ဟိုတစ်နေ့က fb မှာဆရာကြီးဦးမြဦးကိုတွေ့လိုက်တော့ clinical Diagnosis တစ်ခုကိုသွားသတိရမိပါတယ်။ ဆရာကြီးက clinical Diagnosis မှာအမြဲလိုလိုမှန်တဲ့သူပါ။
ကျမတို့ဆေးကျောင်းသူဘ၀နဲ့ဆရာဝန်ဖြစ်ကာစမှာ ဆရာဝန်အသင်းက နှစ်စဉ်ပြုလုပ်တဲ့ ဆရာဝန်အစသည်းအဝေးမှာလူတိုင်းစိတ်ဝင်စားတာက ရောဂါအဖြေရှာရတဲ့ (clinical Diagnosis ) တင်ဆက်မှု့ပါ။ အဲ့ဒီမှာ များသောအားဖြင့်ရှုပ်ထွေးလှတဲ့ ရောဂါလက္ခဏာတွေနဲ့ရောက်လာတဲ့လူနာရဲ့ ဆေးကုသမှု စမ်းသပ်တွေ့ရှိမှုတွေကိုတင်ပြပြီး ကြွရောက်လာကြတဲ့ပရိသပ်မှလိုမိမိထင်မြင်ရာ ရောဂါများကိုတင်ပြဆွေဓနွေးကြပြီး တေနာက်ဆုံး များသောအားဖြင့်လူနာသေဆုံးလို့ရင်ခွဲရုံမှာတွေ့ရှိချက်တွေနဲ့ ဘာကြောင့် ရောဂါလက္ခဏတွေပြရတယ်။ ဘာကြောင့် ဆရာဝန်တွေ တခြားရောဂါနဲ့မှားခဲ့ကြတယ်ဆိုတဲ့အချက်တွေကို ရင်ခွဲစစ်ဆေးတဲ့ရောဂါဗေဒဆရာဝန်ကြီးက နောက်နောင်မမှားကြရအောင်ရှင်းလင်းတင်ပြခြင်းဖြင့်ဆရာဝန်အားလုံးအတွက်သင်ခန်းစားယူရတဲ့ကောင်းမွန်တဲ့ တင်ပြမှု့လေးပါ။
ဒါပေမဲ့ ၁၉၈၀ ၀န်းကျင်လောက်မှာတော့ နိုင်ငံခြားက ဘွဲ့လွန်အသီးသီးယူပြီးပြန်လာတဲ့ နိုင်ငံခြားပြန်တွေ များလာပြီးအချို့က ပညာမာနတွေပါယူလာကြပါတယ်။ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူအချင်းချင်း လုပ်ငန်းတူ မောင်နှမတွေလိုသဘောမထားပဲ ။ကိုယ်ကပိုတော်တယ်။သူ့ဘာသာရပ်က ကိုယ့်ဘာသာရပ်လောက်မတော်ဘူးဆိုတဲ့ အသိဆိုးတွေကြောင့် တစ်ဦးပေါ်တစ်ဦးလေးစားမှုမရှိပဲ ရိုင်းပြမှုတွေပါရှိလာပါတယ်။ ဆေးပညာလောကမှာ မေ့ဆေးပညာနဲ့ ရောဂါဗေဒပညာရှင်တွေဟာ လူနာနဲ့တိုက်ရိုက်မတွေ့ရတာကြောင့် (behind the curtin ) သူတို့ရဲ့စွမ်းဆောင်ချက်တွေကမပေါ်လွင်ပဲရှိခဲ့ပါတယ်။ အဲ့ဒါကိုတန်းဖိုးထားတဲ့ဆေးကုသအထူးကုအနည်းငယ်ရှိသော်လည်း၊အခွင့်ကောင်းယူတဲ့သူကများပါတယ်။ မြန်မာစကားပုံမှာ အနာမသိဆေးမရှိ ၊အနာသိက ဆေးရှိဆိုသလို၊ ရောဂါသိဖို့အရေးကြီးပါတယ်။ ရောဂါမသိဘဲ ကုနေရင် ဘယ်နိုင်ငံက ဘာဘွဲ့ပဲရရ ရမ်းကုပါပဲ။
၁၉၈၀ နှစ် လောက်မှာ အဆုတ်ရောဂါသည်နဲ့ပတ်သက်တဲ့ clinical Diagnosis တစ်ခုကို တင်ပါတယ်။ သက်ဆိုင်ရာ အဆုတ်ရောဂါအထူးကုဌာနက လူနာမှာတွေ့ရတဲ့ ရောဂါလက္ခဏာတွေကို ၄င်းဌာနမှ လက်ထောက်ဆရာဝန်ကတင်ပြပါတယ်။ သူတို့က လူနာမှာ အဆုတ်ကင်ဆာဖြစ်နေတယ်လို့ယူဆတာကြောင့် အဆုတ်ဓါတ်မှန်ရိုက်ပါတယ်။ အဲ့ဒီဓါတ်မှန်ကိုလည်းတင်ပြပါတယ်။ ပရိသပ်ထဲမှာရှိတဲ့ ဓါတ်မှန်ဆရာဝန်က ၀င်ရောက်ဆွေးနွေးရာမှာ သူ့အနေနဲ့ အဆုတ်ကင်ဆာလို့မယူဆကြောင်း၊နှလုံးမှထွက်သော သွေးကြော်ကြီး (Aota) ကြီးထွားခြင်း (Aneurysm) သာဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော ဓါတ်မှန်တွင်တွေ့ရသော အဖြူစက် (အဆုတ်အထူးကုမှ ကင်ဆာထင်သောအရာ) မှာနခန်းသားများ ညီညာပြီးအနားရှိနံရိုးကိုစားသည့် လက္ခဏမတွေ့ရကြောင်းပြောပါတယ်။ ဒီမှာတင် အဆုတ်အထူးကုမှ ပထမအချက်အနေနဲ့မှားခဲ့ပါတယ်။ သူက အဆုတ်မှာဖြစ်သမျှအားလုံးသူသိတယ်ထင်ခဲ့ပြီး အဆုတ်ဓါတ်မှန်ကို ဓါတ်မှန်ကျွမ်းကျင်တဲ့ဆရာဝန်ကိုမပြပဲ သူထင်ရာသူယူဆခဲ့တာပါ။ ယူဆရုံတင်မက အဆုတ်ကင်ဆာလို့ယူဆတာကြောင့် ကင်ဆာရှိတယ်ထင်တဲ့နေရာကို ကင်ဆာ အမျိုးအစားသိအောင် အပ်နဲ့ထိုးပြီးယူခဲ့ရာမှ ကြီးထွားနေသောသွေးကြောကြီးပေါက်ပြီးလူနာသေဆုံးလို့ ရင်ခွဲရုံရောက်ခဲ့ပါတယ်။ ဒါတောင်မှ အဲ့ဒီဆရာဝန်ကြီးက သူ့အပြစ်ကိုတာဝန်မယူဘဲ အသားဆယူသူမှာသူမဟုတ်ဘဲ ငယ်၇ွယ်သူ လက်ထောက်ဆရာဝန်ကယူခဲ့လို့ သွေးထွက်ခဲ့ရတာလို့ ကိုယ့်လက်အောက်ငယ်သားကိုလူပုံအလယ်မှာအပြစ်ပုံချခဲ့ပါတယ်။
ဘ၀င်မြင့်တဲ့ ကိလေသာကြောင့်ထောက်လျောက် အမှားတွေလုပ်ခဲ့မိတာပါ။ ကျမတို့တွေသင်ခန်းစာယူရမဲ့ အတွေ့အကြုံတစ်ခုပါပဲ။
No comments:
Post a Comment