Friday, May 18, 2018
ှSpecial လစ်များ
ကျမ ဆေးခွင့်ပြည့်လို့ စပ်စံထွန်းဆေးရုံကိုအလုပ်ပြန်ဝင်တော့ ကျမကို OPD နဲ့ Emergency မှာပဲပြန်တာဝန်ပေးပါတယ်။ ကျမတို့ဆရာဝန်လောကရဲ့ professional အကိုကြီးအမကြီးများရဲ့ professional ညီငယ်ညီမငယ်လို့ ပြောရမဲ့ juniors aတွအပေါ်မှာထားတဲ့ စေတနာတွေကိုကျမ၀မ်းနည်းစွာကြုံတွေ့လိုက်ရပါတယ်။ ကျမအနေနဲ့ TB ရောဂါ တပ်မံအကူးမခံနိုင်ပါဘူး၊ နောက်တခါ ကူးရင် အခုလိုကံကောင်းချင်မှကောင်းမယ်။ မကူးရင်တောင် ကျမ TB ဘယ်တော့ကူးမလဲဆိုပြီး Psyco ဖြစ်မှာသေခြာပါတယ်။
ကျမ အဖြစ်က ဆရာဝန် ၂၅ ဦးသာရှိတဲ့ ဆေးရုံမှာ ဟိုလေးတကြော်ဖြစ်ပြီးသားမို့ ကျမကို တာဝန်ချတဲ့ ဆရာဝန်ကြီးလဲသိပြီးသားပါ။ ဒါပေမဲ့ ဘာကြောင့် OPD နဲ့ Emergency မှာပြန်ချသလဲဆိုတော့ OPD နဲ့ Emergency ကိုဘယ်သူမှမသွားချင်လို့ပါ။
ဆရာဝန်ကြီးတွေကလဲ ညနေပိုင်း ဆေးရုံလစ်ြပီး golf ကွင်းသို့သွားနိုင်အောင် တပည့် တစ်ယောက်ဆီမွေးထားပါတယ်။ AS ဆရာဝန်တွေကလည်း ၀မ်းမြောက်ဝမ်းသာ တပည့်ခံပါတယ်။ သူတို့အနေနဲ့OPD နဲ့ Emergency ကိုသွားစရာမလိုတော့ပါဘူး။ eye တို့ plastic surgery လိုဌာနမျိုး က တလနေလို့ အရေးပေါ်လူနာတစ်ယောက်လာတာမှမဟုတ်တာ။ ဒီတော့ ရောက်ကာစ ဆရာဝန်အသစ်တွေ က OPD နဲ့ Emergency မှာဘဲတောက်လျောက်တာဝန်ထမ်းဆောင်ကြရပါတယ်။
OPD နဲ့ Emergency ကလူပင်ပမ်းတဲ့အပြင် စိတ်ပါပင်ပမ်းရပါတယ်။ လုပ်ငန်းအရတွေ့ကြုံလာတဲ့ အခက်အခဲကိုဘယ်သူ့ကို ဆရာတင်ရမှန်းမသိ၊ အကူအညီတောင်းရမဲ့သူလဲမရှိပါဘူး။ အရေးအကြောင်းဆိုဖတ်စရာ ဆေးစာအုပ်တောင်မရှိပါဘူး။ အရေးကိစ္စကြုံလာရင်လဲ အားလုံးကခေါင်းရှောင်သွားကြပါတယ်။ ကျမ တောထဲက ခေါင်းပြတ်၊လိင်အင်္ဂါပြတ်လူသေအလောင်းကိုလိုက်ကြည့်ရတဲ့ အကြောင်း၊စကားစပ်မိလို့ဆရာဝန်ကြီးတစ်ဦးကိုပြောပြတာ၊ နောက်ဆို ဘယ်သူ့ခေါ်သွား ဘယ်လိုလုပ်ဆိုတဲ့အကြံဥဏ်မပေးပဲ၊
အဲ့ဒီအလောင်းကိုခွဲရင် မိန်းမဆို သားအိမ်တွေ့မယ်တဲ့။ သားအိမ်တွေ့တော့ကော် ဘာထူးမှာလဲ။ သူသာဆို၊ သူ့ဆွေမျိုးဆို အဲ့လိုလုပ်ခိုင်းမလားလို့မေးချင်လိုက်တာ။
OPD နဲ့ Emergency တာဝန်ကျတုံး က အဖြစ်တစ်ခု ကြုံတုံးပြောပြချင်ပါတယ်။
တစ်နေ့မှာ ၀ါဆီဆိုတဲ့ပိုးသတ်ဆေးသောက်ပြီး လူငယ်တစ်ယောက်ယောက်လာတာ အစာအိမ်ဆေးပေး၊ ဆေးကုသဆောင်တင်ပေးပေမဲ့ ဆေးကုသဆောင်ရောက်ပြီးမကြာခင်ဆုံးသွားပါတယ်။ မွတ်ဆလင်ဖြစ်တာကြောင့်အလောင်းချက်ချင်းယူချင်တယ်ဆိုလို့ OPD နဲ့ Emergency တာဝန်ကျဆရာဝန် ဖြစ်တဲ့ ကျမ
