:include data='blog' name='google-analytics'/>

Tuesday, June 28, 2016

ကြိတ်သားများမှိုတက်ရခြင်း၏ အကြောင်းအရာများ

Factory to Home
19 hrs
ကြိတ်သားများမှိုတက်ရခြင်း၏ အကြောင်းအရာများ
=============*****==============
အဆောက်အဦးထဲရှိနံရံ၊ ဗီရိုများ မှိုစွဲနေပါက အဆောက်အဦးထဲတွင် လွန်ကဲသော စိုထိုင်းမ...ှုရှိနေပြီဟု ယူဆနိုင်ပါသည်။
နောက်ဆက်တွဲအနေဖြင့် PH ဓာတ်များ ပြောင်းလည်းမှုဖြစ်လာလျှင်လည်း microorganism ခေါ်မှိုများ၏ ကြီးထွားရှင်သန်ခြင်းကို အားပေးနိုင်သည်။
မှိုစွဲခြင်းမှကာကွယ်ခြင်း
======***======
ရာသီ၊ ဒေသအလိုက် ပြင်ပစိုထိုင်းမှုများသည် မတူညီကြပါ သို့သော် အဆောက်အဦး အတွင်းရှိ စိုထိုင်းဆများနှင့် PH ဓာတ်များကို ထိန်းသိမ်းသွားနိုင်သည်။
၁။ စိုထိုင်းဆ အလွယ်တကူစုပ်ယူနိုင်သောပစ္စည်းများအား ပြတင်းပေါက်နှင့်တံခါးပေါက်များမှ ဝေးကွာအောင်ထားဆင်ရမည်။
၂။ pH ဓာတ်များစေသော chemical ပစ္စည်းများ (သို့မဟုတ်) ကုန်စိမ်းသီးနှံများအား စနစ်တကျ ဝေးကွာစွာ သိုလှောင်သိမ်းဆည်းရန်။
၃။ လေဝင်လေထွက်ကောင်းမွန်စေခြင်းသည် အရေးပါဆုံးအချက်ဖြစ်ပြီး အဆောက်အဦးအတွင်းရှိ စိုထိုင်းဆများကို လျှော့ချ၍ pH ဓာတ်အား natural state သို့ ထိန်းထားစေနိုင်သည်။
အထက်ပါအချက် ၃ ချက်ကို လိုက်နာခြင်းအားဖြင့် အဆောက်ဦးအတွင်းရှိ နံရံများ ၊ particle board များကို မှိုစွဲခြင်းမှ ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။
ကြိတ်သားများ မှိုစွဲခဲ့ပါက ပြန်လည်သန့်စင်ခြင်း
============*****============
၁။ မိမိကိုယ်ကို ကာကွယ်ခြင်း
Alargic ဖြစ်နိုင်သူများအတွက် breathing-mask နှင့် လက်အိတ်များဝတ်ဆင်၍ဆောင်ရွက်ရန်
၂။ ရေဖြင့်သန့်စင်ခြင်း
ရေမြှုပ်ဖော့ကို ရေအနည်းငယ်ဆွတ်ကာ လွယ်ကူစွာသုတ်ချနိုင်ပါသည်။
၃။ Cleaning solution ပြုလုပ်ခြင်း
ရေသန့် ၁ ဂါလံနှင့် bleach liquid တခွက်ကိုရောမွှေကာ solution ပြုလုပ်နိုင်ပါသည်။
၎။ Cleaning solution ဖြင့် ဆေးကြောခြင်း
ရေမျြပ်ဖော့ဖြင့် Cleaning solution ကို စိုထိုင်းအောင် ပြုလုပ်ခြင်း သို့မဟုတ် cleaning solution ကို spray ဗူးထဲသို့ ထည့်သွင်းကာ အသုံးပြုခြင်း စသည်ဖြင့် အကြမ်းဖျင်းသန့်စင်ပြီးသော မှိုစွဲမျက်နှာပြင်ပေါ်သို့ ဆေးကြောနိုင်ပါသည်။
၅။ အခြောက်ခံခြင်း
သန့်စင်သော အဝတ်ခြောက်နှင့် cleaning လုပ်ပီးသောနေရာများကို ခြောက်သွေ့သွားသည်ထိသုတ်နိုင်ပါသည်။ လျှပ်စစ်ပန်ကာ အသုံးပြုခြင်းဖြင့်လည်း လျှင်မြန်စွာခြောက်သွေ့အောင်ပြုလုပ်နိုင်ပါသည်။
အားလုံးဗဟုသုတတိုးပွားနိုင်ကြပါစေခင်ဗျာ။
ရွှင်းလန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment