ဆရာဝန်တွေအနေနဲ့အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီဆိုရင် လက်ထောက်ဆရာဝန်အဖြစ်နဲ့ မြန်မာတစ်နိုင်ငံလုံး ဘန်းထဲက ဇီးဖြူသီးတွေလို တစ်နေရာမှာအခြေမချခင် တစ်မြို့ပြီးတစ်မြို့ပြောင်းရပါတယ်။ တစ်နေရာမှာ ၂ နစ်ပြည့်ရင် TRANSFER ထဲမှာထဲ့စဉ်းစားတယ်လို့ပြောပါတယ်။ဒါပေမဲ့ လူကြိုက်များတဲ့ မြို့ဆို လိုချင်တဲ့သူက ပိုက်ဆံထုပ်ပိုက်လိုက်တာမို့ ၂ နစ်မပြည့်ခင်ပြောင်းရတတ်ပြီး၊လူမကြိုက်တဲ့ ချောင်ချိုချောင်ကြားဆိုရင်တော့ တစ်ဝဂူလို ပြန်ထွက်ဖို့ခဲယဉ်းတာ မြန်မာနိုင်ငံ အဆိုးရ၀န်ထမ်း ဆရာဝန်တွေ၍ဘ၀ပါ။ ဒီကြားထဲ ကိုယ်က ရိုးရိုးဆရာဝန်ဆိုရင် ကိုယ့်ထက်အရမ်းငယ်တဲ့ ဘွဲ့လွန်ရထားတဲ့ နောက်ပေါက်ဆရာဝန်တွေရဲ့အမိန့်ပေးတာပမာမခံဆက်ဆံထာလဲခံရနိုင်ပါတယ်။ အစိုးရ၀န်ထမ်းဘ၀ပဲ ဆက်နေမယ်။ BACKGROUND လဲမရှိဘူး။ လဒ်လဲမထိုးတတ် ထိုးလဲမထိုးချင်ဘူးဆိုရင်တော့ ဘွဲ့လွန်တစ်ခုခုတော့ရထားမှဖြစ်ပါတယ်။
ဘွဲ့လွန်ထက်မယ်ဆိုတော့ ဘာတတ်မလဲ၊ MSc ဘွဲ့တွေက အလွတ်ကျက်ရမဲ့ anatomy, pharmacolgy တွေပြန်ဖြေရမယ်။ မှတ်ဥာဏ်မကောင်းရတဲ့ကြား အဲ့ဒါတွေတော့ပြန်မကျက်နိုင်တော့ ။ဒီတော့ Diploma ထဲကရွေးရမယ်။ ခလေး ဒီပလိုမာက စာနည်းတယ်။ ဒါပေမဲ့ ခလေးတွေက နေကောင်းတဲ့အချိန် ချစ်စရာကောင်းပေမဲ့ နေမကောင်းရင် ငိုနေတာတော့ စိတ်မချမ်းသာ။ ဒါလဲမဖြစ်သေး၊ Psyco ကတော့ ကိုယ်နဲ့မဖြစ် နဂိုကမှ ခေါင်းချောက်ချောက် ကိုယ်အရင်လူနာဖြစ်သွားနိုင်တယ်။ နားနခေါင်း-ကိုယ်က အလွန်ရွံတတ်တာ လုံးဝမဖြစ်။ မျက်စေ့ အထူးကု -ဒါကမဆိုးဘူး။ အရေးပေါ်လည်းမရှိဘူး။ လူနာနဲ့လဲထိတွေ့မှူရှိတယ်။ ဆိုပြီး မျက်စေ့ ဒီပလိုမာဖြေဖို့လျောက်လိုက်ပါတယ်။ စာတွေ့အောင်ပြီး viva သွားဖြေရပါတယ်။ အဲ့ဒီမှာ ဆရာတို့က service တစ်နစ်ကို ၂ မှတ်ပေးတယ်။ မင်းက တစ်နစ်ပဲရှိတယ်။ (service တစ်နစ်ပြည့်မှ ဘွဲ့လွန်ဖြေခွင့်ရှိပါတယ်) ကျန်တဲ့သူတွေက ၅-၁၀ နစ်ရှိတော့ အမှတ်အပြတ်ကွာသွားတယ်။ နောင်နစ်ကျရင်တော့ စာမေးပွဲမဖြေခင် တစ်လခွင့်ယူပြီး ဆရာတို့ဆီလုပ်အားပေးရင်း လက်တွေ့လေ့လာပါတဲ့။ ဟုတ်ပြီးပေါ့ သူတို့ပြောတဲ့အတိုင်း နောင်နစ်လုပ်ရုံပဲ။
နောင်နစ် ဘွဲ့လွန်ဖြေဖို့စောင့်နေတုံး စပ်စံထွန်းဆေးရုံ မျက်စေ့ဌာနက assistant Diploma in ophtomology ရထားတဲ့ မမ maternity leave သွားတာမို့ ကျမကို မျက်စေ့ဌာနကို တာဝန်ချပေးပါတယ်။
မျက်စေ့ဌာနမှာ တစ်နေ့တစ်နေ့ မျက်စေ့စစမ်းပေးရတာကများပြီး၊မျက်စေ့နာရောဂါနဲ့ ခွဲစိပ်ခမ်းမှာလဲ အတွင်းတိမ်ခွဲရတာလောက်ပဲရှိပါတယ်။ maternity leave ကပြန်လာတဲ့ မမကိုသူမရဲံဆေးခန်းအကြောင်းမေးတော့ မမက ဆေးခန်းမှာလဲ မျက်စေ့နဲ့ပတ်သက်တဲ့လူနာတွေပဲလာကြောင်း။ လူနာတွေက ဒို့ကိုဒီပြင်ရောဂါတွေမကုတတ်တော့ဘူးလို့ထင်ကြတယ်ထင်တယ်တဲ့။ ကျမ စဉ်းစားရပြီး တစ်သက်လုံး stereotype life နဲ့နေနိုင်မလာ။
ဓါတ်ခွဲခန်းမှာတာဝန်ကျတုံးက အလုပ်စုံတာတွေ့ရတယ်။ ရောဂါပေါင်းစုံ ဓါတ်ခွဲခန်းကိုရောက်တယ်။ ခွဲစိတ်ထားတဲ့လူနာတွေရဲ့ အသားစတွေမှာရောဂွရှာတာ၊ သွေးဘဏ်၊ ပိုးမွေးတာ ၊သွေးရောဂါ၊ သွေး biochmistry အိုစုံမှစုံ ။ဒါပေမဲ့ဒီဘွဲံလွန်က သူများဒီပလိုမာလို့ တစ်နစ်မဟုတ် ၂ နစ်။ပြီးတော့ ဘယ်ဘွဲ့လွန်မှ ရုံးလို့ထွက်ရတာ မရှိဘူး။ ဒါပေမဲ့ Diploma in pathology ကတော့ ထွက်ရတဲ့သူတွေရှိတယ်။ Patholgy ကခက်တာ ဆေးကျောင်းသူဘ၀တဲ့ကသိခဲ့တာပဲ။ Patholgy ကျလို့ scolarship တွေပြုတ်ခဲ့
တဲ့သူတွေအများကြီးရှိခဲ့တာပဲ။ တစ်သက်လုံးနဲ့စားရင် တစ်နစ်ပိုတာ တန်ပါတယ်လို့ဆုံးဖြတ်ပြီး Diploma in Pathology ဖြေဖို့ဆုံးဖြတ်လိုက်ပါတယ်။
theory အောင်လို့ Patholgy viva ၀င်ရတော့ examiners တွေကကျမရဲ့ ဆေးကျောင်းသူဘ၀က အမှတ်တွေကြည့်ပြီး မေးတာက Pathology တစ်ခုပဲ grade 3 ရပြီးကျန်တာတွေ grade 4 ရနေတာဘာလို့ grade 3 ရတဲ့ Pathology ကိုဘာလို့ရွေးတာလဲတဲ့။
Pathology ဘာသာရပ်ကိုစိတ်ဝင်စားတာပါလို့ပြောရင် ကိုယ့်ကို grade 4 ပေးထားတဲ့ ဆ၇ာတွေကိုကျေးဇူးကမ်းရာကျတော့မယ်။ ဘယ်လိုဖြေရမှန်းမသိဖြစ်နေတုံး ၊ Pathologist ဆရာက ခင်ဗျာသိတဲ့အတိုင်းပဲလေ ဆရာကြီး ခင်မောင်ဝင်းလက်ထက်က ဘယ်သူ grade 4 ရလို့လဲ ဆိုတာနဲ့ ကျမကိုဘာမှမမေးတော့ပါဘူး။ အဲ့ဒီနစ်က ဖြေသူ၎ ယောက်လုံးအရွေဒခံရပါတယ်။ ဖြေတဲ့သူနည်းတာရယ်၊ ဆေးရုံတွေမှာ ရောဂါဗေဒဆရာဝန်ကြီးတွေအများကြီးလစ်လပ်နေတာကြောင့် ဖြေတဲ့သူတိုင်းရွေးတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ကျမတို့ထဲက တစ်ယောက် စာမလိုက်နိုင်လို့ထွက်သွားပါတယ်။ ဆေးပညာကအလွန်တိုးတက်နေတာကြောင့်ပထမနစ်မှာသင်တာတွေက ကျမတို့အတွက်အသစ်အဆန်းတွေကြီးပါပဲ။ ဆေးကျောင်းကလာတဲ့ သူနဲ့ Lecture တို့ အပြန်အလှန် ဆွေနွေးတာကိုကျမတို့ ဆေးရုံကလာတဲ့သုံးယောက်သာ အငေးသာတိုင်ကြည့်နေကြရပါတယ်။
No comments:
Post a Comment