:include data='blog' name='google-analytics'/>

Saturday, September 10, 2016

သရပါတံခါး

ပုဂံ ချစ်သူ

သရပါတံခါး သမိုင်းအကြောင်း တောင်းဆိုထားတဲ့
အကိုတွေအမတွေ ရေ တင်ပေးလိုက်ပီနော်
မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ <3 <3 <3
ပုဂံမင်းဆက်ရဲ့ (၃၄) ဆက်မြောက် ဘုရင် ပျဉ်ပြားမင...်းလက်ထက် ၈၄၉ခုနှစ် မှာတော့ အခုလက်ရှိပုဂံနေရာမှာ စတုတ္ထ ပုဂံပြည်ကြီးကို တည်ထောင် ခဲ့ပါတယ်.... ပုဂံကို တည်ထောင်စဉ် က ရဟန်း ပညာရှိလေးပါး လူပညာရှိ လေးဦးတို့ပါဝင်ခဲ့ကြပါတယ်..... ရဟန်း ပညာရှိလေးဦး တို့ မှာ တာမလိန္ဒ ၊ ရှင်အာနန္ဒာ ၊ ရှင်ဥတ္တရာ နဲ့  ရှင်ဆပ္လ တို့ ဖြစ်ကြပြီး လူပညာရှိ အမတ်လေးဦးတို့မှာ စိန့် မင်းသား၊ဟူးရားဖြူ ၊ ဟူးရားညို နဲံ့ အင်ပြစ် (လင်းဘင်) ရွာသား ရာဇသင်္ကြိ တိုဖြစ်ကြပါတယ် ပုဂံမြို့ကို တည်ရာ၌ ပုဂံကျုံးမြို့ရိုး လေးမျက်နှာ ပတ်လည် တွင် တံခါး(၁၂)ရပ်ကို
ထည့်သွင်းတည်ဆောက်ခဲ့ပါသည် ။
ထိုတံခါး ၁၂ရပ်မှာ
-အရှေ့မျက်နှာတွင် သာရဝတ်တံခါး ၊ သရပါ ၊ သာရပေ ၊
-မြောက်မျက်နှာတွင် သာတန်းတံခါး ၊ ငါးမြီးခတ် ၊ နောင်ဖြူ
-အနောက်မျက်နှာတွင် သာစည်တံခါး ၊ မင်္ဂလာ ၊ မကြည်သာ
-တောင်မျက်နှာတွင် ဝင်မနားတံခါး ၊ မတောင့်တ နှင့် ကလေးတံခါး တို့ဖြစ်သည်။
ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ်ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့ပါသည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရပါသည် ။
ပုဂံရာဇဝင်တွင် သရပါတံခါးသည် အနော်ရထာမင်းကြီး နတ်ရွာစံ ကံတော်ကုန်ခန်းနှင့်လည်း ဆက်စပ်မှုရှိနေခဲ့ပါသည်။ အနော်ရထာမင်းကြီးသည် လယ်တွင်းကိုးခရိုင်၌ ဆည်မြောင်း ကန်ချောင်းတို့ကို တူးဖော်လျက် ယာယီတဲနန်းစံနေစဉ် ဟူးရားဖြူ ၊ ဟူးရားညို တို့က ဘုရင်မင်းမြတ် နန်းတော်ပြန်မရောက်ခင် နတ်ရွာစံမည်ဟု လျှောက်ကြ သည်။ အနော်ရထာမင်း အမျက်တော်ရှပြီး ဟူးရားဖြူ ၊ ဟူးရားညိုတို့အား အကျဉ်းချထားလိုက်သည်။ ထို့နောက် စစ်အင်္ဂါလေးပါးနှင့်တကွ ဆင်ဖြူတော် သံပြင်စွာကို စီးလျှက် ပုဂံသို့ပြန်လာခဲ့သည်။ ပုဂံအရောက် သရပါတံခါးအဝင်တွင် မုဆိုးတစ်ယောက်က အောင်သာမြစ်ခြေ၌ ကျွဲရိုင်းတစ်ကောင် ပြည်သူများကို ရန်ပြုနေကြောင်း လျှောက်တင်ရာ ဆင်ဖြူတော်ကို ပြန်လှည့်ကာ ကျွဲရိုင်းကို နှိမ်နှင်းမည်ဟု ကြုံးဝါးကာ ကျွဲရိုင်းရှိရာသို့ သွားရောက်ခဲ့သည်။ သို့သော် ကျွဲရိုင်း ခတ်မိပြီး ဘုရင်ကြီး နတ်ရွာစံခဲ့ရသည်။ သရပါတံခါး ဝင်ပြီးကာမှ ပြန်လှည့်မိသောကြောင့် ကံတော်ကုန်ရရှာလေသည်။
ပုဂံရာဇဝင်ကြီးငယ်တွင် သရပါတံခါး၌ တေပသင် ၊ ငတပါးသင်နတ် စောင့်သည်ဟုအဆိုရှိသော်လည်း ယခုအခါ မဟာဂီရိနတ် မောင်နှမနတ်ကွန်းကို (လက်ဝဲမောင်တော်နတ်ရုပ် လက်ယာနှမတော်နတ်ရုပ်) နှောင်းလူတို့က ပြုလုပ်ထားခဲ့ကြသည်
ကိုလည်း တွေ့မြင်နိုင်ပါသည် ။
ပုဂံ ချစ်သူ

No comments:

Post a Comment