:include data='blog' name='google-analytics'/>

Saturday, August 4, 2018

ဒုက္ခအမျိုးမျိုး၏အဓိပ္ပါယ်။

ဒုက္ခသုံးမျိုး။                                                                           
၁။ ဒုက္ခဒုက္ခ = သိသာထင်းရှားသောသာမန်ဆင်းရဲခြင်းသဘော။ ဥပမာ၊ခေါင်း ကိုက်ခြင်း၊ဖျားနာခြင်း၊စသည် တို့သည် နဂိုရှိသောဒုက္ခသစ္စာခန္ဓာငါးပါးအပေါ်တွင်အပိုဒုက္ခများထပ်တိုးလာခြင်းဖြစ်သည်။နဂိုဒုက္ခသစ္စာခန္ဓာကြီးပေါ်တွင်အပို ဒုက္ခတွေထပ်မံတိုးလာသောကြောင့် ဒုက္ခဒုက္ခ ဟု ခေါ်သည်။
ထိုဒုက္ခကိုတိရစ္ဆာန်ပင်သိသည်။ ၎င်းဒုက္ခဒုက္ခ ကိုကုစားနိုင်သည်။ ဥပမာ အနာသက်သာဆေးများ။

၂။ ဝိပရိဏာမဒုက္ခ = ဖောက်ပြန် ပြောင်းလဲမှု ကြောင့်ဖြစ်သော ဆင်းရဲခြင်းသ ဘော။ ဥပမာ၊ အိုလာခြင်း၊ သွားကြိုးခြင်းစသည်။ ထိုဒုက္ခကိုသိခြင်းဖြင့် သံဝေဂ သာရသည်ဝိပဿနာဥဏ်မဖြစ်။  ၀ိပဿနာတရားမပွါး
များသောသာမန်လူများပင်သိနိုင်သည်။ ဝိပရိဏာမဒုက္ခ ကိုလည်းဆေးများ၊ ခွဲစိပ် ခြင်းတို့ဖြင့် ကုနိုင်သည်
၃။ သင်္ခါရဒုက္ခ = ခန္ဓာငါးပါးများဖြစ်ပျက်ခြင်းတည်းဟူသောဒုက္ခ။ ထိုဒုက္ခ ကိုသိရန် ဝိပဿနာ အား ထုတ် ရခြင်းဖြစ်သည်။ ပရမတ္တတရားများသည်အဆက်မပြတ်ဖြစ်နေ၊ပျက်နေကြသည်။ ပရမတ္တရုပ်သည် တစ်စက္ကန့် တွင် ကုဋေငါးထောင် ရှစ်ရာရှစ်ဆယ်နှစ်ကုဋေ၊ သုံးသန်း ငါးသိန်း နှစ်သောင်း ကိုး ထောင် လေးရာတစ်ဆယ့် တစ်ကြိမ်ဖြစ်ပျက်သွားသည်။ပရမတ္တနာမ်သည်တစ် စက္ကန့်တွင် ကုဋေတစ်သိန်းဖြစ် ပျက်သွားသည်။ သင်္ခါရဒုက္ခ ကိုတော့ ဘယ်ဆေး၊ဘယ်ခွဲစိပ်မှုဖြင့် မကုစားနိုင်။


No comments:

Post a Comment