:include data='blog' name='google-analytics'/>

Monday, July 9, 2018

ဆုတောင်းမမှားစေချင်

မြန်မာဗုဒဘာသာအများစုအနေနဲ့ ပဋာစာရာထေရီအကြောင်းကြားဖူးကြမှာပါ။အမျိုးသမီးတစ်ယောက်ဒုက္ခတွေပတ်လည်ဝိုင်းပြီး ငိုကြွေနေရတယ်ဆိုရင် ပဋာမြေလူးဖြစ်နေတယ်လို့တောင်တင်စားပြောဆိုလေ့ရှိပါတယ်။ ထေရီမကြီးအကြောင်းသေခြာမသိတဲ့သူတွေရော်၊ မေ့တေ့တေ့ရှိသူတွေအတွက်ထေရီမကြီးရဲ့သနားစရာဒုက္ခအဖုံဖုံ ကိုအကျဉ်းချုံးပြောရရင်။ ထေရီမ အလောင်းဟာသာဝတ္ထိပြည်ကသူဌေးသမီးဖြစ်ပါတယ်။ အရွယ်ရောက်တဲ့အချိန်မှာ အိမ်မှာခိုင်းတဲ့အလုပ်သမားကိုချစ်မိပါတယ်။ မိဘများက သူဌေးသားတစ်ဦးနဲ့လက်ဆက်ဖို့စီမံတဲ့အခါ ချစ်သူနဲ့ဝေးရာကိုထွက်ပြေးခဲ့ပါတယ်။ သားနှစ်ယောက်ရတဲ့အချိန်မိဘအိမ်ပြန်အလာမှာလင်ယောက်ျးဖြစ်သူက မြွေကိုက်လို့ဆုံးပါးသွားပြီး၊သားကြီးကရေမျော်သေဆုံး၊မွေးစသားငယ်ကစွန်ချီသွားပြီး၊မိဘအိမ်ရောက်တော့့ လေပြင်းတိုက်လို့တိုက်ပေါ်ရှိမိဘနှစ်ပါးနဲ့မောင်ဖြစ်သူပါသေဆုံးတာသိလိုက်ရပါတယ်။ ထေရီမအလောင်းမှာစိတ်အလွန်ထိခိုက်ပြီး အ၀တ်တောင်မကပ်နိုင်တဲ့အထိသွက်သွက်ခါအောင်ရူးသွပ်သွားပါတယ်။ အဲ့ဒီအချိန်ကစလို့ ပဋာစာရာလို့ အမည်တွင်ခဲ့ပါတယ်။ ပဋာစာရာ ဆိုတာအ၀တ် မကပ်တဲ့သူလို့အဓိပ္ပါယ်ရပါတယ်။ အရူးဘ၀နဲ့လှည့်လည်သွားလာရင်းမြတ်ဘုရားတရားဟောရာရောက်လာပြီး၊ရှင်တော်ဘုရားရဲ့တရားတော်ကြောင့်အရူးပျောက်တဲ့အပြင် ၀ိနယဓရ ခေါ် ပိဋကတ်ဆောင်ရာမှာအတော်ဆုံးအမြတ်ဆုံးသောဧကတဒ်ဘွဲ့ကိုပါရရှိခဲ့ပါတယ်။ ဧကတဒ်ဘွဲ့ရအောင်ဆုတောင်းခဲ့ပါရမီဖြည့်ခဲ့တာတွေကိုသိခဲ့ကြပေမဲ့ ဘာလို့ဒီလောက်ဆိုးတဲ့လောကဓံတွေကိုရင်ဆိုင်ရတယ်ဆိုတာကိုတော့ သိသူအလွန်နည်းမယ်လို့ထင်ပါတယ်။ ဒယ်အိုးဆရာတော်ရဲ့ပဋာစာရာထေရီအကြောင်းနာရတော့မှဆုတောင်းမှားခဲ့လို့ဆိုတာသိရပါတော့တယ်။ ထေရီအလောင်းဟာတစ်ခုသောဘ၀မှာ သူဌေးသမီးဖြစ်ခဲ့ပြီး ဓါးပြတိုက်ခံခဲ့ရပါတယ်။ ဓါးပြများက ပစ္စည်းများယူရုံသာမက သူဌေးသမီးနဲ့မိသားစုအားလုံးကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့်သူဌေးသမီးကဓါးပြများ အသေဆိုးနဲ့သေတာကိုမြင်ရပါလို၏လို့ဆုတောင်းခဲ့ပါတယ်။သူ့ရဲ့ဆုတောင်းကဒီဘ၀မှာလာပြည့်ပေမဲ့ ယခုဘ၀မှာမုန်းတဲ့ရန်သူတွေမဟုတ်ဘဲ ချစ်ရတဲ့သူတွေဖြစ်နေတာကြောင့် ရူးသွပ်တဲ့အထိ စိတ်ထိခိုက်ခဲ့ရပါတယ်။

No comments:

Post a Comment