:include data='blog' name='google-analytics'/>

Wednesday, July 4, 2018

ကျမက ဦးမောင်မောင်ရဲ့အသဲပါ။

ကျမက ဦးမောင်မောင်ရဲ့အသဲပါ။ သူ့ခနာကိုယ်တဲကအတွင်းအင်္ဂါတွေထဲကအကြီးဆုံးအင်္ဂါတစ်ခုပါ။ ကျမက တစ်ကီလိုခွဲလေးပါတယ်။ သူ့ဗိုလ်အပေါ်ဘာဘက်မှာနံရိုးတွေးရဲ့အောက်မှာရှိပါတယ်။ ကျမပုံက စိတ်ကူးယဉ်ဆရာတွေရေးသလို နှစ်မွှာရှိတဲ့စွယ်တော်ရွက်မဟုတ်ပါဘူး။ သုံးမြှောင့်ပုံပါ။ ကျမကအလွန်ရှုပ်ထွေများပြားတဲ့ အလုပ်ပေါင်း ၅၀၀ ကော်ျကိုလုပ်ပါတယ်။ ကျမရဲ့ ရှင်းလင်းတဲ့ အလုပ်တွေလုပ်ဖို့ဆိုရင်ကြီးမားတဲ့ဓါတ်ပေါင်းဖိုကြီးတွေကှိုဠကများစွားပေါ်မှာဆောက်ရပါမယ်။ ဒါပေမဲ့ အဲ့ဒီဓါတ်ပေါင်းဖိုတွေဟာကျမရဲ့ရှုပ်ထွေတဲ့ အလုပ်တွေကိုတော့လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျမသာအလုပ်မလုပ်နိုင်ရင်ဦးမောင်မောင်အလောင်းပြင်ရပါလိမ့်မယ်။
 ကျမကဦးမောင်မောင်လုပ်ကိုင်သမျှကိစဏတိုင်းမှာပါဝင်ကူညီလုပ်ဆောင်ပေးရပါတယ်။ ဦးမောင်မောင် golf ရီုက်တယ်ဆိုရင်သူ့ကြွက်သားတွေလိုအပ်တဲ့ စွမ်းအင်တွေကိုမျမထုပ်လုပ်ပေးရပါတယ်။
သူအလွန်ကြိုက်တဲ့ ၀က်ပေါင်ခြောက်တွေစားရင် ကျမကွှဲ့ဒီအစာကနေသူ့အတွက်လိုအပ်တဲ့ အသားဓါတ် (amino acid) အဖြစ်ပြောင်းပေးပြီး သူ့အတွက်အန္တရယ်ရှိမဲ့ အဆိပ်တွေကိုတော့ ကျောက်ကပ်ကနေစွန့်ထုပ်ပြစ်ပါတယ်။
သူညဘက်အမြင်ကြည်လင်အောင်လဲ လိုအပ်တဲ့ vitamine ဓါတ်တွေထုပ်ပေးပါတယ်။
ကျမရဲ့များပြားလှတဲ့ ဓါတ်ခွဲခန်းကိစ္စတွေဆောင်၇ွက်ဖို့ enzyme အမျိုးပေါင်း တစ်ထောင်ကော်ျကိုလည်းထုပ်လုပ်ပါတယ်။
ဦးမောင်မောင်လက်ဓါးရှလို့သွေးထွက်ရင် ကျမထုပ်လုပ်တဲ့ သွေးထိပ်ပစ္စည်းတွေကထိပ်အောင်လုပ်ပေးပါတယ်။ သူတို့သာမရှိရင်ဦးမောင်မောင် သွေးထွက်လွန်ပြီးသေဆုံးနိုင်ပါတယ်။
သူရောဂါတွေမဖြစ်အောင်လဲ ရောဂါကာကွယ်တဲ့ Antibodies တွေကိုထုပ်လုပ်ပါတယ်။ နို့မို့ဆို ဦးမောင်မောင်ရောဂါတစ်မျိုးမဟုတ်တစ်မျိုးနဲ့အသက်ဆုံးရူံးမှာပါ။
သူသောက်တဲံဆေးလိပ်ကထွက်လာတဲ့ nicotine , ကော်ဖီကထွက်တဲ့ caffine ,ဆေးအမျိုးမျိုးကထွက်တဲ့ အဖိပ်တွေကိုလဲ ခြေဖျက်ပေးပါတယ်။
စက္ကန့်နဲပအမျသေနေတဲ့ သွေးဥနီတွေကထွက်တဲ့ အသားဓါတ်နဲ့သံဓါတ်တွေကို ပြန်လဲအသုံးပြုနိုင်အောင်ထမ်းသိမ်းပေးတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်သလို ။ သွေးနီဥအသေတွေကထွက်တဲ့အဆိပ်တွေကိုလဲ သူခြေရည်အဖြစ်ထုပ်လုပါပါတယ်။ သွေးနီဥတွေပျက်တာအလွန်များပြီး ကျမလုပ်နိုင်တာနဲ့ကျောရှုတော့ ဦးမောင်မောင်ရဲ့ မျက်စေ့တွေဝါကျင့်ကျင့်ဖြစ်လာပါလိမ့်မယ်။ အဲ့ဒါကျမရဲ့ သတိပေးချက်ပါ။ ကျမက ငြီငြူထတ်သူမဟုတ်ပါဘူး။ ကျမရဲ့ စွမ်းအားတွေ ၈၅% အထိပျက်ဆီးရင်တောင်ဦးမောင်မောင်မသိဘဲကျမရဲ့တာ၉န်တေီကိုဆကါလက်လုပ်နိုင်ပါတယ်။ ကျမရဲ့ ၈၀%ကိုဖမတ်ပစ်ရင်တောင် လအနည်းငယ်အတွင်ကျမ နဂိုပုံရောက်အောင်ပြန်လဲလုပ်တိုင်ပါတယ်။ သူ့ကိုယ်ထဲကိုရောက်လာတဲ့ အစားအစာအမျိုးမျိုးကိုလဲ ကျမက နောင်အစားအစာပြတ်တဲ့အခါသုံးဖို့အတွက်သိမ်းဆည်းပေးပါတယ်။
တကယ်တော့ ကျမက အသံထတ် သူ့ရဲ့အိမ်ရှင်မကောင်းတစ်ယောက်ပါ။

No comments:

Post a Comment