:include data='blog' name='google-analytics'/>

Saturday, July 7, 2018

သွားစိုက်ခြင်း

သွားကြိုးသွားပြီး အမြစ်ပါမကောင်းလို့နှတ်လိုက်ရတဲ့လူကြီးသွားနေရာမှာသွားပြန်စိုက်မယ်ဆိုရင်။ ဘေးကသွားတွေကောင်းနေရင် ဘေးသွားတွေကိုကုတ်ပြီးကြိုးတဲ့နေရာသွားအတုစိုက်လို့ရပါတယ်။ တကယ်လို့ ဘေးသွားတွေကလဲ မရှိဘူး (၀ါ) ကုတ်နိုင်လောက်အောင်ကျန့်ခိုင်မှူမရှိဘူးဆိုရင် dental implant အောက်ခံအရိုးထဲကို သတ္တု တစ်မျိုးမျိုးနဲ့ဝက်အူလိုရစ်ပြီးထဲ့တဲ့သွားစိုက်နည်းလုပ်ရပါတယ်။ သတ္ထူ အနေနဲ့ရှေးက silver. gold စတာတွေကိုအသုံးပြုကြပြီး silver သွားမှာမာကျူရီ (Mercury) ခေါ်အဆိပ်ဓါတ်အပြင် ငွေ၊ရွှေတို့ရဲ့ ကိုယ်ခနာအပေါ် အဆိပ်ဖြစ်ခြင်းတွေကြောင့် (heavy metal poisoning) ယခုအခါ titanium or ceramic တို့ကိုအသုံးပြုကြပါတယ်။ titanium ကအပိုင်းသုံးပိုင်းပါ ပါတယ်။ အောက်ခြေ အရိုးထဲစိုက်ထားသောအပိုင်း၊ အလယ်ပိုင်းနဲ့အပေါ်ဆုံးလို့ရှိပါတယ်။ အပိုင်းသုံးပိုင်းဆက်တဲ့နေရာမှာ ပိုးအောင်းတာ၊ချီးကပ်တာစတဲ့ပြဿနာတွေရှိနိုင်ပါတယ်။ ceramic ကတော့ သွားတစ်ချောင်းလုံးဖြစ်ပြီးအဆက်မပါတာကြောင့် titanium လိုပြဿနာမျိုးမရှိပါဘူး။ဒါပေမဲ့ ဈေးတော့များပါတယ်။ တစ်ချို့သူတွေမှာအထူးသဖြင့် autoimmune diseases like Rheumatoid arthritis, Lupus, diabetes type1. Celiaeic disease etc တွေမှာ osseointegration failure ခေါ်တဲ့ သွားတုရဲ့အမြစ် အရိုတွင်မတည်နိုင်ခြင်းနဲ့ သွားဖုံးမကျက်ခြင်း (gum healing) တို့ဖြစ်နိုင်ပါတယ်။ ၄င်းအပြင် အချို့သူများမှာ dental implant လုပ်ပြီးမှ autoimmune diseases တွေဖြစ်လာတာကိုတွေ့ရတတ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာအသေအခြာမသိရပေမဲ့ dental implant ကိုဖြုတ်ထုပ်လိုက်ရင် တစ်နှစ်အတွင်း autoimmune diseases တွေပျောက်ကင်းတာကြောင့် ၁။ အရိုးတွင်းစိုက်ထားသော dental implant ၏သေးငယ်သော အပေါက်ကလေးများတွင်ခိုနေသည့် bacteria ပိုးများ မှ ( ပိုးသတ်ဆေးမေ၇ာက်နိုင်သောကြောင့်) antigen များထုပ်လုပ်မှူကြောင့်  autoimmune diseases ဖြစ်ခြင်း။ ၂။ အရိုးတွင်းစိုက်ထားသော သတ္ထူနဲ့ biocompatibility မဖြစ်ခြင်းကြောင့် autoimmune diseases ဖြစ်ခြင်း။ လို့ယူဆကြပါတယ်။
သွားအတုစိုက်ရာမှာ နောက်ထပ်သတိထားရမဲ့အချက်က  oral galvanism ခေါ်တဲ့ သွားအတွင်း ရှိသွားတု
metals များအတွင်း သေးငယ်သောဘက်ထရီကဲ့သို့ လျပ်စစ်ဆီးဆင်းခြင်းပါ။ ကျမတို့ရဲ့ biological reaction တွေက tiny electrical currents တွေဖြစ်တာကြောင့် oral galvanism ဖြစ်ရင်ပါးစပ်တွင်မက တစ်ကိုယ်လုံးရှိ function တွေကိုပါထိခိုက်နိုင်ပါတယ်။ oral galvanism က metal မတူတဲ့ သွားအတုတွေပါးစပ်ထဲမှာရှိနေရင်အဖြစ်များပါတယ်။ oral galvanism ဖြစ်လျင် အောင်ပါလက္ခဏာများတွေ့ရပါတယ်။
၁။ metal taste in mouth.
၂။ sensation of metal charge when using metal utensils like spoon.
၃။ chronic insomnia။

Ref
1. Be very careful when replacing missing tooth by Dr Mercola.
2. Association of dental implant and autoimmune diseases.

သူငယ်ချင်းရေဒို့ internet ကရှာတွေ့တာတွေပါ။ ရန်ကုန်မှာဘာတွေသုံးနေလဲဆိုတာဒို့လဲမသိဘူး။ dental surgeon မိတ်ဆွေတွေစီစုံစမ်းကြည့်ပါ။ research center တစ်ခုကတော့ ဒီနှစ်စောစောပိုင်းလောက်က သဘာဝအတိုင်းသွားပြန်ပေါက်အောင် germ cell နဲ့အောင်မြင်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရတယ်။ ကိုယ်ထဲက germ cell ကိုထုပ်ယူပြီး သွားကြိုးထဲ့နေရာမှာထဲ့လိုက်ပြီး သွားအဖြစ်ပြောင်းစေတဲ့ differenciation အခါ သဘာသအတိုင်းသွားကောင်းပြန်ပေါက်လာတယ်တဲ့။ အဲ့ဒီသတင်းအတိုင်းဆိုရင်နောက် ၅ နှစ်လောက်ဆို public use ဖြစ်မှာပါ။


No comments:

Post a Comment