:include data='blog' name='google-analytics'/>

Thursday, June 14, 2018


အိပ်(စ်)ရောဂါ (Acquired immune deficiency syndrome AIDS) ကတော့ ခေတ်ပေါ် ရောဂါမို့ ခေတ်မှီသူတိုင်း သိကြပါတယ်။ အမေရိကန်နိုင်ငံ Los Angles မှာ 1981 June 5 ရက်မှာ လိင်တူဆက်ဆံ တဲ့ အခြောက် (၅) ယောက်မှာ စတင်ဖြစ်ပွါး ပါတယ်။ မြန်မာ နိုင်ငံကို ၁၉၈၂ နှစ်မှာသင်္ဘောသားတစ်ဦးက အကောက်ခွံမဲ့ တင်သွင်းလာခဲ့ပါတယ်။

      ဒီရောဂါက (virus) လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ပိုးကြောင့်ဖြစ်ပြီး လူတွေရဲ့ခုခံကာကွယ်ရေး တပ်သား တွေဖြစ်တဲ့ သွေးဥဖြူတွေထဲမှာ ပွါးများပါတယ်။ ဒီရောဂါပိုးက အရင်က  လူတွေမှာ မဖြစ်ပါဘူး။ Chimpanzee ခေါ် အာဖရိကမျောက်ဝံတွေရဲ့ ကိုယ်ထဲမှာနေတဲ့ ပိုးတွေပါ။ ဒါကြောင့် ဒီရောဂါပိုးကို မျောက်တွေထဲ ထိုးထဲ့ရင် အိပ်(စ်)ရောဂါ မဖြစ်ပါဘူး။

ခေတ်ဆန်လာတဲ့ လူတွေရဲ့ သဘာဝမဟုတ်တဲ့ နေထိုင်မှုတွေကြောင့်ပေါ်ပေါက်လာတဲ့ ခေတ်သစ်ရောဂါ ဆန်းတစ်ခုပါ။ ဒီရောဂါ စတင်ဖြစ်ပွါးစဉ်က လိင်တူဆက်ဆံတဲ့အခြောက်တွေ မှာ ဖြစ်တာတွေ့ရပါတယ်။ နောက်ပိုင်းမှာ လိင်မတူ ယောက်ျားမိန်းမအတွဲ(Hetrosexual) တွေ မှာပါ တွေ့လာ ရပါတယ်။ ဒါပေမဲ့ အဲဒီအတွဲတွေကလည်း သဘာဝနည်း အပြင်သဘာဝ မဟုတ်တဲ့ အခြောက်တွေလို စအိုကို အသုံးပြုကြလို့ ကူးဆက်ကြတယ်ဆိုတာတွေ့ရှိရပါတယ်။ စအိုဟာ သဘာဝ (မိန်းမကိုယ်) ထက် သွေးကြောနှစ်ဆ များပါ တယ်။ ၀မ်းကို ထိန်းထားနိုင်တဲ့ စပင်တာ (Spinter) ခေါ်တဲ့ကြွက်သားလည်းရှိတာမို့ သဘာဝလမ်းကြောင်း ထက်ပိုပြီးအားပြင်း ပါတယ်။ ဒါကြောင့် ရောဂါပိုမို  ကူးဆက်စေ ပါတယ်။
“ကာမငါးထွေ၊ ဆားငံရေသို့ ၊ သောက်လေ သောက်လေ၊ ငတ်မပြေ တည့်”  ဆိုသလို တဏှာရာဂဆိုတာ  “ရလေလိုလေ အိုတစေ”   မို့ ဉာဏ်ပညာနဲ့ ချွန်းမအုပ်လို့ ကတော့ ဘယ်တော့မှ အတော်သတ်မှာ မဟုတ်ပါဘူး။

