:include data='blog' name='google-analytics'/>

Wednesday, August 22, 2018

ကျမ ဒေါ်မမရဲ့သားအိမ်ပါ။

ကျမက ဒေါ်မမရဲ့ သားအိမ်ပါ။ ကျမက ပန်းနုရောင် ကြွက်သားအိပ်ပါ။ ဒေါ်မမရဲ့ ၀မ်းဗိုလ် အောက် ပိုင်းမှာ အရွတ်တွေနဲ့ချိတ်ဆွဲထားပါတယ်။ အကြမ်းအားဖြင့် ပဲသီး (pear) အရွယ်လောက်ရှိပါတယ်။ မြန်မာအသီးအနှံအနေနဲ့တော့ ခရမ်းသီးအငယ်စားလို့ ပြောရပါမယ်။

ကျမကိုယ်အလေးချိန် ၅၇ ဂရမ်ရှိပါတယ်။ ကျမကို ကြက်ဝပ်ကျင်းလို့ မတရားပြောကြတယ်။ ကျမက စကြာဝဠာတစ်ခုလုံး ရင်သပ်ရှုမောရမဲ့ အံ့သြဖွယ်ရာကိုလုပ်နိုင် ပါတယ်။ ကျမက မြင်သာရုံရှိတဲ့ ဆဲလ်အနည်းငယ်ကနေ ဆဲလ်ပေါင်းကုဋေချီရှိတဲ့လူသား တစ်ယောက်ဖြစ်လာအောင်ပြုစု ပျိုးထောင်ပေး လို့ပါပဲ။

ဘ၀သစ်အတွက် စောင့်ရှောက်ရေးဟာ ရိုးရှင်းတဲ့အလုပ်လို့ထင်ရတယ်။ တကယ်က အလွန် ရှုပ်ထွေးပွေလီပြီး ကျမအတွက်စိတ်ပျက်စရာအလုပ်ပါ။ လစဉ် အပျိုဖေါ်ဝင်ကစပြီး မီးရပ်ဆုံးချိန် တိုင် အောင် ကျမ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အကြီးအကျယ်ပြင်ဆင် လိုက် ရတာ အကြိမ် ပေါင်း ၄၀၀ ကျော်ရှိမယ်။ ဒါပေမဲ့ ဒေါ်မမ သုံးခါပဲကိုယ်ဝန်ဆောင်ပါတယ်။ ပြောရမယ်ဆိုရင် အလှပဆုံး ပန်းစီးတွေနဲ့ ဖိတ်စာပေါင်း ၄၀၀ လုပ်ခဲ့ပေမဲ့ သုံးယောက်ပဲ လက်ခံခဲ့သလိုပါပဲ။

          လစဉ် ပြင်ဆင်ရတာ မျက်စိပြာလု့နီးပါး၊ ဓါတုဗေဒဓါတ်ခွဲခန်းဆောင် ရွက်ချက် တွေ လဲပါတယ်။ အလွန်အနုစိတ်တဲ့သွေးကြောမျှင်ကွန်ရက်တွေတည်ဆောက်ရတယ်။ အသစ် အသစ်သော အကျိတ်အိပ် တွေ၊ တစ်ရှုး (tissues) သစ်တွေလည်းတည်ဆောက်ရတယ်။ ဒေါ်မမ ရဲ့မျိုးပွါးအိမ် (ovary) ကထွက်လာတဲ့ အမျိုးသမီးဟော်မုန်း (estrogen hormone) ကြောင့် ကျမရဲ့ (endometrium) ခေါ်တဲ့ ကတ္တီပါလိုနုညံ့တဲ့ သွေးအိပ်ရာခင်းဟာ ထူထပ်လာပြီး၊ ကျမ ရဲ့အကျိတ်အိပ်တွေဟာလည်း ဘ၀သစ်အတွက် လိုအပ်တဲ့ အာဟာရတွေပေးဖို့ များပြား လာတယ်။ လလယ် ရောက်တဲ့အခါ နောက်ထပ်ထူးဆန်းတဲ့ ဓါတ်ပြောင်း လဲခြင်းတွေဖြစ်တယ်။

