:include data='blog' name='google-analytics'/>

Sunday, September 25, 2016

လော် ဥပဒေ

Ko Phoe Kyaw feeling thoughtful.Follow
21 hrs
ပြောချင်နေတာ ကြာပြီရယ်. . .
အခုမှ ဂွင်ကြုံတုန်းလေး။
မနေ့ညက မန်းမှာ နည်းနည်းလေး ဖြစ်သွားတယ်။
ဓမ္မာရုံက ဖွင့်တဲ့လော်စပီကာသံကို ...
နားမခံနိုင်တဲ့ နိုင်ငံခြားသားတစ်ယောက်က
ဓမ္မာရုံထဲဝင် ပလပ်တွေဆွဲဖြုတ် ရမ်းကားသွားတယ်။
လူအချို့စုဝေးပြီး အဲ့ဒီနိုင်ငံခြားသားတည်းတဲ့ ဟိုတယ်ကိုဝိုင်းတယ်။
ထုတ်ပေးခိုင်းတယ်။ ရဲရောက်လာတယ်။
အမှုဖွင့်တယ်။
ဇာတ်လမ်းက အဲ့လို။

အတော်ကို စဉ်းစားချင့်ချိန်စွမ်းနည်းတဲ့ နိုင်ငံခြားသားလို့ ဆိုရမယ်။
ဝိုင်းမယ် ရိုက်မယ်လုပ်တာ သဘောမတူပေမယ့်
တရားစွဲခံရတာတော့ ဝမ်းသာတယ်။
ဘယ့်နှယ်. . . . အဲ့လိုလုပ်စရာလား။
တရားစွဲခံရပြီဆိုတော့ ပြတ်ပြီ။
အဲ့အပိုင်းပြောစရာမရှိတော့။
ပြောစရာရှိတာက လော်စပီကာကိစ္စ။
Eလို Loud Speaker မြန်မာလို လော်စပီကာ။
အသံကျယ်သောဟာကြီးပေါ့လေ။
အခုကိစ္စက နိုင်ငံခြားသားမို့
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေ အားလုံး
ဒီကိစ္စကို သဘောတူကြမယ်လို့ ကိုယ်တော့ မယုံဘူး။
ပြောရရင် စောင်ပိန်းဒေ ဖင်ပိတ်အော်ကြဦးမယ်။
ဘာသာရေးကို မစော်ကားနဲ့ကွလို့။
လော်စပီကာ ကိစ္စဟာ Religion မဟုတ်ဘူး။
Tradition . . . .Traditionမှ သောက်တလွဲTradition.
မြတ်ဗုဒ္ဓတောင်မှ ဆိတ်ငြိမ်မှုကို နှစ်သက်လို့ လူသူမရှိတဲ့ တောကြီးထဲ တရားအားထုတ်ပြီး ဗုဒ္ဓဖြစ်တော်မူတာ
လော်စပီကာနဲ့ ဗုဒ္ဓဘာသာက အခါတစ်သိန်းနဲ့ရှစ်ခါလောက်ဝေးတယ်။
တလွဲလောဂျစ်တွေ
အသံကျယ်ကျယ်ဖွင့်မှ ကုသိုလ်များများရမယ်များ မှတ်နေကြလားမသိဘူး။
မိုးမလင်းသေးဘူး လော်စပီကာသံ တဂွီဂွီနဲ့။
လော်နဲ့ အသံကုန်အော်
ခွေးတွေက နားမခံနိုင်အောင်အူ
စောစောစီးစီး ကုသိုလ်ဆိုတာဝေး
မျက်စိမဖွင့်သေးဘူး အကုသိုလ်ကရနေပြီ။
ဆွမ်းပတ်တဲ့. . . .လှူတာ သာဓုခေါ်ပါတယ်။
လှူမှန်းသိအောင် မနက်ဖြန်အာရုဏ်လှူမယ့်ကိစ္စ ညနေတည်းက ဖွင့်တာ။
