:include data='blog' name='google-analytics'/>

Sunday, June 26, 2016

ကင်းမွန်ချိုချဉ်

Sofia Food Paradise

ကင်းမွန်ချိုချဉ် ♡
Calamari with Chilli
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင...်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
ကင်းမွန်ကိုစားနေကျချိုချဉ်ကြော်တွေလိုပါဝင်ပစ္စည်းအများကြီးထည့်စ၇ာမလိုဘဲစားရတာထမင်းမြိန်ခံတွင်းတွေ့စေမဲ့ချိုချဉ်စပ်ယိုးဒယားဟင်းတခွက်ဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကင်းမွန် - ၅၀၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ှုငရုတ်သီး - ၅တောင့်
ငါးငံပြာရည် -၂ဇွန်း စားပွဲတင်ဇွန်း
ပန်းသီးရှာလကာရည် သို့ ဆန်ရှာလကာရည် - တစ်ဇွန်း
ထန်းလျက်ရည်သို့ သကြား - ၂ဇွန်း
ကော်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
ရေ -၂ဇွန်းစားပွဲတင်
ခရမ်းချဉ်သီးအနှစ် - ၂ဇွန်း စားပွဲတင်
ဆီ -ကြော်၇န် ၃ဇွန်း
ကြက်သွန်မိတ် - အလှဆင်ရန်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကင်းမွန်ကိုေ၇ဆေးသန့်စင်ပြီးထပ်ခြမ်းခွဲကာ 4cm ပတ်လည် အတုံးလေးများလှီးဖြတ်ထားပါ။
(၂)ပန်းပုံဖော်လိုပါကလေးထောင့်ဖြတ်ထားသောကင်းမွန်၏အတွင်းသားကိုလေးထောင်ကွက်လေးများမပြတ်အောင် လှီးဖြတ်ထားပါ။
(၃)ကြက်သွန်နီအမြောင်းလှီးထားပါ။ငရုတ်သီးကိုအစေ့ထုတ်ပြီး သေးသေးစိတ်ထားပါ။ဆော့စ်အတွက်ပါဝင်ပစ္စည်းအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးရောစပ်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးကိုအပူပေးပြီးဆီထည့်ကာကြက်သွန်နီ၊ဖြူ၊ဆီသပ်ပါ။ကြက်သွန်အနည်းငယ်နွမ်းပါကငရုတ်သီးထည့်ပါ။ကင်းမွန်ထည့်ပြီးကြော်ပါ။ကင်းမွန်လေးများလိပ်ပြီးကျက်ခါနီးတွင်ဖျော်စပ်ထားသောဆော့စ်ကိုထည့်ပြီးသမအောင်မွေပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တွင်ကြက်သွန်မိတ်အနည်းငယ်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
***မီးပြင်းဖြင့်ခဏသာကြော်ပါ။ကြာလျှင်ကင်းမွန်မာသွားတတ်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment