထဲမှာထားခဲ့ရတယ်။ ဆိုင်အထွက်မှာ မိုးရွာရင်ကိုယ့်ထီးကိုယ်ပြန်ယူဆောင်းတယ်။ တစ်ချို့ မိုးမရွာရင်ပြန်မယူဘူး။ တစ်ချို့နေရာမှာ ခွက်အစား ပလပ်စတစ်အိပ်အရှည်တွေရှိတယ် ထီးထဲ့ယူသွားလို့ ရအောင်။
center မှာ ဂျပန်စာတွေရေးထားတဲ့ အ၀တ်လျော်စက်တွေရှိတယ်။ တနင်္ဂနွေဆို အ၀တ်လျော် မီးပူတိုက်ကြပါတယ်။ တစ်နေ့မှာ ပညာတော်သင်ဆရာမလေးက အမ ဒီ center မှာခလေးတွေလဲရှိတယ်တဲ့။ ဘာလို့လဲဆိုတော့ အ၀တ်လျော်တဲ့စက်ထဲမှာခလေး အကျီ င်္တွေ့လိုတဲ့။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သူ့အကျီ င်္ဖြစ်နေတာတွေ့ရပါတယ်။ စက်အရင်သုံးခဲ့တဲ့သူက အပူနဲ့လျော်ထားတာ သူက မသိဘဲ သူ့ sweeter ကိုလျော်လိုက်တာ အပူကြောင့် ကြုံ့သွားပြီး ခလေးအရွယ်ဖြစ်သွားတာပါ။ ကျမ အ၀တ်လျော်ထားတာသွားထုတ်တော့ စက်ထဲမှာ စက္ကူစတွေတွေ့ရလို့ ဘယ်သူများ စက္ကူတွေထဲ့လျော်ပါလိမ့်လို့ သူများကိုသွားအပြစ်တင်နေမိတယ်။ ပလပ်စတစ်အုပ်ထားတဲ့ ကျမဓါတ်ပုံ ထွက်လာတော့မှ ကျမမေ့ပြီး ဂျင်းဘောင်ဘီအိပ်ထဲထဲ့ထားတဲ့ တစ်လစာ ရထားလက်မှတ် ထဲ့လျော်မိမှန် သတိရပါတော့တယ်။
Eco ကသူငယ်ချင်း အမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်လဲရောက်လာတယ်။ သူတို့က rice cooker ပါလာကြပြီး နှစ်ယောက်အတူတူ ထမင်းချက်စားတယ်။အတူတူဆန်ဝယ်ပြီး အမျိုးသမီးအခန်းမှာချက်တယ်။ ဆန်ကုန်ရင် တစ်လှဲ့ဆီဝယ်ကြတယ်။ ထမင်းချက်တဲ့အမျိုးသမီးက ချက်မဲ့ဆန်ထဲက နည်းနည်းခြင်းယူဖယ်ထားပြီး သူဝယ်တဲ့အလှည့်မှာ သုံးတယ်။ အိမ်သားများတဲ့ ထမင်းအိုးမှာသာ လက်တစ်ဆုတ်စာ ဆန်ယူရင်ဘာမှ မသိသာပေမဲ့ နှစ်ယောက်စာက ထုပ်တာဆိုတော့ သူငယ်ချင်းအမျိုးသားလဲ ရိပ်မိသွားပြီး ၆လ ပြည့်လို့ပြန်တဲ့အချိန်မှာ စကားမပြောတဲ့သူတွေဖြစ်သွားပါတော့တယ်။ အဲ့ဒီအမျိုးသမီးက ဘယ်လောက်တောင် ခြွေတာသလဲဆိုတော့ သူငယ်ချင်းရေးတဲ့စာရဲ့နခန်းသားတွေမှာသူ့အိမ်အတွက် စာလိုက်ရေးတယ်။ စာပို့ခ က စာရွက်အလေးချိန်အရပေးရတာဆိုတော့ သူရေးတဲ့စာ အတွက် သူလဲ တံဆိပ်ခေါင်းဖိုမကုန်၊သူ့သူငယ်ချင်းလဲ တံဆိပ်ခေါင်းဖိုးပိုမကုန်အောင်လို့တဲ့။ ခြွေတာတာနဲ့ ကပ်စီးနည်းတာ ခွဲခြားပြီးမသိတာလား ? လောဘတွေဖုန်းလွှမ်းနေတာလားတော့မသိတော့ပါဘူး။ ခြွေတာတယ်ဆိုတာ မကုန်သင့်တာမကုန်အောင်လုပ်တာ။ ကပ်စီးနည်းတယ်ဆိုတာ ကုန်သင့်တာမကုန်အောင်လုပ်တာ။ ကုန်သင့်တာ မကုန်အောင်က သူများရဲ့ ပစ္စည်းကိုသွားသုံးမှရတော့မှာပေါ့။
ဂျပန်က ဇီဇ၀ါပန်းတွေက အရမ်းကြီးပြီး အရမ်းပွင့်တယ်။ အဲ့ဒီပန်းတွေကိုသွားခူးပြီး ဘုရားတင်မလို့တဲ့ ။ Public ကပန်းတွေကိုဘယ်သူမှ မခူးဘူး၊ ခူးရင်လည်း သိသာတယ်။ ဆိုင်ကပန်းဝယ်ရင် စက္ကူလှလှနဲ့ပတ်ပြိး ဖဲပြားနဲ့ချီးပေးတာလေ။ ဂျပန်မှာက ကြီးတဲ့အပင်ကိုသေးအောင်လုပ်ပြီး၊ ငယ်တဲ့အပင်ကိုကြီးအောင်လုပ်ကြတယ်။ ဂျပန်ရောက်နေတဲ့ Ph.D ကျောင်းသူတစ်ယောက်က ခရမ်းရောင် အမွေးဖွါးဖွါးနဲ့ပန်းကိုပြ့ပီးသိလားလို့မေးတယ်။ မြင်ဘူးသလိုလိုနဲ့ဘာပန်းမှန်းမသိဘူး။ ခွေးသေးပန်းပွင့်တွေကိုကြီးအောင်လုပ်ထားတာတဲ့။
ဂျပန်မှာ ကိုယ့်ကိုယ်သတ်သေတာအလွန်များတယ်။ သူတို့ကနည်းနည်းလေးပြဿနာဖြစ်တာနဲ့ သတ်သေကြတယ်။ ကျမတို့ရောက်နေတုံး အမျိုးသမီးတစ်ယောက်က ယောက်ျးနဲ့ရန်ဖြစ်လို့။သူ့သမီး၂ ယောက်ကလဲလိုက်သတ်သေကြတယ်။ သူတို့က သေပြီး ရရက်ကြာရင်လူပြန်ဖြစ်တယ်လို့ယုံကြတယ်လေ။ ခေါင်းကိုပလပ်ဆတစ် ၂ အိပ်စွတ်ပြီး လည်ပင်မှာချီးလိုက်ကြတယ်။ တကယ်သေချင်လို့သာ ဒီလိုသေကြတာပါ။ သေခါနီးရင် ကြောက်လိုဖြစ်ဖြစ် မသေချင်တော့ရင် နောက်ပြန်ဆုတ်လို့ရတာပဲ။ ကျမ မေ၇ာက်ခင်ကတောင် Ph.D ကျောင်းသူတစ်ဦးဂျပန်နည်းနဲ့သတ်သေသွားတယ်။ ထုံန်စံအတိုင်းမြန်မာပြည်က မိန်းခလေးတွေကိုဂျပန်ကို Ph.D ကျောင်းသူအနေနဲ့မလွှတ်ဖူးဆိုတဲ့အမိန့်ထုပ်ပြီး Ph.D လုပ်ဖို့ရောက်နေတဲ့ ကျောင်းသူတောင်
