:include data='blog' name='google-analytics'/>

Sunday, July 1, 2018

ကိုယ်ဝန်အတု (၀ါ) စိတ်ကူးယဉ်ကိုယ်ဝန် (Pseudopregnancy)



ဒီရောဂါဟာစိတ်ကြောင့်ဖြစ်တာများပြီး၊ ဟော်မုန်းများကမောက်ကမဖြစ်ခြင်းကြောင့် (hormonal 

dysturbances )လည်းဖြစ်နိုင်ပါတယ်။ ဒီရောဂါ ရဲ့ အရေးကြီးတဲ့လက္ခဏာတွေကတာ့ ဗိုလ်ထဲမှာ ခလေး မရှိပဲ ကိုယ်ဝန် သယ် တစ်ယောက်လို   ဗိုလ်တစ်ဖြေးဖြေး ဖေါင်းလာခြင်း ဓမတာမလာခြင်း၊ ရင်သားများ ကြီးလာခြင်း၊ ပျို့ခြင်း၊ အံခြင်း၊ ကိုယ်အလေးချိန် တတ်လာခြင်းများ ဖြစ်ပါတယ်။ ဒီရောဂါကို 300 B.C. ကထဲ က ဆေးမှက်တမ်း များမှာ မှက်တမ်းတင် ထားပါတယ်။ များသောအားဖြင့် ခလေး အလွန်လိုချင် သော အမျိုးသမီးများနဲ့ ကိုယ်ဝန် ဆောင်မှာ ကြောက်သော အမျိုးသမီးများတွင် တွေ့ရ တက် ပါတယ်။ ၁၈%  မှာ ဆေးဝန် ထမ်းတွေ ကိုယ်တိုင်း ကိုယ်ဝန် အစစ်နဲ့ မှာကြပါတယ်။ ဒီရောဂါရဲ့ အရေးကြီး တဲ့အချက်က ရောဂါသယ်ဟာ မိမိမှာ ကိုယ်ဝန်ရှိ တယ်လို ယုံကြည်နေခြင်း ပဲဖြစ်ပါတယ်။
၆၀-၉၀ နှုန်းမှာ ဗိုလ် တစ်ဖြေးဖြေး ဖေါင်းလာပါတယ်။ မေ့ဆေးပေးလိုက်ရင် ဗိုလ်ဖေါင်းတာ ပျောက်သွားပါတယ်။ ဗိုလ်ဖေါင်းရတာက စိတ်ကြောင့် မိမိကိုယ်တိုင်မသိပဲ လေတွေမျိုချထား တာ ကြောင့် လေတွေအူထဲမှာ များလာလို့ပါ။ ဒါကြောင့်မေ့ဆေးပေးလိုက်တဲ့အခါ လေတွေ ထွက်သွား ပြီး ဗိုလ်အဖေါင်းလည်း ပျောက်သွားပါတယ်။

၅၀-၉၀ နှုန်းမှာ ဓမတာ မမှန်ခြင်း။ ၅၀-၇၅ နှုန်းမှာ ခလေးလှုပ်ရှားတဲ့ ခံစားမှုမျိုး ခံစားရ ခြင်း။ ၁ နှုန်းမှာ ခလေးမွေးတဲ့ခံစား မူ့မျိုး ခံစားရခြင်းများတွေ့ရပါတယ်။ ဒီလက္ခဏာအားလုံးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်ပေါ် ပြောင်းလဲလာတဲ့ ဟော်မုန်းတွေလို စိတ်စွမ်းအားကြောင့် ဟော်မုန်းတွေ ကမောက်ကမဖြစ်ခြင်းကြောင့် ဖြစ်တာပါ။

ဒီရောဂါနဲ့ simulated  pregnancy   ကိုယ်ဝန်သယ်ရောင် န်ဆောင်သူကို ခွဲခြားနိုင်တာ ကတော့ ဒီရောဂါသယ်က မိမိမှာ ကိုယ်ဝန်ရှိ တယ်လို ယုံကြည် နေခြင်း ဖြစ်ပါတယ်။

ဒီရောဂါကို ယောက်ျားတွေမှာလည်းတွေ့ရတက် ပါတယ်။ ယောက်ျားတွေမှာဖြစ်ရင် couvade syndrome လို့ခေါ်ပါတယ်။ အဲ့ဒီရောဂါဖြစ်နေတဲ့ ယောက်ျားတွေက မိန်းမတွေကို မနာလိုနေတဲ့ ယောက်ျားတွေ ဖြစ်ပါတယ်။ ဒီယောက်ျားတွေက မိန်းမတွေအနေနဲ့ ယောက်ျားတွေ ထက်သာတာက ကိုယ်ဝန်ဆောင်ခြင်းသာဖြစ်တယ်လို့ခံယူကြတာမို့ ခလေးအလွန်လိုချင်သော အမျိုးသမီးများကဲ့သို့ အလွန်ကိုယ်ဝန် ဆောင်ချင်ကြ တာကြောင့် ကိုယ်ဝန်အတု ရောဂါသယ် အမျိုးသမီးများကဲ့သို့ ဗိုလ်တစ်ဖြေးဖြေး ဖေါင်းလာကြပါတယ်။ သမိုင်းမှာ နံမည်ကြီးတဲ့ Marco Polo မာကိုပိုလိုနဲ့ အင်္ဂလန်ဘုရင်မကြီး Queen Mary 1 တို့ ကိုယ်တိုင် ဒီရောဂါ ခံစားခဲ့ကြတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

စိတ်စွမ်းအားဖြစ်တဲ့ ကိုယ်ဝန်ဆောင်လိုမှု (၀ါ) ကိုယ်ဝန်ဆောင်ရမှာကြောက်လန့်မှု ကနေ ကိုယ်ထဲက ဟိုမုန်းတွေပြောင်းလဲဖြစ်ပျက်ပုံဟာ အလွန်ရှုပ်ထွေးတဲ့အတွက် ဒီရောဂါဘယ်လိုဖြစ် ပေါ်လာတယ်ဆို တာကို ဆေးပညာရှင်တွေအနေနဲ့ သေချောချာမသိကြပါဘူး။ သူတို့ သိတာက ဥဏှောက်မှာရှိတဲ့ hypothalamass ဆိုတဲ့သေးငယ်တဲ့အင်္ဂါ (organ) ကနေတစ်ကိုယ်လုံး မှာရှိတဲ့ ဟိုမုန်းထွက်တဲ့အင်္ဂါတွေက ဟိုမုန်းတွေထွက်စေတယ်ဆိုတာလောက်ပါပဲ။

ဗုဒ္ဓမြတ်စွာကတော့ စိတ်သည်အားလုံးကိုဦိးဆောင်သည်။ စိတ်က အဓိပတိ တပ်ရင် ဖြစ်ချင် တာအားလုံးဖြစ်နိုင်တယ်လို့ဟောတော်မူခဲ့ပါတယ်။ ဒီရောဂါမှာ မိန်းမ (၀ါ) ယောက်ျား နှစ်ဦး လုံးမှာ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ လိုချင်တဲ့ (၀ါ) မလိုချင်တဲ့ စိတ်တွေ အဓိပတိဖြစ်နေတာကြောင့် ဗိုလ်ဖေါင်းလာ ခြင်း စတဲ့ ရုပ်တရားတွေ ဖြစ်ပေါ်၊ ပြောင်းလဲ  လာတယ် ဆိုတာသိနိုင်ပါတယ်။

ကိုယ်ဝန်ရှိချင်တဲ့ အမျိုးသမီးများစွာနဲ့ ကိုယ်ဝန်ဆောင်ရမှာ ကြောက်တဲ့ အမျိုးသမီးတွေ များစွာ ရှိသော်လည်း ရှားရှားပါးပါး တွေ့ရတဲ့ ဒီရောဂါက အဓိပတိ တပ်တယ် ဆိုတာကိုသက်သေ ပြနေပါတယ်။ ဒီရောဂါဖြစ်နှုန်းက မွေးဖွါးမှု ၂၂၀၀၀ မှာ ၁-၆% သာရှိတယ်လို့သိရပါတယ်။

အင်္ဂလန်ဘုရင်တွေရဲ့ထုံတမ်းစဉ်လာက ဘုရင်မဖြစ်ပြီး ရက် ၉၀ အတွင်းကိုယ်ဝန်ဆောင်ပြီး ဘုရင်ဆက်ကို သယ်ယူမဲ့ သားတော်မွေးဖွါးရတယ်လို့ဆိုပါတယ်။ ဒါကြောင့် Queen Mary 1 ဘုရင်မ ကြီး အနေနဲ့ ကိုယ်ဝန်ဆောင်လိုတဲ့ စိတ်အဓိပတိ တပ်မယ်လို့ယူဆနိုင်ပါတယ်။ မာကိုပိုလို အနေနဲ့လည်း ကမ္ဘာကိုတောင်ပတ်နိုင်တဲ့ ယောက်ျားတစ်ယောက်မို့ ယောက်ျားသားတွေ မလုပ်နိုင်တဲ့  အရာမရှိဘူးဆိုတာပြလိုတဲ့ စိတ် ရှိခဲ့မယ် လို့ ယူဆ နိုင်ပါတယ်။
ကျမ်းကိုး
ဝီကီး

No comments:

Post a Comment