AIDS ရောဂါဖြစ်စေတဲ့ပိုးကို (Human Immunodeficiency Virus HIV) လို့ ခေါ်ပါ တယ်။ ပိုးတွေကို လူနာရဲ့သွေးနဲ့ ကိုယ်ကထွက်တဲ့အရည်တွေ (secretions) မှာတွေ့ရပါတယ်။ အထူးသဖြင့် လိင်အင်္ဂါက ထွက်တဲ့ အရည်တွေမှာ များစွာ ပါရှိပါတယ်။ နို့၊တံတွေး၊ဆီး၊မျက်ရည် တွေမှာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ တံတွေး၊ ဆီး၊ မျက်ရည်တွေကတဆင့်ကူးဆက် ခံရတဲ့ ရောဂါသည်တော့ မပေါ်ပေါက် သေးပါဘူး။ များသောအားဖြင့် လိင်ဆက်ဆံခြင်း၊ (သဘာဝ နည်းရော၊ သဘာဝ မဟုတ်သော နည်းများ၊ ပါးစပ်နည်း အပါအ၀င်)၊သွေးသွင်းခြင်း၊ မသန့်ရှင်း သော ဆေးထိုးအပ်များ၊ သွားနုတ်ခြင်း စသည့် သွေးနှင့်ပတ်သက် သော ကုသခြင်းများ၊ဆေးမင် ရည်ထိုးခြင်း၊ နားဖေါက်ခြင်းများအပြင် ရောဂါရှင်လူနာမှ သန္ဓေသားအား ကူးခြင်း၊ နို့ဆို့ခလေး အား နိ့တိုက်သည့် ရောဂါသည်မှ ကူးခြင်းများ ဖြစ်ပါတယ်။

HIV ပိုးကနုနယ်ပါတယ် ကိုယ်ခန္ဓာအပြင်မှာ ကြာကြာ မရှင်နိုင်ပါဘူး။ ဒါကြောင့် လူတစ်ဦးက နောက် တစ်ဦး ရဲ့ သွေးထဲကို တိုက်ရိုက်ဝင်ရောက်မှသာ ကူးဆက် နိုင်ပါတယ်။

HIV ပိုးက လူ့ခန္ဓာရဲ့ ကာကွယ်ရေးဆဲတွေဖြစ်တဲ့ သွေးဥဖြူတွေထဲမှာ ၀င်နေတာမို့  ကျမတို့ခန္ဓာ ကိုယ်က HIV ပိုးတွေကို မတိုက်ထုတ် ပါဘူး။ သူ့လူ ကိုယ့်ဘက်သားတွေ ဖြစ်အောင် လုပ်ထားသလိုပါပဲ။ ဒီထက်ပို ဆိုးတာက သွေးဥဖြူတွေမှာ ပိုးတွေပေါက် ဖွါးခြင်း ကြောင့် သွေးဥဖြူများနည်းသွားခြင်း၊ သွေးဥဖြူများ အနေနဲ့ အခြားသော ရောဂါပိုးများနှင့် ကင်ဆာဆဲများကို မတိုက်ထုတ် နိုင်တော့ခြင်း တို့ကြောင့် သာမန် လူကောင်း တွေမှာ ရောဂါ မဖြစ်နိုင်တဲ့ ပိုးတွေကြောင့် ရောဂါ ဖြစ်ခြင်း (Opportunistic infections) နဲ့ကင်ဆာရောဂါများ ကြောင့် သေဆုံးကြရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ရောဂါပိုးတွေ ကျမတို့ ပတ်ဝန်းကျင် မှာ အလွန်များတာကြောင့်  HIV ပိုးရှိတဲ့သူတွေ ၀မ်းကိုက်ရောဂါ၊ အဆုတ်အအေးမိရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါတွေနဲ့ သေဆုံးကြတာတွေ့ရပါတယ်။

ဒီရောဂါအတွက် ကာကွယ်ဆေး (vaccine) မရသေးပါဘူး၊ ရောဂါပျောက်ဆေးလည်း မရှိပါဘူး။ ဈေး  အလွန်ကြီးတဲ့ဆေးတွေက ရောဂါပိုး ထပ်မပွါးအောင်ပဲ ထိန်းထား နိုင်ပါတယ်။ဒါကြောင့် အကောင်းဆုံး နည်းက ကိုယ့်အိမ်ထောင်အပေါ်သစ္စာရှိဖို့နဲ့ ခဏတာ သာယာ မှုအတွက် မိမိတင်မက မိမိချစ်တဲ့ မိသားစုကြီးပါ ဘ၀မိုးမှောင်ကျသွားနိုင်တယ်ဆိုတာကို ခြေလှမ်းမမှားခင် တစ်ခါလောက်ဖြစ်ဖြစ် စဉ်းစား လိုက်ပါ။

