Su Myat Htwe Aungtoစားကြမယ် ၊ချက်ကြမယ်၊
ပန်းသီးကြော် မထင်ရဘူး တကယ်စားကောင်းတာ
လုပ်လို့လဲလွယ် ပါဝင်ပစ္စည်း လဲမများ ကလေးတွေလဲကြိုက်လို့ လုပ်စားကြည့်ပါနော်
ပန်းသီး အရွယ်တော် ၂လုံး ရေစင်အောင်ဆေးပြီး အလယ်အူတိုင်ထုတ် အကွင်းလေးတွေလှီး ဆားရည်ထဲမှာစိမ်ထား။ ဂျုံမှုန့် သို့မဟုတ် အကြော်မှုန့် တစ်ထုပ် သကြား ၃ဇွန်း ကို ရေနဲနဲ ချင်းစီထည့်ပြီး ပျစ်ပျစ်လေးဖျော်ထား ။ ကြက်ဥ ၁လုံးကို နာနာခလောက်ပါ။ ပေါင်မုန့်ခြောက်မှုန့် ကိုပန်းကန်ပြား၁ခုထဲထည့်ထား။
ဆီဆူရင် ပန်းသီး အကွင်းကို ဂျုံမှုန့် အရည်ထဲနှစ် ကြက်ဥရည်လူး ပေါင်မုန့်ခြောက်မှုန့် ကပ်ပြီးကြော်ပါ။
မကဲကဲ ရဲ့နည်းပါ မသိသေးသူတွေအတွက်

No comments:
Post a Comment