:include data='blog' name='google-analytics'/>

Saturday, July 7, 2018

သွားကျန်းမာရေး

     သွားဆိုတာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အစာစားတဲ့အခါ သွားတွေကောင်းမွန်နေဖို့ လိုအပ်သလို လူရှေ့သူရှေ့  ရဲရဲရင့်ရင့်ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ သွားတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ သွားနှင့်ခံတွင်းမသန့်ရှင်းရင် ခံတွင်းနံ့ဆိုးပြီး နှစ်ကိုယ်ကြား စကားပြောဖို့ နေနေသာသာ မျက်နှာချင်းဆိုင်စကားပြောဖို့တောင်ခက်ပါတယ်။

သွားမကောင်းရင် ရုပ်ပျက်တဲ့ အပြင် အစာစားရတာအဆင်မပြေလို့ ခံတွင်းပျက်တာ၊ အပျော့တွေ အပြုပ်တွေသာစားရလို့ အာဟာရမပြည့်
၁။ နေ့စဉ်သွားများကိုတိုက်ချွတ်ခြင်း။စုံတာ၊ အစာမကြေတာ အစာအိမ် ရောဂါ ဖြစ်သည် အထိ နောက်ဆက်တွဲ ရောဂါတွေလည်းဝင်လာပါတယ်။
သွားဟာ အစာဝါးဖို့ အတွက်တင်မကပဲ စကား ပီသမှု အတွက်ပါ အရေးပါ လှပါတယ်။

သွားတွေ ကျန်းမာသန့်ရှင်းအောင် လိုက်နာသင့်သည့်အချက်များ။
-နေ့စဉ်မနက်တစ်ကြိမ်၊ညတစ်ကြိမ်သွားတိုက်သင့်ပါတယ်။
-အနည်းဆုံး ၂ မိနစ်အချိန်ယူ သွားတိုက် ရပါမယ်။
-သွား၏ အပြင်မျက်နှာပြင်၊ အတွင်းမျက်နှာပြင်နှင့် အပေါ်မျက်နှာပြင် အားလုံးကို တိုက်ရပါမယ်။            -သွားတိုက်တဲ့အခါ သွားအရင်းကို ပိုဂရုစိုက် တိုက်ရပါမယ်။
-အစာစားပြီးသွားတိုက်မယ်ဆိုရင် အစာစားပြီး တစ်နာရီကြာမှတိုက်သင့်ပါတယ်။ အစာများမှာ (အထူးသဖြင့်အချိုရည်များ၊အမြှပ်ပါသော အရည်များ) အက်စစ်ဓါတ်များပါ ပါတယ်။ အဲ့ဒီ အက်စစ် တွေက သွားမျက်နှာပြင်ကို ပျော့စေပါတယ်။ အဲ့ဒီလိုပျော့နေချိန်မှာ သွားတိုက်ရင် သွားကိုထိခိုက် ဒါဏ်ရာရစေပါတယ်။ နောက်တစ်ချက်က အစာစားတဲ့အခါ တံတွေးထွက်လာပါတယ်။ တံတွေးက အက်စစ်ဓါတ်ကို ခြေဖျက်ပေးပါတယ်။
-အံသည့်အခါ အစာအိမ်မှ အက်စစ်များပါလာသည့်အတွက် အံပြီး တစ်နာရီကြာမှ သွားတိုက် သင့်ပါတယ်။
-ခလေးများကို တတ်နိုင်သမျှစောစောသွားတိုက်တဲ့အကျင့်ဖြစ်အောင်လုပ်ပေးသင့်ပါတယ်။ အသက် ၆လ အရွယ် သွားစပေါက်မှာ မိဘများက မျက်နှာသုတ်ပုဝါ အနုစားကို ရေဆွတ်၍ မိမိလက်ညှိုးကို ရစ်ပတ်ပြီး အစာကျွေးပြီးတိုင်း ဆေးပေးရပါမယ်။ တစ်နှစ်ခွဲ (၂)နှစ်မှစ၍ ကလေးသွားတိုက်တံနှင့် ဖလိုရိုက် (Fluoride) မပါသော ကလေးသွားတိုက်ဆေးဖြင့် နေ့စဉ် (၂)ကြိမ် သွားတိုက်ခြင်း အကျင့်  ပြုလုပ်ပေးရ ပါမယ်။ ကလေးသွားများ ကောင်းမွန်ကျန်းမာပါမှ လူကြီးသွားများ လှပညီညာ မည်ဖြစ်တယ်။
-သွားမတိုက်နိုင်သောသူများ အနေနဲ့ ပိုးသတ်ဆေးပါသော ပါးစပ်ဆေးများနှင့် ပါးလုပ်ကျင်းနိုင်ပါတယ်။
ဆေးမရှိလျှင်ဆားရည်ကိုအသုံးပြုနိုင်ပါတယ်။ (အိမ်သုံးဆားကိုရေနွေးနွေးထဲ ထဲ့ပြီးမွှေပါ။ ၅ မိနစ်ခန့် မွှေပြီးနောက် အပေါ်ရည်ကြည်နှင့်ပါးလုပ် ကျင်းနိုင်ပါတယ်။ ပိုးများဆားရည်မှာ မရှင်နိုင်ပါ။)
-သွားကြားတွေကိုတော့ အပ်ချည်ကြိုး သွားကြားထဲ ထဲ့ပြီး လွှဆွဲသလိုရှေ့နောက်ဆွဲပြီးတိုက်ရပါမယ်။

၂။ Floride (ဖလိုရိုက်) ပါတဲ့သွားတိုက် ဆေးတွေဟာ သွားပိုးစားတာကို ကာကွယ် တိုက်ဖျက် ပေးနိုင် တာမို့ အသုံးပြု သင့်ပါတယ်။

၃။ ခံတွင်းနေရာအနှံရောက်နိုင်မဲ့သေးငယ်တဲ့ သွားပွတ်တံခေါင်းကိုရွေးချယ်ပါ။
-ပျော့ပြောင်းပြီး သွားကြိုသွားကြားရောက်နိုင်သည့် သွားပွတ်တံ အမွှေးများ ပါသော သွားပွတ်တံ ကိုသုံးပါ။
-သွားပွတ်တံကို ၃-၄ လ တစ်ခါအသစ်လဲပါ။

၎။ အနည်းဆုံး တစ်နှစ်တစ်ကြိမ် သွားဆရာဝန်နှင့်သွားများစစ်ဆေးပါ။

၅။ သွားဂျိုးများကို တစ်နှစ်တစ်ခါ သွားဆရာဝန်နှင့်ခြစ်ပြစ်ပါ။ သွားဂျိုဆိုတာ မာကျော်သွားတဲ့ သွားဂျီး တွေပါ။ သွားဂျီးမှာ (Bacteria) ပိုးကောင်းတွေနှင့် အစာတွေရှိပါတယ်။ ပိုးကောင်းတွေက အစာကို စားတဲ့အခါ အက်စစ်ထွက်လာပါတယ်။ အက်စစ်က သွားကိုဖျက်ဆီးတာကြောင့် သွားပိုးစားတယ်ဆိုတဲ့ သွားမှာအပေါက်တွေဖြစ်လာပါတယ်။ သွားမှန်မှန် စနစ်တကျတိုက်ခြင်းဖြင့် သွားဂျီးများကို ဖယ်ရှာ နိုင်ပါတယ်။ သွားဂျီးများကြောင့်သွားပိုးစားခြင်းအပြင် သွားဖုံရောင်ခြင်းနှင့် ခံတွင်းအနံဆိုး ခြင်းများကို ဖြစ်စေပါတယ်။ သွားဖုံရောင်ပါက အပူ အအေးစာများ စားသည့်အခါ သွားကျင်ခြင်းဖြစ်စေပါတယ်။

၆။ သွားဖုံရောင်လျှင်၊သွားပိုးစားလျှင်၊သွားနာလျှင်သွားဆရာဝန်နှင့်ပြပါ။

၇။ ဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်း၊အရက်သောက်ခြင်းများရှောင်ပါ။ အရောင်ရင့်သောအစာများ ဥပမာ၊ ဘလူးဘယ်ရီသီး၊ ၀ိုင်အနီ၊ တွေက သွားကို စွန်းထင်းစေနိုင်ပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဒညင်းသီးစသည်များနှင့်ဆေးပြင်းလိပ်၊ဆေးလိပ်များက ခံတွင်းနံ ဆိုးစေပါ တယ်။ သူတို့ကိုစားပြီး အနံပျောက်အောင် ထန်းညက်စားခြင်း(၀ါ) တရုပ်နံနံဝါးပြီး၊ ရေများများ ဖြင့် ပလုတ်ကျင်းပါ။ တစ်နာရီ ခန့် အကြာတွင်သွားတိုက်ပါ။

၈။ အစာစားပြီး သကြားမပါသော ပီကယ်(sugar free chewing gum) ၀ါးခြင်းဖြင့် တံတွေးပို ထွက် စေပြီး ၎င်းတံတွေးက အစာကြွင်းများမှ အက်စစ်ဓါတ်ကိုခြေဖျက်နိုင်ပါတယ်။

