:include data='blog' name='google-analytics'/>

Tuesday, July 17, 2018

မိလိန္ဒပဥှာ (၁)

မိလိန္ဒမင်းနဲ့ အရှင်နာဂသေန တို့သည် မြတ်ဘုရားဗျာဒိတ်တော်ထားခဲ့သည့်အတိုင်းမြတ်ဘုရားပရိနိဗာန်စံတော်မူပြီး နှစ်၅၀၀ ကျော်လျှင် ပေါ်လာပြီး မြတ်ဘုရားရဲ့တရားတော်များအားအသေးစိတ် ဝေဖန်ပိုင်းခြားထားသည်များကို ဝေမျှလိုက်ပါတယ်။

ငရဲသားသည်ငရဲမီးထဲ၌ အဘယ်ကြောင့် ကျွမ်းမသွားသနည်း။
ပကတိမီးထက်ငရဲမီးသည်လွန်လွန်မင်းမင်း အပူရှိန်ပြင်းလှသည်။ ပကတိမီးထဲ၌ပစ်ထားသောကျောက်ခဲကလေးသည် တစ်နေ့လုံးပူလောင်နေသော်လည်း ကြေညက်မသွားနိုင်ပေ။ အိမ်လောက်ရှိသောကျောက်တုံးကြီးကို ငရဲမီးထဲပစ်ချလိုက်ပါမူ တခဏချင်းကြေညက်သွားနိုင်၏ဟုအရှင်ဘုရားတို့ မိန့်ဆိုကြပါ၏။
ထိုစကားကိုတပည့်တော်မယုံနိုင်ပါ။ ထိုအပြင် ငရဲ့သို့ကျရောက်သောသူတို့သည် နှစ်ပေါင်းထောင်ပေါင်းများစွာအလောင်ခံနေရသော်လည်းလောင်ကျွမ်းမသွားဟုဆိုပါသည်။ ထိုစကားကိုလည်းမယုံနိုင်ပါ။

မင်းမြတ် လိပ်မ၊မိကျောင်းမ၊ခိုမ၊ဥဒေါင်းမ၊တို့သည်ကျောက်ခဲ၊ကျောက်စလစ်ခဲ စသောကြမ်းတမ်းသောအစာတို့ကို စားကြသလော ?
စားကြပါသည်ဘုရား။
ထိုကျောက်ခဲတို့သည်၎င်းတို့၏၀မ်းထဲသို့ရောက်သောအခါ ကြေညက်သွားကြသည်မဟုတ်လော် ?
ဟုတ်ပါသည်ဘုရား ။
မင်းမြတ် ထိုသတ္တ၀ါတို့၏၀မ်းရှိကိုယ်ဝန်သည်လည်းကြေညက်သွားပါသလော် ?
မကြေညက်သွားပါ ဘုရား။
အဘယ်ကြောင့်နည်း။
ထိုသတ္တ၀ါတို့ပြုခဲ့သောကံကြောင့်ဟုထင်ပါသည်ဘုရား။
မင်းမြတ်ထို့အတူသာပင်ထိုငရဲသားတို့၏အကုသိုလ်ကံ က ပစ်ချလိုက်သောငရဲကံ မကုန်မချင်း မသေနိုင်ကြကုန်။

No comments:

Post a Comment