“အသွားမတော် တစ်လှမ်း”   တဲ့ ဒါနဲ့မှ မရဘူးဆိုရင်။ မြတ်ဘုရားရဲ့သား ရဟန်းတော်တွေကို လှမ်းပြီး ကြည်ညိုလိုက်ပါ။ ဒါနဲ့လည်း မရဘူးဆိုရင်တော့ အဖေါ်လို့အမည်ပေးထားတဲ့ (codom) ကွန်ဒုံးကို  စနစ်တကျ အသုံးပြုဖို့ ပါပဲ။ သိထားရမှာက အဖေါ်ကလည်း ၁၀၀% မကာကွယ် နိုင်ပါဘူး။

HIV ပိုးဝင်လာရင် ကျမတို့ ကိုယ်ခန္ဓာက HIV ပိုးဆိုင်ရာ အင်မြူနိုဂလိုဗူလင်တွေကို (immunoglobulin for HIV) ထုတ်ပါတယ်။ HIV ပိုးကိုစမ်းသပ်တဲ့ ဓါတ်ခွဲခန်းနည်းတွေက အလွန်ဈေးကြီးပါတယ်။ ဒါကြောင့် HIV ပိုး အစား ရောဂါ ရှိမရှိကို သိဖို့ HIV အင်မြူနိုဂလိုဗူလင်ကိုပဲ စမ်းသပ်ပါတယ်။ HIV ပိုး ၀င်ဝင်ချင်း HIV အင်မြူနိုဂလိုဗူလင်ကို စမ်းသပ်လို့ မရ ပါဘူး။ ရောဂါလက္ခဏာတွေလည်း မပေါ်သေးပါဘူး။ အဲ့ဒီ အချိန်ကို ပြုတင်းပေါက်အခါ (Window Period) လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လူနာကိုယ်ထဲမှာ ပိုးတွေ ရှိနေ တာမို့ ရောဂါ ကူးနိုင်ပါတယ်။ အဲ့ဒီအချိန်က အန္တရာယ်အကြီးဆုံးအချိန်ပါပဲ။လူနာကိုယ်တိုင်က ရောဂါရှိနေမှန်း မသိလို့ ကာကွယ်မှုတွေမပြု ကြလို့ သူနဲ့ဆက်ဆံသူများကို ကူးဆက်စေနိုင် ပါတယ်။ Window Period ကလူနာတစ်ဦးနဲ့ တစ်ဦး ကွာခြားပါတယ်။ များသောအားဖြင့် ၃ပတ် မှ ရက်သတ္တပတ် များစွာ ကြာနိုင်ပါတယ်။ အချို့လူနာများမှာ နှစ်နဲ့ချီ ကြာပါတယ်။

HIV ပိုး ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏများ ပေါ်လာသော အခါမှသာ AIDS  အိပ်(စ်)ရောဂါဟု ခေါ် ပါတယ်။ HIV ပိုး ကူးစက်ခံရပြီးနောက် HIV အင်မြူနိုဂလိုဗူလင်များကို သွေးထဲတွင်စမ်းသပ်တွေ့ရှိသည့် အချိန်ကို  (HIV  sero-positive) ဟု ခေါ်ပါတယ်။ HIV ပိုး ကူးစက်ခံရသည့်အချိန်မှ အိပ်(စ်) ရောဂါ ဖြစ်သည့် အချိန် ဟာ ၂ ပတ်မှ ၂၀ နှစ်အထိ ကြာနိုင် ပါသည်။ HIV  sero-positive ဖြစ်သူများနှင့်  virus ထိန်းဆေး သောက်နေသူများဟာ လူကောင်းတစ်ယောက်လို သွားလာနေထိုင်နိုင်ပါတယ်။ ဒါကြောင့် ကာယခံရှင်က မပြောရင် ဘေးလူက မသိနိုင်ပါဘူး။

