ငယ်စဉ်က ရပ်ကွက်က၀တ်ရွတ်အသင်းကရွတ်ဆိုတဲ့ ဓမ္မစကြာတရားတော်ကိုနာယူရတာ အဓိပ္ပါယ်ဘာမှမသိပေမဲ့ အလွန်မှ နားချမ်းသာတယ်။ ကိုယ်တိုင်လည်းရွတ်ဆိုချင်ပေမဲ့ ပါဌိတော်တွေမဖတ်တတ်တာကြောင့် (ယခင်ကပရိတ်တရားစာအုပ်မှာ ယခုလို မြန်မာအသံထွက်တွေမပါပါ) မရွတ်နိုင်ခဲ့ဘူး။ မြန်မာအသံထွက်တွေပါလာတော့မှ ရွတ်ဆိုနိုင်တော့တယ်။ ရွတ်လို့ကောင်းလို့သာရွတ်ခဲ့တယ်။ အသံသာလို့သာနာခဲ့တယ်။ အဓိပ္ပါယ်တော့ဘာမှတိတိပပ မသိခဲ့ဘူး။ နောက်ပိုင်းမှာမြတ်စွာဘုရား ဘုရားဖြစ်ဖြစ်ချင်း ပထမဦးဆုံးဟောတော်မူတဲ့တရားဆိုတာသိလာတယ်။ တဖြည်းဖြည်းနဲ့ မြတ်ဘုရားက တရားအားထုတ်ရာမှာ အကျိုးမရှိတဲ့ အစွန်း နှစ်ဘက်ဖြစ်တဲ့ ကာမဂုဏ်ကိုစိတ်ကြိုက်ခံစားတဲ့ အစွန်းနဲ့ ကာမဂုဏ်ကိုလုံးဝပယ်ရုံမက ကိုယ်ခနာ ကိုညှင်းပမ်းတဲ့ အစွန်း နှစ်ခုလုံးကိုပယ်မှ သာ လမ်းမှန်ဖြစ်တယ်လို့ဟောတော်မူကြောင်းသိရတယ်။ ဒါကြောင့်မြတ်ဘုရားရဲ့ ဓမ္မစကြာပါလမ်းစဉ်ကိုအလယ်အလတ်ကျင့်စဉ်လို့လဲ ခေါ်တယ် တဲ့။
မြတ်ဘုရားရဲ့ အလယ်အလတ်ကျင့်စဉ်က တရားရဖို့ နိဗာန်ရောက်ဖို့အတွက်ပဲလား ? ။
ကျမတို့ဆေးပညာမှာ Normal, hypo and hyper ဆိုတဲ့ အသုံးအနှုံးတွေသုံးတယ်။ Normal ဆိုတာ လူကောင်းတစ်ယောက်မှာရှိတဲ့ အခြေအနေတွေ ။ဥပမာ လူကောင်းတစ်ယောက်မှာရှိရမဲ့ ၊သွေးပေါင်ချိန်၊သိုက်ဝိုက်ဟောမုန်း၊စသည်။
Hypo ဆိုတာ လူကောင်း (၀ါ) Normal လူတစ်ယောက်မှာရှိသင့်တာတက် နည်းနေတာ။ သွေးပေါင်ချိန်နည်းနေရင် သွေးကျတယ်၊ သိုက်ဝိုက်ဟောမုန်းနည်းရင် hypothroidism ရောဂါဖြစ်တယ်။
Hyper ဆိုတာ လူကောင်း (၀ါ) Normal လူတစ်ယောက်မှာရှိသင့်တာတက် များနေတာ။ သွေးပေါင်ချိန်များနေရင် သွေးတိုးတယ်၊ သိုက်ဝိုက်ဟောမုန်များရင် hyperthroidism ရောဂါဖြစ်တယ်။
Hypo and Hyper အစွန်း နှစ်ဘက်က မကောင်းသော ရောဂါဖြစ်တဲ့အစွန်းတွေဖြစ်ပြီး အလယ်ကတော့ ကောင်းမွန်တဲ့ ရောဂါကင်းတဲ့ အခြေအနေပါ။
No comments:
Post a Comment