:include data='blog' name='google-analytics'/>

Thursday, June 14, 2018

အသဲရောင်အသားဝါရောဂါ

 အသဲရောင်အသားဝါရောဂါ (Hepatitis) ဆိုတာ နာမည်မှာပါတဲ့ အတိုင်းအသဲရောင်လို့ အသားတွေဝါ လာတဲ့ရောဂါပါ။  ဒီ ရောဂါက ဗိုက်ရပ်စ် (Virus) လို့ခေါ်တဲ့ပိုး ကြောင့်ဖြစ်တာပါ။ ဒါကြောင့်တစ်ဦးက တစ်ဦးကို ကူးဆက် တတ်လို့ကူးဆက်ရာဂါ စာရင်း (Infectious Diseases) ထဲမှာပါ ပါတယ်။

     အသဲရောင်အသားဝါရောဂါဖြစ်စေတဲ့ ဗိုက်ရပ်စ် ပိုးငါးမျိုးရှိပါတယ်။အေ၊ ဘီ၊ စီ၊ ဒီ၊    အီး လို့အမည်ပေးထားပါတယ်။ (အပ်နဲ့ဂျီ လို့အမည်ပေးရမဲ့ နောက်ထပ် ပိုးနှစ်ကောင်လည်း ထပ်တွေ့ ထားတယ်လို့ သိရပါတယ်)။

   အေနှင့်အီးဗိုင်ရပ်စ်ပိုးတွေကအစာလမ်းကြောင်းက၀င်ပါတယ်။ ဒါကြောင့် (Fecaloral route) ၀မ်းမှ  ပါးစပ်သို့ကူးသောအခြားသော ရောဂါများ ကဲ့သို့ မသန့်ရှင်းသောရေနှင့် အစာများ၊ ရင်နားသောအစာများ စားခြင်းကြောင့်ရောဂါဖြစ်ပါတယ်။

 ပိုးပါသောရေ (၀ါ) အစာများကိုလူအများ တစ်ပြိုင်တည်းစားမိလျှင် လူများစုကို တစ်ပြိုင်တည်း ရောဂါဖြစ်စေပါတယ် (epidemic) အက်ပီဒဲမစ် ဟုခေါ်ပါတယ်။

  အက်ပီဒဲမစ်ဖြစ်လျှင် ၀မ်းမှပါးစပ်သို့ကူးသော အသဲရောင်ရောဂါဖြစ်ကြောင်းသိ ရပြီး၊ရောဂါပိုး စတင်ပြန့်ရာ နေရာကို ရှာရပါမည်။ အစား အသောက်ဆိုင်မှ လည်း လူများစုကို ကူးဆက်ပြန့်ပွါး နိုင်ပါတယ်   

ဘီ၊စီ နှင့် ဒီ ဗိုင်ရပ်စ် ပိုးများက တော့ကိုယ်ထဲကို ထိုးသွင်းလိုက်မှသာ ရောဂါဖြစ် ပါ တယ်။အဲ့ဒီလို သွေးထဲသို့ ထိုးသွင်းခြင်း ဖြင့်ကူးဆက်သော ရောဂါများကို အင်ထရာဗီနက်စ် အကြောမှ (Intravenous route) ၀င်သောနည်း ဟုခေါ်ပါ တယ်။

   ဒီပိုးမှာ ဘီပိုးရဲ့ အကူအညီရမှ ပွါးနိုင်ပါတယ်။သူတစ်မျိုးထဲကြောင့် ရောဂါမဖြစ်နိုင်ပါ ဘူး။ဒါကြောင့် တကယ်ကဘီနဲ့ စီရောဂါနှစ်မျိုးလို့ပြောရမှာပါ။

အကြောမှဝင်သောနည်းဖြင့်ကူး ဆက်သဖြင့် ပိုးပါသောဆေးထိုးအပ်များကြောင့် ရောဂါကူးပါတယ်။ နံပါတ်ဖိုးထိုးသော လူများမှာ ရောဂါရှိသူနဲ့ ဆေးထိုးအပ် တစ်ခုထဲ သုံး  လျှင် ထိုးသည့် လူစုအား လုံးကိုကူးပါတယ်။

      ဘီပိုးက အပူဒဏ်ကိုခံနိုင် ပါတယ်။ဘီပိုးပါတဲ့ ဆေးထိုးအပ်ကို အနည်းဆုံး ၁၀၀ ဒီဂရီ ဖါရင်ဟိုက်၊တစ်နည်း ဆူနေတဲ့ရေမှာ မိနစ် ၂၀ တိတိပြုတ်မှ ပိုးသေပါတယ်။

    မသန့်ရှင်းသော အပ်များဖြင့် နားဖေါက်ခြင်း၊ဆေးမှင်ရေထိုး ခြင်း၊သွားနှုတ်ခြင်း၊         ခေါင်းရိတ်ခြင်း၊ စသည်တို့မှလည်း ကူနိုင်ပါတယ်။ တစ်ခါသုံးအပ်များ၊ ဓါးများ သုံးခြင်းဖြင့် ရောဂါကူးခြင်း မှကာကွယ်နိုင် ပါတယ်။ ပိုးပါသောသွေး များသွင်းခြင်းမှ လည်း ကူပါ တယ်။ ဒါကြောင့် သွေးများကို ပိုးပါမပါ စစ်ဆေးပြီးမှသွေးသွင်း ကုသခြင်းပြုရပါတယ်။

     မသန့်သောအပ်များ အပြင်ရောဂါရှိသူနှင့် လိင်ဆက်ဆံခြင်းဖြင့်လည်း အေ၊ ဘီ၊ စီ၊  ဒီ၊ ပိုးများ ကူးဆက်နိုင်ပါတယ်။ ဒီနည်းဖြင့်ကူးခြင်းကိုကာကွယ်ရန်ကွန်ဒုံး (condom) များကို အသုံးပြုရပါမယ်။

အသဲရောင်ပိုးအားလုံး အစာလမ်းကြောင်းမှ ၀င်သည်ဖြစ်စေ၊ အကြောမှ ၀င်သည် ဖြစ်စေ၊ လိင်အင်္ဂါမှ ၀င် သည်ဖြစ်စေ။ အသဲဆီသို့ရောက်ပါတယ်။ အသဲမှာ ပိုးတွေ ပွါးများ လာပြီး၊ အသဲဆဲများကို ဖေါက်ခွဲ ထွက်လာတာကြောင့် အသဲရောင် ရောဂါဖြစ်ပါတယ်။ ပိုးဝင်ပြီး ၁-၂ ပတ်မှာ ရောဂါ လက္ခဏာများ ပေါ်လာပါတယ်။

     အစတွင် သာမန်ဖျားခြင်း၊ ပျို့အံ့ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ဗိုလ်နာခြင်း၊         ကိုယ်လက် ကိုက်ခဲခြင်း၊ နွမ်းနုယ်ခြင်း များဖြစ်ပါတယ်။နောက်ပိုင်းတွင် အ၀ါရောင်” ပေါ်လာပါတယ်။

    အချို့သူများမှာ လုံးဝ ရောဂါလက္ခဏာ မပေါ်ပါဘူး (Asymptomatic) လို့ခေါ် ပါ တယ်။ အဲ့ဒီလူ များဟာ ရောဂါလက္ခဏာပြသူများလိုပဲ အခြားသူများကို ရောဂါကူး ဆက် စေနိုင်ပါတယ်။

    အသဲ ရောင်ရောဂါ အေနဲ့ အီး ဖြစ်တဲ့လူနာများဟာ အ၀ါရောင်” မပေါ်လာခင် အချိန်မှာ ပိုပြီး ရောဂါပိုး တွေထုတ်တာမို့ အဲ့ဒီအချိန်မှာ ရောဂါပို ကူးလွယ်ပါတယ်။

    အသဲက သွေးဥနီအသေ တွေကထွက်လာတဲ့ ဟီမိုဂလိုဘင် (hemoglobin) တွေကို အ၀ါရောင် ဘီလင်ရူဘင် (Bilirubin) အဖြစ်သို့ ပြောင်းပြီး ၀မ်းမှတဆင့် ကိုယ်ထဲမှ ထုတ်ပြစ်ပါတယ်။

     အသဲ ရောင်ပိုးကြောင့် အသဲဆဲများ ပျက်စီးကုန်တာ ကြောင့် အ၀ါရောင် ဘီလင် ရူဘင် တွေကို ကိုယ်မှမထုတ်နိုင်တော့ပဲ ကိုယ်ထဲမှာ အ၀ါရောင်ဘီလင်ရူဘင် တွေများလာလို့ ၀ါ လာတာပါ။ အ၀ါ ရောင်ကို အရေပါးသော အာခေါင်နဲ့ အဖြူရောင် မျက်လုံး နေရာ များမှာ စတင်တွေ့ရပါတယ်။ နောက်ပိုင်းမှာ အသားတွေပါ  ၀ါ ” လာပါတယ်။

     အသားမှာရှိတဲ့ ဘီလင်ရူဘင် တွေကြောင့် ယားယံခြင်း ဖြစ်တတ်ပါတယ်။ ဘီလင်ရူဘင်အလွန်များ သော လူနာများမှာ ဆနွင်းလိမ်းထား သလား ထင်ရလောက်အောင် တစ်ကိုယ်လုံး ၀ါ ” တတ်ပါတယ်။

     လူကောင်းတွေရဲ့ အ၀ါနုရောင် ဆီးဟာ ဘီလင်ရူဘင် ကြောင့်ပါ။ အသဲရောင် လူနာ တွေမှာ ပိုများနေတဲ့ ဘီလင်ရူဘင်များ ဆီးမှထွက် လာတာကြောင့် ဆီးလည်း နဂိုအရောင် ထက်ပို ၀ါ ” လာပါ တယ်။

    လူကောင်းတွေရဲ့ အ၀ါရောင် ၀မ်းဟာလည်း ဘီလင်ရူဘင်ကြောင့်ပါ။ အသဲရောင် လူနာ တွေမှာ အသဲက ဘီလင်ရူဘင်တွေကို ၀မ်းက မထုတ်နိုင်တာ ကြောင့် ၀မ်းက အဖြူ ရောင်ဖြစ်လာပါတယ်။

     ဗိုက်ရပ်စ်(Virus) ပိုးတွေကို သတ်နိုင်တဲ့ ဆေး (interferon and ribavirin) တွေ      က ဈေးကြီးပြီး၊ ဘေးထွက် ဆိုးကျိုး တွေများ တဲ့အပြင်၊ကုသသူ ၄၀-၅၀ % မှာသာ သတ်နိုင် တာ မို့ရောဂါ ဆိုးရွားသူများ၊ခလေးရလိုသူများ မှာသာ အသုံးများပါတယ်။ ဗိုက်ရပ်စ်(Virus) ပိုးက အမေဆီကနေ သန္ဓေသားဆီ ကူးသွားနိုင်ပါတယ်။

      ဖြစ်သမျှအရာ အားလုံး ပျက်ရတဲ့သင်္ခါရ တရားအတိုင်း အသဲရောင် အသားဝါ ရောဂါပိုး တွေလည်း အချိန်တန်တော့ သေကြပါတယ်။ အဲ့ဒီ အခါလူနာ နေကောင်း သွား ပါတယ်။ အရေး ကြီးတာက ဗိုက်ရပ်စ် (Virus) ပိုးတွေ ကိုယ်ထဲမှာ ပွါးနေတဲ့ အချိန်မှာ            လူနာ မသေအောင်နဲ့ လူနာ သက်သက်သာသာ နေနိုင် အောင် (Symptomatic           treatment)  ရောဂါ လက္ခဏာကို ကုသခြင်းလို့ခေါ်တဲ့ ကုသမှုမျိုးများ ပြုရ ပါတယ

       ဗိုက်ရပ်စ် (Virus) အေနဲ့ အီးပိုးတွေက ရောဂါ မပြင်းထန်ပါဘူး။အသေအပျောက်လဲ  နည်းပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးများ မှာသာ ကိုယ်ခံအား ကျဆင်းနေတာ ကြောင့် အသေအပျောက်နှုန်း ၂၀% အထိဖြစ်နိုင်ပါတယ်။ ရောဂါပျောက် သွားတဲ့ သူတွေ  ဟာ လုံးဝ လူကောင်း ဖြစ်သွားပြီး နာတာရှည် ပိုးသယ်ဆောင်သူများ မဖြစ်တဲ့အပြင် နောက်တခါ ရောဂါဖြစ်ခဲ့တဲ့ ဗိုက်ရပ်စ်ပိုးဝင်လာရင် တောင်ရောဂါ မဖြစ်တော့ ပါဘူး။ဥပမာ၊            အေဗိုက်ရပ်စ်ကြောင့် အသဲရောင်ရောဂါ ဖြစ်ဖူးတဲ့သူဟာ အေဗိုက်ရပ်စ်ကြောင့် အသဲရောင်ရောဂါ ထပ်မဖြစ်တော့ ပါဘူး။ အီး ဗိုက်ရပ်စ်လည်း အတူတူပါ ပဲ။တစ်ခါရောဂါဖြစ်  ပြီးရင် နောက်ထပ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

     ဘီပိုးဟာ စီပိုးထက် ဆယ်ဆ ပိုးကူးစက်လွယ်ပါတယ်။ ဘီလူနာရဲ့ ၅-၁၀% လောက် မှာ နာတာရှည်  ဘီပိုး သယ်ဆောင်သူများဖြစ်ပြီး၊စီ ပိုး ကတော့ ၈၅% အထိ နာတာရှည် စီ ပိုးသယ် ဆောင် သူများဖြစ်ပြီး၊ပိုးနှစ်မျိုးလုံး ဟာ ကြာလာတဲ့အခါ အသဲခြောက်ရောဂါ (Cirrhosis)နဲ့ အသဲ ကင်ဆာဖြစ် နိုင်ပါတယ်

မွေးစအချိန်တွင်ဘီပိုးကူးဆက်ခံရပါက ၇၀-၉၀% အထိ နာတာရှည် ဘီပိုး သယ် ဆောင်သူဖြစ်နိုင်ပါ တယ်။ဒါကြောင့် ဘီပိုးရှိသူမိခင်ကမွေးသော ခလေးငယ်များ ကိုမွေးမွေး ချင်းမှာကာကွယ်ဆေးထိုးပေးရပါတယ်။

အေဗိုက်ရပ်စ်ပိုးအတွက်နဲ့ ဘီ ဗိုက်ရပ်စ်ပိုးအတွက်ရောဂါမဖြစ် အောင် ကာကွယ် နိုင်တဲ့ ကာကွယ်ဆေး တွေရှိပါတယ်။မြန်မာပြည် ဆေးသုတေသန  (ရန်ကုန်) မှာ ဘီ ပိုး အတွက်ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကာကွယ်ဆေးထိုး ပေးပါတယ်။

  ဘီးပိုး ကာကွယ်ဆေးကို သွေးများကိုင်တွယ်ရတဲ့ ဆရာဝန်၊ဆရာမ၊သွားဆရာဝန်၊ ဓါတ်ခွဲခန်းဝန်ထမ်း၊ ဆေးရုံဆေးခန်းဝန်ထမ်း၊ အကြောဆေးထိုးသည့်ဆေးဆွဲသူများ၊လိင်နဲ့ ပိုက်ဆံရှာသူ စသည့် ဘီပိုးကူဆက်နိုင်သည့် သူများကို ရောဂါမကူးအောင် ထိုးခြင်းဖြစ်ပါ တယ်။ ဘီပိုးရောဂါ ဖြစ်နေသူ၊ဘီ အန်တီဂျင် (B antigen) ရှိနေသူတွေကို ထိုးလို့ ကောင်း  ကျိုး မရနိုင်ပါဘူး။ အသားနာရုံ၊ ဆေးဖိုးကုန်ရုံ သာ ဖြစ်ပါတယ်။

    ဘီပိုးက လိင်ဆက်ဆံခြင်းဖြင့်ကူးနိုင်တာမို့ ရောဂါရှင်နဲ့ လိင်ဆက်ဆံတဲ့ အိမ်ထောင်ဖက်သာ ဘီပိုးမကူးသေးဘူး၊ ကာကွယ်အားလည်း မရှိသေးဘူးဆိုမှ ထိုးဖို့လိုတာပါ။ တစ်အိမ်ထဲမှာ နေသူအားလုံး လိုက်ထိုး စရာမလိုပါ။ သာမန် မိသားစုဆက်ဆံရေး ကြောင့် ဘီပိုးမကူးပါဘူး။ ခြင်တို့ ဂျပိုးတို့ ကိုက်လို့ လဲမကူးပါဘူး၊ ရေအိမ်မှလည်း မကူးပါဘူး။ စီဗိုက်ရပ်စ်ပိုးအတွက်တော့ ကာကွယ်ဆေးမပေါ်သေးပါဘူး။

      အလျှင်းသင့်လို့ ကာကွယ်ဆေး (vaccine)တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးပြောချင်ပါတယ်။ ကာကွယ်ဆေး တော်တော်များများ ဟာ၎င်းတို့ရဲ့ ရောဂါကာကွယ်နိုင်တဲ့ အာနိသင်ရှိဖို့အတွက် ကာကွယ်ဆေးကို ထုတ်လုပ်တဲ့ အချိန်ကစပြီး လူနာကိုထိုးတဲ့         အချိန်အထိ ၄ ဒီဂရီမှာ တောက်လျှောက် ထားရပါတယ်။

    နိုင်ငံခြားက မှာယူတဲ့ ကာကွယ် ဆေးတွေဆိုရင် သယ်ယူရာ လမ်းတစ်လျှောက်မှာ ၄ ဒီဂရီနဲ့ (Cold chain) သယ်ရ ပါ          တယ်။ အဲ့ဒီလိုသယ်ရင် ဆေးသယ်ယူခက ဆေးဖိုးထက် ၁၀ ဆ မကဈေး ကြီးပါတယ်။ ကိုယ်ထိုးတဲ့ ကာကွယ်ဆေး အာနိသင်ရှိ မရှိဆိုတာ ဆေးရောင်းသူနဲ့ ထိုးတဲ့ ဆရာဝန်ပဲ သိနိုင်ပါတယ်။ လူနာကတော့ ဆရာဝန်ပြောသမျှပါပဲ။ မြင့်မြတ်တဲ့ပညာ တွေနဲ့မြင့်မြတ်တဲ့အလုပ်တွေ လုပ်နိုင်ကြပါစေ။

(Symptomatic treatment) ရောဂါ လက္ခဏာကုသ ခြင်း။

အရေးအကြီးဆုံး ရောဂါ သက်သာစေတဲ့ ကုသမှုတွေ ကတော့ ရောင်နေတဲ့ အသဲ ကိုအနား ပေး ခြင်းပါပဲ။

၁။ ကိုယ်ခန္ဓာကို အနားပေးတဲ့ အနေနဲ့ အိပ်ရာမှာ နားနားနေနေ နေပါ။ကိုယ်လက် လှုပ်ရှားတာမျိုး ပင်ပန်းတဲ့ အလုပ်မျိုးလုပ်ရင် ကြွက်သား တွေကအဆိပ်တွေ ထွက်ပါတယ်။ အဲ့ဒါတွေကို အသဲက အဆိပ်ဖြေ ပေးရပါတယ်။

၂။စိတ်ကိုလည်း အနားပေး ရပါမယ်။ စိတ်မချမ်းသာ စရာ တောင်တောင်အီးအီး တွေးပြီး စိတ်ပူပန်မှု များကို ရှောင်ရ ပါမယ်။စိတ်ပင်ပန်း မှုကြောင့် အဆိပ်ဓါတ်တွေ ထွက်ပါတယ်။

၃။ဆီ(Fat) များကို ချေချက်ဖို့ အသဲမှ အစာချေဓါတ်များ ထုတ်ရပါတယ် ဒါကြောင့် အဆီ         များတဲ့ အစာများ ရှောင်ရပါမယ်။

၎။  အရက်နဲ့ စီကရက်များကို အသဲမှာ အဆိပ်ဓါတ်ဖျက် ရတဲ့အပြင်၊ အရက်နဲ့စီကရက်ကြောင့် အသဲရောင် နိုင်တာမို့ အရက်နဲ့စီကရက်ကို ရှောင်ရပါမယ်။

  ၅။ သကြားနဲ့ ဗီတာမင် ပါသော အစားအသောက်များ၊ ဆေးများ စားပေးရပါမယ်။ကိုယ် ခန္ဓာမှာ သကြားဓါတ်နည်းရင် အသဲက ကိုယ်ထဲမှာ ရှိနေတဲ့ အသားဓါတ်နဲ့ အဆီဓါတ် များ ကိုသကြား ဓါတ်အဖြစ် သို့ပြောင်းလဲပေးရပါတယ်။ သကြားဓါတ်ပါ သောထန်းလျက်ခဲ၊ ကြံ စသည်များကို သကြားအစား စားသုံး နိုင်ပါတယ်။

၆။ပါးစပ်မှ လုံလောက်သော အစားအသောက်များ စားသောက်နိုင် လျှင် အကြောမှ ထိုးရန် မလိုပါ။

၇။အ၀ါရောင် ဘီလင်ရူဘင်တွေ ဆီးထဲက ထွက်သွားအောင် ရေများများ သောက်ခြင်း၊        သံပုရာရေ၊ လိမ်မော်ရေ သောက်ခြင်းများ အားပေးရ ပါမယ်။

၈။ပျို့အံသော သူများမှာ အကြောမှ Glucose နှင့် vitamins များသွင်းနိုင်ပါတယ်။

၉။ရောဂါအခြေအနေ သိရန်၊ နံနက်တိုင်း ဆီးကိုပုလင်း အဖြူရောင် သန့်သန့်တွင် သွားပြီး၊           ဆီးအရောင်နဲ့ လုံလောက်သောပမာဏ (Volume) ထွက်မထွက် ကြည့် ရပါမယ်။ ရောဂါ သက်သာ လာတာနဲ့ အမျှ ဆီးအရှောင်ဖျော့ လာပါတယ်။

၁၀။ဆိုးဆေးပါသော အစားအစာများ ဥပမာ ငရုပ်ဆီ၊ အရောင်ဆိုးထားသော မုန့်များကို         ရှောင်ရပါမယ်။ ဆိုးဆေးတွေကို အသဲက ဖျက်ဆီး ပေးရပါတယ်။တစ်ချို့ ဆိုးဆေးတွေက အသဲကင်ဆာ ဖြစ်စေပါတယ်။

 

No comments:

Post a Comment