ရင်ခွဲစစ်ဆေးပေးရပါတယ်။ ဒါနဲ့တင်မပြီးသေးပါဘူး။ တရားရုံမှာ ဆေးအစစ်ခံဖို့သွားရပါတယ်။ဝါဆီဆိုတာလူနာပြောလို့သာပိုးသတ်ဆေးမှန်းသိရတာ၊ကျောင်းမှာတုံးကလဲမသင်ခဲ့ရ၊ ဘာပိုသတ်ဆေးမှန်းလဲမသိ၊ ဘာအာနိသင်ရှိမှန်းလဲမသိ၊လူ့ခန္ဒာကိုယ်ဘယ်အပိုင်းကိုဘာဖြစ်စေမှန်းလဲမသိ၊မေးရမဲ့သူလဲမရှိ၊သူ့အကြောင်းဖတ်စရာစာအုပ်လဲမရှိ၊ အစာအိမ်ဆေးတာတောင်ကြောက်ကြောက်နဲ့ဆေးရတာ၊ အစာလမ်းကြောင်းကို ထိခိုက်မဲ့ အက်စစ်လိုမျိုးဆို အစာအိမ်ဆေးရင်ပိုဒုက္ခရောက်မှာ၊ မဆေးပြန်ရင်လဲ လူနာရှင်က အဆိပ်မိတာ အစာအိမ်တောင်မဆေးဘူးဆိုတဲ့ ပြစ်စာကလာအုံးမယ်။
တရားရုံရောက်တော့ ထင်တဲ့အတိုင်း အစိုးရရှေ့နေက ဘာကြောင့် ၀ါဆီကြောင့်သေဆုံးတယ်လို့ပြောနိုင်ပါသလဲ၊ ဆရာမအနေနဲ့ဒီလိုအမှူမျိုးဘယ် နစ်ခါလောက်တွေ့ဘူးပါသလဲဆိုပြီးစတင်ပါတော့တယ်။ တကယ်လဲ ကျမ ဒီတခါဘဲမြင်ဘူးပါတယ်။ ဒါပေမဲ့ မုသာမပါ လင်္ကာမချော်ဆိုတဲ့ထုံနှစ်လုံးမူပြီး၊ လူနာက အသက် ၂၀ သာရှိသေးပြီး ရင်ခွဲစစ်ဆေးတဲ့အခါ သေစေနိုင်တဲ့ဘာရောဂါမှ မတွေ့ကြောင်း၊ ကျမအနေနဲ့ ဒါပထမဦးဆုံးကိုယ်တိုင်ရင်ခွဲစစ်ဆေးရတာဖြစ်ကြောင်း။ ဒါပေမဲ့ဆေးကျောင်းသူအနေနဲ့များစွာတွေ့ဖူးကြောင်း။ ၀ါဆီသာတကယ်ကိုယ်ထဲဝင်သွားရင် (တချို့ကမသောက်ပဲပါးစပ်မှာသုပ်ရုံသုပ်ြ့ပီးလာတာရှိပါတယ်)။ လက်ဖက်ရည်ကြမ်းတစ်ခွက်စာလောက်နဲ့တင်သေကြောင်း မယုံရင်သောက်ကြည့်နိုင်ပါတယ်လို့ဖြေလိုက်တော့ ရှေ့နေလဲဆက်မမေးတော့ပါဘူး။
ဒီအကြောင်းတွေရေးရတာ လူကြီးတွေကို အပြစ်တင်ချင်လို့မဟုတ်ပါဘူး။ သူတို့လဲမရှိကြတော့ပါဘူး။ နောက်လာမဲ့ ဆရာဝန်ငယ်များကို စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်မှာပျော်ရွှင်အောင် ၀ိုင်းဝန်းကူညီနိုင်အောင်ပါ။
ဆေးကျောင်းသားဘ၀က စာတွေ့သာသင်ခဲ့ရတာပါ၊ အလုပ်သင်ဘ၀မှာလဲ ဆေးရုံကြီးလို ဘွဲ့လွန်တက်မဲ့ဆရာဝန်တွေနဲ့ပြည့်နေတဲ့နေရာမှာ ဆရာဝန်ပညာပါတဲ့ ဘာအလုပ်မှမလုပ်ရပဲ၊ လူနာသွေးဖေါက်တာ၊ လူနာဆေးထိုးတာ သွေးအဖြေယူတာ ၊ စတဲ့ အလုပ်သမားတွေတောင်လုပ်နိုင်တဲ့ အလုပ်တွေပဲလုပ်ရတယ်လို့ငြီးသံတွေကြားရပါတယ်။ အဲ့ဒီလို ဘာလက်တွေ့မှမလုပ်ခဲ့ရတဲ့ဆရာဝန်တွေကို စပ်စံထွန်းလို အနယ်နယ်အရပ်ရပ်က လူနာတွေလာတတ်တဲ့ OPD နဲ့ Emergency မှာတစ်ယောက်ထဲ တာဝန်ချမယ်ဆိုရင်တော့ လူနာကော်ဆရာဝန်သစ်လွင်တွေပါဒုက္ခရောက်ကြမှာပါ။
လွန်ခဲ့တဲ့ နှစ်များစွာကအတွေ့အကြုံပါ။ အခုအချိန်မှာ အများကြီး ကောင်းမွန်ပြောင်းလဲနေပြီလို့မျှော်လင့်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment