ဘုရားကအလွန်သပ္ပါယ်ပါတယ်။ ပထမဦးဆုံးအကြိမ် မိတ်တွေတစ်ယောက်လိုက်ပို့တော့ ဘုရားရင်ပြင်မှာ ပုဆစ်ထုပ်ပြီးအားရပါးရ မျက်စိမှတ်ပြီးဘုရားရှစ်ခိုး တရားမှတ်နေလိုက်တာ တစ်နာရီခန့်ကြာသွားပါတယ်။ မျက်စိပြန်ဖွင့်လိုက်တော့ ကျမရှေ့မှာအကြွေစေ့တွေချထားတာတွေ့လိုက်ရပါတယ်။ ဂျပန်တွေက ဗုဒဘာသာမဟုတ်တော့ပါဘူး။ Kamakura ကိုအလည်လာကြည့်စရာ အဆောက်အဦးတစ်ခုလိုပဲသဘောထားပါတယ်။ ကျမရဲ့မိတ်ဆွေ ဂျပန်တစ်ယောက်က ငါတို့မှာဘာသာသုံးမျိုးရှိတယ်တဲ့။ မွေးကာစမှာ (ရှင်တို) အဲ့ဒီကိုသွားပြီး ခလေးနောင်ရေးအတွက်ဆုတောင်းကြတယ်။ မင်္ဂလာဆောင်ကျတော့ ခရစ်ယံဖြစ်သွားပြီး ချပ်မှာမင်္ဂလာဆောင်တယ်။ သေရင်တော့ ဗုဒဘာသာဖြစ်သွားတယ်။ ဗုဒဘာသာဖုန်းကြီးကိုဆုထားတဲ့ပိုက်ဆံတွေပေးခဲ့တယ်။သူက ငါတို့ကောင်းရာရောက်အောင်ဆုတောင်းပေးတယ်တဲ့။
တခါလည်း အလုပ်လုပ်ဖေါ်ဂျပန်သူငယ်ချင်းက သူ့အိမ်မှာ ဗုဒဘာသာပွဲလုပ်မှာမို့လာခဲ့ဖို့ဖိတ်တယ်။ ဘယ်လိုလဲဆိုတာသိချင်တာနဲ့သွားခဲ့တယ်။ ဟိုရောက်တော့ စားပွဲပေါ်မှာစားစရာတွေတင်ထားတယ်။ လူ ၁၀ ယောက်လောက်ရှိတယ်။ လူစုံပြီဆိုတော့ ကြမ်းမှာ ၀ိုင်းဖွဲ့ထိုင်ရတယ်။ ပြီးတော့ ကျမမှအပ အားလုံး အားရပါးရငိုကြတယ်။ stress တွေရှင်းပြစ်တာတဲ့။ ငိုလို့အားရတော့ အစားမျိုးစုံစားကြတယ်။
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ တရွာတစ်ပုဒ်ဆန်းတဲ့ ဗုဒဘာသာလား ?
PS
ဂျပန်သွားမယ်ဆိုတော့ ၇န်ကုန်ကမိတ်ဆွေတစ်ဦးက ဂျပန်ဗုဒဘာသာဖုန်းကြီးတစ်ပါးကိုလက်ဆောင်တစ်ခုပါးလိုက်တယ်။ ပေးလိုက်တဲ့ဖုန်းအတိုင်းဆက်လိုက်တော့ အဲ့ဒီဖုန်းကြီးသက်တော် ၆၀ ရွယ်လောက်က JICA center မှာလာယူပြီးသူ့ကျောင်းကိုလဲလိုက်လည်ဖို့ဖိတ်တာနဲ့center ကမြန်မာတစ်ချို့နဲ့လိုက်သွားကြတယ်။ သူ့ကျောင်းက
မြို့ပြင်မှာမို့ လမ်းမှာတင် ၁၁ နာရီထိုးသွားလို့ ဆွမ်းလွတ်သွားမှာဆိုးလို့ ကိုယ်တတ်တဲ့ ဂျပန်စကားနဲ့ သူ့ကိုဆွမ်းစားဖို့ပြောတာ သူကကျောင်းကျမှစားမယ်လို့ပြောတယ်။ ဂျပန်ကဗုဒဘာသာဖုန်းကြီးတွေက ညစာစားတာ မိန်းမနဲ့ခလေးရှိတာ သိမှ မသိဘဲ။
No comments:
Post a Comment