ကျမက ဟောင်းလောင်းပေါက်ကြွက်သားအိပ်ဖြစ်ပြီး လက်ဖက်ရည်တစ်ဇွန်းစာလောက် အရည် ကိုသာလက်ခံနိုင်တယ်။ ပြီးတော့ကျမရဲ့ကြွက်သားတွေက မှန်မှန်ကြီး ကျုံ့ (contract) နေကြတယ်။ ဒီကြွက်သားကျုံ့ခြင်းတွေက သန္ဓေသားကိုသတ်ပြစ်မှာ။ ကြွက်သား တွေမကျုံ့အောင် ဒေါ်မမရဲ့ မျိုးပွါးအိမ် က လလယ်ရောက်တဲ့အခါ (progesterone)  ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထပ်ထုတ်တယ်။ ဒီဟော်မုန်းက ကျမရဲ့ သွေးအိပ်ရာခင်းကို သန္ဓေသား လက်ခံနိုင်အောင်ပြင်ပေးတယ်။ (estrogen hormone) ကြောင့် ကြီးထွား၊ များပြား နေတဲ့ အကျိတ်အိပ်တွေကနေ အကျိတ်ရည်တွေထွက်စေတယ်။အဲ့ဒီအကျိတ်ရည်တွေက သန္ဓေသားလေး ကြီးထွားဖို့လိုအပ်တဲ့ အစာအာဟာရတွေပေးတယ်။

          ကျမမှာ အပေါက် ၃ ပေါက်ရှိတယ်။ ၂ ပေါက်က (fallopian tube) လို့ ခေါ်တယ်။ သူတို့က ဘယ်၊ ညာမှာရှိတဲ့ အမမျိုးဥအိပ်တွေဆီက ထွက်ကျ လာတဲ့ အမမျိုးဥ (ovum) တွေကို ကျမရဲ့ ကိုယ်ထဲ ရောက်အောင်သယ်ပေးတယ်။ ကျမမှာ အမမျိုးဥအိပ် နှစ်ခု ရှိပေမဲ့ တလမှာ အမမျိုးဥအိပ်တစ်ခုက အမမျိုးဥတစ်လုံးပဲကြွေတယ်။

ကျန်တဲ့ တတိယ ပေါက်က အချိုရည်စုပ်တဲ့ပိုက် (straw) လောက်ရှိတဲ့ သားအိမ်ခေါင်း လို့ခေါ်တဲ့ (cervix) ပါ။ ဒီအပေါက်ကနေ အဖိုမျိုးဥဖြစ်တဲ့ (sperm) တွေဝင်လာတယ်။ ခလေး မွေးတဲ့ အခါလည်း ဒီအပေါက်ကအပြင်ကိုထွက်ရတာ။ ဒေါ်မမရဲ့ အမမျိုးဥ ကြွေတဲ့အချိန်မှာ cervix ထဲမှာရှိတဲ့ အကျိတ်အိပ် တွေကနေ အချွဲတွေပိုထုတ်တယ်။ အဲ့ဒီအချွဲစီးချောင်းကနေ sperm တွေအလွယ်တကူ အမမျိုးဥဆီ ကူး သွား စေတယ်။ အခုကျမ သန္ဓေသားကိုပြုစု စောင့် ရှောက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ သန္ဓေသား မရောက်လာဘူးဆိုရင် ကျမပြင်ဆင်ခဲ့တဲ့ သွေးကြောတွေ၊ အကျိတ်အိပ်တွေ၊ တစ်ရူးသစ်တွေ အားလုံးကို ဖျက်ဆီးပြစ်ရမှာ။ အဲ့ဒီလုပ် ရပ်က ဒေါ်မမ မီးရပ်သွေး လာခြင်းပဲ။