ပြင်သစ်နိုင်ငံမှာ HIV  sero-positive ဖြစ်နေသူက မိမိ၌ ရောဂါပိုး ရှိမှန်း သိလျှက် Codom မသုံးပဲ အမျိုးသမီးသုံးဦးနှင့်ဆက်ဆံမှုကြောင့် ရောဂါရစေတဲ့အတွက် ထောင်ဒဏ်  ၁၅ နှစ် ချမှတ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ သေဒဏ် မရှိပါဘူး။ ထောင်ဒဏ် ၁၅ နှစ် ဆိုတာ ကြီးလေးတဲ့ ပြစ်မှုပါ။

အောက်ပါအကြောင်းများကြောင့် အိပ်(စ်)ရောဂါ မကူးဆက် ပါဘူး။
၁။ ခြင်၊ ကြမ်းပိုးစသည်တို့ ကိုက်ခြင်းဖြင့် မကူးပါ၊                                                          
၂။ နှာချေခြင်း၊ ချောင်းဆိုးခြင်းများမှ မကူးပါ၊                                                         
၃ အိမ်သာတစ်ခုတည်းကိုအတူတကွအသုံးပြုခြင်းဖြင့်မကူးပါ၊                                                        ၄။ ပွေ့ဖက်၊ နမ်းရှုပ်ခြင်းဖြင့် ရောဂါ မကူးပါ၊                                                             
၅။ အ၀တ်အစားများအတူတကွ ၀တ်ဆင်ခြင်းဖြင့် ရောဂါ မကူးပါ၊                                       
၆။ အစားအသောက် အတူစားခြင်း။ ပန်းကန်တစ်ခုထဲတွင် စားသောက်ခြင်းဖြင့် မကူးပါ၊
၇။ သို့ရာတွင်သွားပွတ်တံကဲ့သို့သောသွေးထွက်သည့်ပစ္စည်းများ အတူတူ သုံးခြင်းဖြင့် ကူးနိုင်ပါတယ်။      ၈။အတွင်းခံများကိုမလျော်ပဲ အတူတကွသုံးဆွဲမယ်ဆိုရင်တော့ကူးဆက်နိုင်ပါမယ်။

အမေရိကန်နိုင်ငံအချို့သော ပြည်နယ်များမှ ကက်တလစ် (Catholic) ကျောင်းတွေက  ဆယ်ကျော်သက် (Teenage) တွေကို ရောဂါမကူးအောင် ပါးစပ်အသုံးပြုဖို့ ပညာပေးတယ်လို့ ကြားရပါတယ်။ ဘယ်လို လူတွေပါလိမ့်။ သူတို့တွေပဲ ရူးနေ ကြတာလား။ ကျမပဲ (date out) သွားသလား မသိပါဘူး။ စာရူ့သူတွေ သိဖို့က ဒီနည်းက ကာမေသုမိစ္ဆာစာရကံထိုက်တဲ့အပြင် ရောဂါလည်းကူးနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၀နှစ်လေက်က မြန်မာ့တီဗီကနေ AIDS ရောဂါသည်တွေ ရွာပြင်တွေမှာ ခွေးသေ၊ ၀က်သေ သေနေကြတာကိုပြခဲ့ပါတယ်။ ယခုမှ အရွယ်ရောက်သူများကတော့ တွေ့ ခဲ့ကြမှာ မဟုတ်ပါဘူး။ အလွန် စိတ်မချမ်းသာစရာ မြင်ကွင်းတွေပါပဲ။ ရှောင်နိုင်တဲ့ ရောဂါ နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပက်ပက်စက်စက် သေ ကြ ရတာပါ။

လွန်ခဲ့တဲ့ အနှစ် ၅၀ က အာဖရိကတိုက်မှာ bushmeat or wildmeat တောရိုင်း တိရစ္ဆာန်များ၏ အသား ရှာဖွေတဲ့လူစု ပေါ်ပေါက်လာပြီး၊ ဆန်းပြားသောနည်းတွေနဲ့ တိရစ္ဆာန် တွေနဲ့ ဆက်ဆံရာက မျောက် စအို မှာ နေတဲ့ပိုးတွေ လူတွေဆီရောက်လာကြပြီး၊ AIDS ရောဂါ ဆန်း ဖြစ်ပွါးလာရပါတယ်။ ထူးဆန်းတဲ့ ပါးစပ်နည်း သုံးကြမယ်ဆိုရင် နောက်နှစ် ၅၀ မှာ ပါးစပ် မှာရှိတဲ့ ပိုးတွေကြောင့် ဘာအထူးအဆန်း ရောဂါ တွေထပ်ဖြစ်အုံးမယ် မသိပါဘူး။ ပါးစပ်ကကူး တဲ့ ရောဂါဆိုရင်တော့ စကားပြောရုံနဲ့ လေထဲမှာ ပိုးတွေ ပါလာပြီးရောဂါအမြန်ဆုံးကူးစက် တော့ မှာပါ။ ပါးစပ်တို့ နှခေါင်းတို့က ပိုးထွက်ရင် လူနာရဲ့ပိုးတွေလေထဲကို ရာက်တာမို့ အဲ့ဒီလေ ရှုမိ တဲ့သူတွေ ကိုကူးနိုင်ပါတယ်။ အဲ့ဒီအချိန်ဟာ ကမ္ဘာကြီး ရောဂန္တရကပ်နဲ့ ပျက်မှာ ထင်ပါရဲ့။

ကာမတဏှာနောက်လိုက်မိရင် နောင်ခံရမည့် အကုသိုလ်ကံတွေအပြင် ယခုဘ၀၌ပင် မိမိသာမကအပြစ်မဲ့ တဲ့ မိမိချစ်တဲ့မိသားစုအပြင် လူသားအားလုံးပျက်စီးသည်အထိဖြစ်နိုင်တယ် ဆိုတာစဉ်းစားပြီး တဏှာ ရာဂ ကို ဉာဏ်ပညာဖြင့်ထိန်းနိုင်ကြပါစေ။

မန်လည်ဆရာတော်ဘုရားကြီးရဲ့မာဃဒေ၀လင်္ကာသစ်။
ကာမရောဂါ၊ကိုယ်တွင်းနာကား၊ကုရာနတ္ထိ၊ဆေးမရှိဘူး။
မိမိပညာ၊သတိသာလျှင်၊မဟာသြသဓ၊ဆေးမည်စွဖြင့်။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွေပါရမီတောရ)။
ကာမဂုဏ်ချမ်းသာကို မစွန့်နိုင်ကြသေးလို့၊ စွန့်ဖို့အခြေအနေမပေးသေးလို့၊
ကာမဂုဏ်ချမ်းသာ ခံစားနေကြတဲ့သူတွေအနေနဲ့
စိတ်လည်ပင်းမှာ သတိဆိုတဲ့လည်ပတ်လေးတပ်ထားရပါမယ်။
ကာမဂုဏ်မြက်ခင်းပြင်ထဲမှာလည်း ဉာဏ်ဆိုတဲ့ ဓာတ်ကြိုးလိုင်းလေး
ထည့်မြှုပ်ထားရပါမယ်
လည်ပတ်က သတိနဲ့ ဓာတ်ကြိုးက ဉာဏ်နဲ့ ထိမိတွေ့ မိလို့ ဓာတ်လိုက်သွားပြီဆိုတာနဲ့
တစ်ပြိုင်နက် စည်းလွတ်ဘောင်လွတ် ကာမဂုဏ်ခံစားမှုတွေ၊
လိုင်းကျော် နယ်ကျော် ကာမဂုဏ်ခံစားမှုတွေ လုံးဝ ကင်းရှင်းသွားပါလိမ့်မယ်။

No comments:

Post a Comment