၉။ သဘာဝသွားအရောင်က ဆင်ဆွယ်ရောင်ရှိပါတယ်။ အချို့သွားများက ပိုဖြူပြီး အချို့ကပို ၀ါ ပါ တယ်။ ဖြူတဲ့သွားထက် ၀ါတဲ့သွားက ပိုခိုင်ခန့်ပါတယ်။ တံတွေးမှာအက်စစ်ဓါတ်ပိုများရင် သွား ၀ါ ပါတယ်။ ဒါကြောင့် စေားဆိုဒါ (alkaline) ရေ (၀ါ) alkaline ပါတဲ့ သွားတိုက်ဆေးနှင့် သွားတိုက် ရင် သွားများဖြူလာ ပါတယ်။
လူကြီးသွားများဖြစ်နေချိန် (development of permanent teeth) မှာ tetracycline နှင့် အလားတူ ပိုးသတ်ဆေးများစားသေုံးပါက သွားများဝါ ပါတယ်။ ဆေးလိပ်သောက်ခြင်း ကြောင့်လည်း သွား ၀ါပါတယ်။ အဲ့ဒီ သွားဝါတွေကို သွားဆရာဝန်ဆီမှာ ဖြူအောင်လုပ်လို့ရပါတယ်။ ရှေးကတော့ မီးသွေးခဲနဲ့ သွားတိုက်ကြပါတယ်။ အဲ့ဒီနည်းက သွားအပေါ်ကြွေထည် (enemal) ကိုပါးစေပြီး သွား ပျက်ဆီးစေတာမို့ မပြုလုပ်သင့်ပါဘူး။

၁၀။“ ကြာကြာဝါးမဲ့ သွားအရိုးကြည့်ရှောင် ”   ဆိုတာလို သွားကို ထိခိုက်နိုင်တဲ့ မှောက်ရက်ကျနိုင်တဲ့ ကစားနည်းများ၊ အပြုအမှုများ၊ အရိုးစသည့်မာသောအစာများကိုက်ခြင်း၊ ပုလင်းအဖုံးများ သွားနှင့် ဖွင့်ခြင်းများကို ရှောင်ရပါမယ်။

အထက်ပါအချက်တွေကတော့ယခုပစ္စုပ္ပန်အကြောင်းတရားတွေကြောင့်ရရှိမဲ့ အကျိုးတရားတွေ ဖြစ်ပါတယ်။ ရှေးအကြောင်းတရားတွေကြောင့် ရရှိမဲ့ သွားနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေကတော့ မုသာဝါဒကံကိုလွန်ကျူးခဲ့မိရင်မွေးရာပါသွားများ......
(၁) မညီမညာ ဖြစ်ခြင်း၊
(၂) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) တိုသော လျှာကြောင့် စကားမပြီိခြင်း၊တို့ဖြစ်ပါတယ်။
      ကျမတို့ရဲ့ ဘုရားရှင်ဟာ အလောင်းတော်ဘ၀များတွင် မုသာဝါဒကံကို မကျူးလွန်ခဲ့ခြင်း၊ ကုန်းချောစကား ပြောကြားခြင်းမှ ရှောင်ကြဉ် တော်မူခဲ့ခြင်း၊ ညီညွတ်သင့်မြတ်အောင် စေ့စပ်ပေးတော် မူခဲ့ခြင်း၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာသော စကားကို ပြောကြားခြင်းမှ ရှောင်ကြဉ်တော်မူ ခဲ့ခြင်း၊ မှန်ကန်ဖြူစင်သော အသက်မွေးမြူတော်မူခဲ့ခြင်း၊ တို့ကြောင့် သူတကာထက် ထူးပြီးသွားတော် ၄၀ ရှိပါတယ်။ (သာမန်လူတွေမှာ ၃၂ ချောင်းပဲရှိပါတယ်)။ မြတ်ဘုရားရဲ့ သွားတော် ၄၀ ဟာ မကျဲ မကွာ စေ့စပ်တဲ့အပြင် လွှဖြင့်ဖြတ်သကဲ့သို့ တစ်သားတည်း ညီညာကြ ပါတယ်။ မြတ်ဘုရားရဲ့ လျှာတော် ဟာလည်း ရှည်လျား၊ နူးညံ့ကျယ်ပြန့်တော်မူပါတယ်။
အဲ့ဒီ လက္ခဏာတော်တွေကြောင့် မြတ်ဘုရားရဲ့ အသံတော်ဟာ သန့်ရှင်းခြင်း၊ သိလွယ်ခြင်း၊ အသံလုံလုံလဲလဲရှိခြင်း၊ သာယာခြင်း၊ နာချင် ဖွယ်ရာရှိခြင်း၊ အသံတော် မတိမ်ဘဲ နက်နဲခြင်း၊ ပဲ့တင် ထပ်ခြင်း၊ တရားနာပရိသတ်၏ အပြင်ဘက်သို့ မထွက်ခြင်း၊ ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ တော်မူ ပါတယ်။
လှပ သန့်ရှင်းပြီး မွှေးကြိုင်တဲ့ အပြုံးပိုင်ရှင်များ ဘ၀တိုင်းဖြစ်ကြပါစေ။

No comments:

Post a Comment