ကျမရဲ့ အရေးကြီးဆုံးအချိန်က ပထမ ခလေးရောက်ရှိလာခြင်းပဲ။ ကျမရဲ့ အရည်အချင်းတွေ စွမ်းဆောင်ချက်တွေပြရတဲ့ အချိန်ပဲ။ အမမျိုးဥနဲ့ အဖိုမျိုးဥပေါင်းမိပြီး ဆဲလ်တွေတောင် စပွါးနေပြီ။ အဲ့ဒီ အောင်မြင်တဲ့ သန္ဓေသားလေး fallopian tube ကနေကျမရဲ့ ကိုယ်ထဲလာ တဲ့ လမ်းတစ်လျောက်မှာ သူ့ အတွက်အစာက တစ်နေရာကပဲရတယ်။ အဲ့ဒါက egg yolk ခေါ်တဲ့မျိုးဥရဲ့ အစာပဲ။ ဒီအစာကလည်း ကျမဆီရောက်ရုံလောက်ပဲရှိတယ်။ ကျမဆီရောက်တာနဲ့ သန္ဓေသားလေးက ကျမကိုယ်ထဲကို လက်တံတွေ ထိုးထဲ့တယ်။ အခုဆိုရင်သူ့အတွက် လုံခြုံ စိတ်ချရတဲ့ နွေးထွေးတဲ့ အစာကြွေးမဲ့အိမ်ရပါပြီ။ ကျမ ၂၄ နာရီ ပတ်လုံးမရပ်မနား ၉ လ တိုင်တိုင်အလုပ်လုပ်နိုင်ဖို့ အချင်းကကူညီပါတယ်။ သူက သေးသေးလေးကနေ တစ်ကီလို လေးပြီး ၁၈ စင်တီမီတာအချင်းရှိတဲ့ အနီရောင် ဘိန်းမုန့်အရွယ်ထိ ကြီးလာတယ်။ သူက ဒေါ်မမ ခလေးအတွက်၊ အဆုတ်၊အသဲ၊ကျောက်ကပ်၊အစာလမ်းကြောင်းတွေရဲ့လုပ်ငန်းတွေကိုဆောင်ရွက်ပေးတယ်။ ခလေးရဲ့အသက်သွေးကြောကတော့ ချက်ကြိုးပါ။ သူက ၁၂ စင်တီမီတာကနေ တစ်မီတာကျော်ရှည်နိုင်တယ်။ ချက်ကြိုးထဲမှာသွေး လွှတ်ကြော၂ချောင်းနဲ့ သွေးပြန်ကြောတစ်ချောင်းရှိတယ်။ လွှတ်ကြော၂ချောင်းကခလေးဆီက အမှိုက်တွေကို အချင်းဆီ သယ်လာ တယ်။ အဲ့ဒီကတဆင့် ဒေါ်မမရဲ့သွေးကြောထဲရောက်တယ်။ ပြီးတော့ ဒေါ်မမရဲ့ အသဲတွေ၊ အဆုတ်တွေ၊ကျောက်ကပ်တွေကနေတဆင့်ထုတ်ပြစ်တယ်။

            သွေးပြန်ကြောကတော့ဒေါ်မမရဲ့သွေးထဲက ဗီတာမင်၊ ကာဗိုဟိုက်ဒရိုတ်၊ အောက်ဆီဂျင်၊ သတ္ထုဓါတ်၊အမိုင်နိုအက်စစ်တွေယူလာပေးတယ်။ အချင်းရဲ့နုညံ့ပါးလွှာတဲ့သွေးကြောမျှင်လေး တွေက ဒေါ်မမနဲ့ သူ့ခလေးကိုခွဲခြားထားပေမဲ့ အညစ်အကြေးနဲ့ အစားအစာလှဲလှယ်ခြင်း ကို လုပ်ပေးတယ်။ သူတို့နှစ်ယောက် သွေးမတဲ့ရင် အန္တရာယ်ကြီးတာမို့ သူတို့သွေးနှစ်မျိုးကတော့ ရော်နှော်ခြင်း မရှိဘူး။

ဒေါ်မမရဲ့ အိမ်ငှါး ကြီးလာတာနဲ့အမျှ ကျမလည်းလိုက်ကြီးလာတာ နောက်ဆုံး အဆ ၅၀၀ အထိ ကို ကြီးလာတယ်။ ကျမရဲ့ပုံသဏ္ဍန်ကလည်း ခရမ်းသီးပုံကနေ၊ ကမ္ဘာလုံးပုံ၊ နောက်ဆုံးဘဲဥပုံဖြစ်လာတယ်။ ဒီထက်ပိုအရေးကြီးတာက ကျမ အလွန်သန်မာလာတာပဲ။ ကျမရဲ့ ကြွက်သားတွေက ကြီးထွားလာရုံမက အလေးချိန်ပါများလာတယ်။ ဒီလိုဖြစ်လာမှ ကျမရဲ့ အိမ်ငှါးရဲ့ ကန်ကြောက်တာတွေကိုခံနိုင်တဲ့အပြင် စူပါမန်(superman) ကို တောင် မောပန်းစေမဲ့ မွေးဖွါးတဲ့ ဒါဏ်ကိုခံနိုင်မှာ။

          ၇ လလောက်မှာ ဒေါ်မမ ခလေးက နေရာခဏခဏပြောင်းတယ်။ နောက်ပိုင်းကျတော့ ကမ္ဘာ့ ဆွဲဆောင်မှုကြောင့် ၉၆%  သောခလေးတွေက ခေါင်းစောက်ထိုးအနေအထားမှာ နေတယ်။ ဘာလို့လဲ ဆိုတော့ ခလေးရဲ့ခေါင်းက အလေးဆုံးသောအပိုင်းဖြစ်လို့ပဲ။ အဲ့ဒီအနေ အထားက တကယ်တော့ မွေးဖွါးဖို့ ကောင်းတဲ့ ပုံလည်းဖြစ်တယ်။

ကျမကြီးထွားပြီးသန်မာလာတာနဲ့အမျှ ကျမလမ်းမှာရှိတဲ့အရာအားလုံးကို ကျမတွန်းထိုး ပြစ်တယ်။ ကျမ ဆီးအိမ်ပေါ် ဖိထားလို့ ဒေါ်မမ ရေအိမ် ခဏခဏသွားနေရတယ်။ ကျမ အစာအိမ်နဲ့ အူလမ်းကြောင်း ကို တိုးကြိတ်လို့ ဒေါ်မမအစာမကြေခြင်းစတဲ့ အစာလမ်းကြောင်း ပြဿနာတွေဖြစ်နေတာ။ ၉ လလောက် မှာတော့ ဗိုလ်တစ်ခုလုံးကိုကျမ မောင်ပိုင်ဆီးထားတယ်။ ကျမအလုပ်လဲပြီးတော့မယ်။ ကျမ အလွန့်အလွန် တိုတောင်းတဲ့အချိန်မှာ ကပ်ပါးလေးကို ၃ ကီလိုမီတာရှိတဲ့ ကိုယ်ဘာသာ ရှင်သန်နိုင်တဲ့ ခလေး အဖြစ် ပြောင်းလိုက်ပါပြီ။

တစ်ညနေမှာ ဘာကြောင့်မှန်းမသိပဲ ကျမရဲ့ လက်သဲလောက်ရှိတဲ့ တတိယပေါက် က ၁၂ စင်တီမီတာလောက် ကျယ်လာတယ်။ ဒါမှခလေးခေါင်းဆန့်မှာ။ မွေးဖွါးတဲ့အလုပ်က တော် တော်လက်       ၀င်ပြီး အချိန်ယူရတဲ့ကိစ္စဖြစ်တယ်။ ကျမရဲ့ကြွက်သားတွေကလည်းပိုပိုကျို့ လာတာ နောက်ပိုင်းမှာ ၂-၃ မီနစ်တစ်ခါ ကျုံ့လာတယ်။ တစ်ခါကျုံ့ရင်လည်း တစ်မီနစ်လောက် ကြာလာတယ်။ တစ်ချိန်လုံး ကျမက ခလေးရဲ့ခေါင်းကို အပေါက်ချဲ့ဖို့ သုံးတယ်။ ကျမရဲ့ ကြွက်သားတွေ ကလည်း ၇ ကီလိုမီတာ အလေး လောက် ကို ကန်နိုင်လာတယ်။ ဒါပေမဲ့ သိပ်မလုံလောက်သေးဘူး။ ၁၂ ကီလိုမီတာအလေးလောက် လိုအပ်တယ်။ ဒေါ်မမရဲ့ ဗိုလ်ကြွက်သားတွေနဲ့ diaphragm တွေကလည်း ၀ိုင်းကူကြတာမို့ နောက်ဆုံးခလေး အပြင် ရောက်သွားတယ်။

          ကျမအခု အိမ် သန့်ရှင်းရေးလုပ်ရမယ်။ အချင်းလည်း မလိုတော့ဘူး။ ကျမ သူ့ကို ကန်ထုတ် လိုက် တော့မယ်။ သွေး မသွန်အောင် သွေးကြောတွေကိုဖိပိတ်ပြစ်ရမယ်။ ကိုယ်ဝန် စကာ စက ကျမ ၅၇ ဂရမ်ပဲ လေးတယ်။ ကျမ ၁၆ ဆလောက်အလေးချိန်တက်လာတာအခု တစ်ကီလိုတောင် ကျော်နေပြီ။ နောက် တလ နှစ်လမှာ ကျမနဂိုအလေးချိန်ပြန်ရောက်အောင် အားကစားတွေလုပ်ရမယ်။ ကျမဒီအလုပ်ကို ဒေါ်မမရဲ့ ဒုတိယနဲ့ တတိယခလေးတွေအတွက် နောက်ထပ်နှစ်ခါ ထပ်လုပ်ရတယ်။ အခု ဒေါ်မမ အသက်၄၂နှစ်ရှိပြီ၊ မီးရပ်ဆုံးခါလဲနီးလာပြီ။ မီးရပ်ဆုံးရင်တော့ ကျမအလုပ်လုပ်စရာမလိုတော့ဘူး။ ကျမ အရွယ် လည်း နဂို ခလေးမလေးရဲ့ သားအိမ်အရွယ်ကိုပြန်ရောက်တော့မယ်။

ဒေါ်မမရဲ့ ဘ၀မှာကျမသူ့ကိုဒုက္ခမကြာခဏပေးခဲ့တယ်။ ပြောရမယ်ဆိုရင် ကျမက ဒုက္ခပေးတဲ့ နေရာမှာ နံပတ်တစ်လို့ပြောရမယ်ထင်တယ်။ အများဆုံးဒုက္ခကတော့ သူ မီးရပ်လာတိုင်း နာအောင် လုပ် တာပဲ။ နောက်တစ်ခုက ကျမရဲ့ကြွက်သားတွေမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့အသားပို (Fibroid) တွေ ထွက်လာတာပဲ။ အခြားအမျိုးသမီးတွေလိုပဲ ဒေါ်မမက သူတို့ကိုကင်ဆာလို့ထင်တယ်။ ဒီအတွက် တော့ ပူစရာမလိုပါဘူး။ Fibroid က ကင်ဆာ ဖြစ်တယ်ဆိုတာ ၂၀၀ မှာ တစ်ယောက်တောင်မရှိပါဘူး။ တကယ်လို့ ကျမရဲ့ အခင်း (endometrium) ကောင်းကောင်းမကြီးထွားဖူး၊ မဖျက်သိမ်းဘူးဆိုရင် သူ့ ကို ခြစ်ပြစ်တဲ့ ခွဲစိပ်မှုကိုလုပ်ရမယ်။ ဒီခွဲစိပ်မှုမှာ ကျမရဲ့တတိယ အပေါက်ကိုဇွန်းလို ခြစ်တဲ့ပစ္စည်း ထဲ့လို့ ရအောင်အရင်ချဲ့ရတယ်၊ ပြီးတော့ မကောင်းတဲ့ အခင်းကိုခြစ်ထုတ်ပြစ်ရတယ်။ ဒီလို လုပ်ခြင်း ဖြင့် များသောအားဖြင့် ကောင်းသွားပါတယ်။

ရင်သားကင်ဆာပြီးရင် ကျမက ဒေါ်မမအတွက် ဒုတိယကင်ဆာအဖြစ်ဆုံးအင်္ဂါဖြစ်ပါ တယ်။ ကံကောင်းထောက်မစွာ ကျမရဲ့ ကင်ဆာနှစ်ခုဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ(cervical cancer) နဲ့ အခင်းကင်ဆာ (endometrial cancer) တွေကိုအလွယ်တကူစမ်းသပ်လို့ရ ပါ တယ်။ ပြီးတော့ စောစော သိရင် ၉၀% က ကုသလို့ရပါတယ်။ ကျမရဲ့ အခင်းကင်ဆာက မမှန်သောသွေးဆင်းခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အသက်၄၀ ကျော်ရင်ပိုဂရုစိုက်ရပါမယ်။ ဒီသွေးဆင်းခြင်းက တခြားအကြောင်းတွေ ကြောင့် ဖြစ်နိုင်ပေမဲ့ အခင်းကင်ဆာမဟုတ်ဘူးဆိုတာ သေချာအောင် စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

သားအိမ်ခေါင်းကင်ဆာ(cervical cancer) အတွက် ကာကွယ်ဆေး vaccine ရပါပြီး၊ ဒီကင်ဆာ ဟာလိင်ဆက်ဆံခြင်းမှ ကူးဆက်သော ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာမို့ ယခုအခါ US၊ Australia and Europe မှာ လိင်မဆက်ဆံကြသေးတဲ့ မီးကောင်ပေါက်မိန်းခလေးများကိုထိုးပေးပါတယ်။ အမျိုးသမီးကြီးများ ကို တော့ ကင်ဆာ ဖြစ်ဖြစ်ချင်းသိရအောင် Pap test ခေါ်တဲ့ သားအိမ်ခေါင်းကကြွေကျတဲ့ အသားစများကို စစ်ဆေးခြင်းကို မှန်မှန်စစ်ဆေးပေးပါတယ်။

ဝမ်းနည်းဖို့ကောင်းတာက အမျိုးသမီးအများစုက ကျမကိုပြဿနာမ လို့မြင်ကြတာပဲ။ တကယ်က ကျမက ဆုတွေပေးတဲ့သူပါ။ ကျမကြောင့် အမျိုးသမီးအပါအ၀င် လူသား အားလုံး ဖြစ်တည်ကြရတာ ဆိုတာကို မမေ့သင့်ပါဘူး။


J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုဆီလျောအောင်ဘာသာပြန်ပါသည်။

No comments:

Post a Comment