Ph.D မယူရဘဲ ပြန်သွားရတယ်။ဂျပန် Ph.D ကလည်း အနည်းဆုံး ၅ နှစ်လုပ်ရတယ်။ ဘာလို့လဲဆိုတော့ ဂျပန်လို့စာတမ်းရေးရ ၊ဖြေရတာမို့ ဂျပန်စာသင်နေရတာနဲ့တင်အချိန်တော်တော်ကုန်တယ်။
ဂျပန်စာက သုံးမျိုးရှိတယ်။ နေ့စဉ်သုံးတာက ဟီတကတ၊ နိုင်ငံခြားစကားတွေယူသုံးထားတာကဟတ်တာကတ၊ တရုပ်စာင လာတဲ့ ခန်းကြီး။ ဟီတကတက မြန်မာတွေအတွက် အသံထွက်ရလွယ်တာ sentence construction လဲ မြန်မာနဲ့တူတယ်။ vocabulary ပဲကျက်ဖို့လိုတာ။ ဂျပန်မှာ -း တို့ -့ အသံတို့မရှိဘူး။ ကျမနံမည်ကို စိုစို လို့ခေါ်ကြတယ်။ တော်သေးတယ်အခြောက်မဖြစ်လို့။ ဂျပန်တွေက ကြွက်နဲ့ ပင့်ကူးပေါင်းတားသလားတင်ရတယ်။
ဂျပန်မှာ ပိုင်ရှင်တစ်ဦးတည်ပိုင်တဲ့ supermarkets တွေ၊ ဟော်တည်တွေကိုနံမည်တစ်ခုထဲ ထားကြပါတယ်။ ရန်ကုန်ကလာတဲ့သူတွေက ကျမကိုဆက်သွယ်ဖို့ center မှာ message ထားခဲ့ကြပါတယ်။ ဥပမာ သမတဟော်တည်မှာရောက်နေပါတယ်လို့ပဲ မှာခဲ့တယ်။သမတဟော်တည်ဆိုတာရန်ကုန်မှာတစ်ခုတည်းရှိပေမဲ့ ဂျပန်မှာတော့ ရပ်ကွက်တိုင်းမှာရှိတာမို့ ကျမအနေနဲ့ရပ်ကွက်တိုင်းက သမတဟော်တည်ဆိုတာတွေကိုဖုန်းဆက်ရပါတော့တယ်။
တနင်္ဂနွေတစ်နေ့မှာ မြန်မာအဖွဲ့တွေနဲ့ လမ်းပိတ်ဈေးကိုရောက်ကြတယ်။ ဂျပန်ဈေးသည်တစ်ဦးက ၅၀ % ချတယ်လို့အောက်နေတာနဲ့သူ့ဆီကပစ္စည်းတွေရွေးနေတုံး ပိုက်ဆံပေးဖို့အတင်းတောင်းပါတယ်။ ကျမတို့လဲ ပေးမှာပေါ့ ဘာဖြစ်တာလဲပေါ့။ နောက်မှသိတယ် သူက လူလာအောင် ၅၀% ကို ပထမ ၁၅ မိနစ်ပဲချတာ။ ဒါကြောင့် ပိတ်ဆံတောင်းနေတာ။ နောက်ပိုင်းဝယ်ရင် အပြည့်ပေးရမှာ။
ဂျပန်က supermarkets တွေက တစ်နေ့ထဲအတူတူမပိတ်ဘူး။ ရက်ရွေးပိတ်တယ်။ ရပ်ကွက်တစ်ခုမှာ တစ်ဆိုင်ဆိုင်က အမြဲဖွင့်အောင်လို့။ အသီးအရွက်တွေကို ဆိုင်မပိတ်ခင်တစ်နေ့ ညနေပိုင်းဆို ၅၀-၇၀ % လျော့ရောင်းတယ်။ နောက်ပြီး expired date နီးတဲ့ ဆီစတာတွေဆိုရင် ၂၀ % လောက်လျော့တယ်။ ဈေးလျော့တဲ့ပစ္စည်းကို တန်းပေါ်ကနေအောက်ကိုချထားတယ်။ ရန်ကုန်မှာ expired date တောင်မပါတဲ့ဆီတွေစားနေရတာမို့ expired date နီးတာတွေပဲရှာဝယ်ကြပါတယ်။ ဂျပန်မှာ အသီးအနှံက အသားထက်ဈေးကြီးတယ်။ မြန်မာကျောင်းသားတစ်ယောက်ကကြက်သားကိုဈေးသက်သာအောင် အားလူးနဲ့ရော်ချက်တယ်။ တကယ်က အားလူးက ကြက်သားထက်ပိုဈေးကြီးတာ။ စားသောက်ဆိုင်တွေမှာသက်သာလွတ်မှာရင် အသားဟင်းထက်ဈေးပိုကြီးတယ်။ အဲ့ဒီပညာတော်သင်က ပထမ ၃ လမှာ ခေါက်ဆွဲထုပ်ကြီးနေ့တိုင်းစားပြီး။ သူနေရတာ တစ်မျိုးပဲ ကိုယ်ကပေါ့နေတယ်တဲ့။ ခေါက်ဆွဲထုပ် (ကဆီဓါတ်) ထဲဘာအသီးအရွက်၊အသား၊ကြက်ဥ၊ စတာတွေမပါလို့ အာဟာရမဖြစ်တာပါ။
ဂျပန်မှာ ဆန်ကဈေးကြီးလေ စီးလေပဲ၊ ရှမ်းဆန်နဲ့တူတယ်။ တူနဲ့စားတာဆိုတော့ ညှပ်လို့ကောင်းတာပေါ့။ ဆူရှီလဲလုပ်လို့ကောင်းတယ်လေ။ ကျမတို့အတွက်တော့ ဈေးပေါ်တဲ့ဆန်ကပိုအစဉ်ပြေတယ်။ ဈေးပေါ်တော့ပိုကောင်းတာပေါ့။ ဂျပန်မှာ မြေကြီးအောက်မှာ ကျောက်တွေရှိတာများပြီး စိုက်လို့ရတဲ့နေရာရှားတယ်။ အစားအသောက်တော်တော်များများက နိုင်ငံခြားကသွင်းရတာ။ ဆန်ကတော့ အစိုးရကတမင်စိုက်ခိုင်းတယ်။ စစ်ဖြစ်ရင် မငတ်အောင်လို့။ ဆန်စိုက်တဲ့လယ်သမားတွေကချမ်းသာတယ် ဒါပေမဲ့ ဂျပန်မတွေကတောတွေမှာမနေချင်ဘူး မြို့ပေါ်တက်ကြလို့ လယ်သမားတွေအတွက်နိုင်ငံခြားကမိန်းခလေးတွေနဲ့အောင်သွယ်ပေးတဲ့ Profession တွေရှိတယ်။ တောနယ်မှာနေရတဲ့အပြင် ယေက္ခမကလဲ ခလေးမွေးတဲ့အထိခိုင်းလို့
နိုင်ငွခြားသူမိန်းမတွေထွက်ပြေးကြတယ်။
ဂျပန်ကရေမွေးဆိုင်တွေက အနံ့စမ်းချင်တယ်ဆိုရင် ဆိုင်ကကောင်မလေးတွေကသူတို့လက်ခုံပေါ်စွတ်ပြီးပေးနမ်းလို့ တစ်ချို့ ရေမွေးဆိုင်လျောက်လည်ကြတယ်။
supermarkets အောက်ဆုံးထပ်မှာ စားစရာဆိုင်တွေပဲရှိတယ်။ ဆိုင်ရှေ့မှာမြည်းဖို့ချထားတယ်။
တစ်ချို့က အဲ့ဒီမှာ တစ်ဆိုင်ပြီးတဆိုင် မြည်းရင်နဲ့ဗိုလ်ဖြည့်ကြတယ်။
စက်တွေကနေ ရေခဲမုန့်ကအစ စားစရာအစုံဝယ်လို့ရတယ်။ ရေခဲမုန့်က ရမ် ၁၀၀ ပဲကျတယ်။အလွန်အရသာရှိတယ်။ချိုဆိမ့်နေတာ။ တစ်ယောက်က လက်နဲ့လုပ်တဲ့ေ၇မဲမုန့်သွားစားဖို့အဖေါ်စပ်တာနဲ့လိုက်သွားတယ်။ တစ်ခုကို ၅၀၀ ရမ်ပေးရတယ်။ လက်နဲ့လုပ်တဲ့ ရေခဲမုန့်ဆိုတာ ကျမတို့စားနေကြ ရေခဲဆုပ်ဖြစ်နေတယ်။ ဂျပန်မှာ လုပ်အားခကဈေးကြီးတော့ လက်နဲ့လုပ်တာဆိုဈေးကြီးတာကြီးပဲ။ Nihon University ရောက်စနေ့က စာရေးမလေးက ကော်ဖီသောက်ဖို့မတ်ခွက်တွေလိုက်ပြပြီးကြိုက်တဲ့ခွက်ယူသုံးနိုင်တယ်တဲ့ အားလုံးက အလွန်လှပြီးသပ်ရပ်တယ်။ ဒါပေမဲ့ တစ်ခုကတော့ မညီမညာ၊မလှမပ တဲ့ ဆင့်ရည်သုပ်ထားတဲ့ ခွက်။အဲ့ဒါတော့ မသုံးနဲ့တဲ့ ပေ၇ာ်ဖက်စာကိုယ်တိုင် ဆင့်လုပ်တဲ့ဆီမှာကိုယ်တိုင်လုပ်ထားတဲ့ ခွက်မို့လို့တဲ့။
တိုကျိုကမြေဈေးကအလွန်ဈေးကြီးတယ်။ဒေါလာခင်းဝယ်ရလောက်အောင်ဈေးကြိးတယ်တဲ့။ ကျမ research လုပ်မဲ့ အသဲရောဂါ virus ကဓါတ်ခွဲခန်းက ပူးတွေ၊ကြွက်တွေ၊ယုံတွေမှာရောဂါမဖြစ်ဘဲ မျောက်တွေမှာပဲရောဂါဖြစ်တယ်။ မျောက်တွေထားဖို့ တိုကျိုမှာနေရာမရှိတာနဲ့ မျောက်တွေထားတဲ့ အိုဟီးရာကျွန်းလေးကိုကျမ တစ်လသွားရတယ်။အဲ့ဒီမှာ JICA center မရှိလို့ဟော်တည်မှာနေရတယ်။Ph.D မြန်မာကျောင်းသားတွေပြောထားလို့ western type hotel တောင်းထားလို့ ရေချိုးခန်းနဲ့အိမ်သာပါတဲ့ အခန်းရတယ်။ ဂျပန် type တွေကေ၇ချိုးကန်က common။ စစ်အတွင်းက ဂျပန်လိုရေချိုးတယ်ဆိုတဲ့ စကားတွင်သွားသလို ဂျပန်တွေက ကိုယ်လုံးတည်းချိုးတာ။ ရေချိုးကန်ထဲကိုအ၀တ်ဝတ်ပြီးမ၀င်ရဘူး။ တခါက မြန်မာကျောင်းသားတစ်ယောက်ရေချိုးကန်ထဲ ၀င်ရမှာရှက်တာနဲ့ မျက်နှာသုပ်ပုဝါနဲ့ပတ်ထားပြီး၊မျက်နှာသုပ်ပုဝါခွါပြီး ကန်ထဲအမြန်ခုန်ချလိုက်တယ်တဲ့ ဒါပေမဲ့ရေကသူထင်သလိုမအေးပဲ ပူနေတာ (၃၀-၅၀ C) နဲ့အပြင်ကိုပြန်ခုန်တက်ခဲ့တာနဲ့ နှစ်ခါရှက်ခဲ့ရတယ်တဲ့။
No comments:
Post a Comment