စပယ်ပန်းလေးရော ပရဟိတအကျိုးတော်ဆောင်ကြီးတွေရော
အောင်ခြင်းရှစ်ပါးမချန် ရှေ့နောက်လှည့်ဖွင့်တာ
သေချင်စော်ပါနံတယ်။
ပါးစပ်က ထုတ်မပြောမိအောင်နေပေမယ့် စိတ်ညစ်ညူးစိတ်ဟာ ဘာနဲ့မှ ဖယ်မရဘူး။
ရှိသေးတယ် အချို့အလှူခံမဏ္ဍတ်
အဟောကောင်းအပြောကောင်းလို့ မြှောက်ပေးခံရတဲ့ ဂေါပကသာရှိလို့ကတော့ သေပြီသာမှတ်။
ခုနှစ်ရက်ပတ်လုံး တစ်နေ့ ရှစ်နာရီထက်မနည်း ပြောတာ။ မိုက်ခဲတွေ မိုက်မလွှတ်တွေ။
ငယ်ငယ်တုန်းက ကိုယ့်နယ်မှာရှိဖူးတယ်။
နာမည်ပါပေးထားတာ
ဆစ်ဘို့တို့ တွဲဘို့တို့။
တစ်ခါမိုက်ကိုင်လိုက်ရင့် ၁၂ဗို့ဘတ်ထရီကုန်အောင်ထိုင်ပြောတာ။
လော်စပီကာနဲ့ပက်သက်လို့ သတ်မှတ်ချက်တွေ ရှိပေမယ့် ရပ်ကွက်လူကြီးတွေ ရပ်ကျေးဥက္ကဌတွေက
ဘာသာရေးနွယ်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်
အမုန်းမခံဘူး။
အခုဖြစ်နေတာက ထီသည်ကအစ ဟာလဝါသည်အလယ် မုန့်လက်ဆောင်းသည်မကျန်
အကြောပြေလိမ်းဆေးအဆုံး
လော်စပီကာ တစ်ဂွမ်ဂွမ်နဲ့
ဖြစ်ချင်တိုင်းဖြစ် လုပ်ချင်တိုင်းလုပ်
နားဒုက္ခပေးနေကြတော့တာ။
ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာကိစ္စတွေကို
လော်စပီကာနဲ့အော်မှကုသိုလ်ရမယ်မှတ်နေတဲ့
ဘာသာရေးကြောင်တွေကို ဘယ်လိုအသိပညာပေးရမယ်ဆိုတာ မသိနိုင်အောင်ပဲ။
လွတ်လပ်ရေးရပြီဆိုပြီး
လမ်းပေါ်တက် ဆေးရိုးလှမ်းနေသလိုပဲ။
လုပ်ချင်တိုင်းလုပ်နေကြဖို့ ဒီမိုကရေစီဆိုတာကြီးနဲ့
ထထဖုံးတယ်။
ဘယ်သူမှမထိခိုက်တဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်လုပ်တာမှ ဒီမိုကရေစီ
သူတစ်ပါးကို ထိခိုက်ပြီး ကိုယ့်အခွင့်အရေးကို
ယူတာက ရမ်းကားတာ။
လေနဲ့ဝမ်း မကွဲကြတာခက်တယ်။
အဲ့လိုပြောလို့ ဓမ္မာရုံပဲပြောပြီး ဗလီမပြောဘူးကြေးတိုက်ဦးမယ်။
တရားဥပဒေစိုးမိုးခြင်းမှာ ဘယ်ဘာသာဖြစ်ဖြစ် အတူတူပဲ။
ပိတ်ရင် အားလုံးသာပိတ်။
လွန်လွန်းအားကြီးတယ်။
မြတ်စွာဘုရားလက်ထက်က သံဃာတွေ ဝါဆိုဝါကပ်တယ်ဆိုတာ စပါးပေါ်ချိန်မို့ သီးနှံပေါ်ချိန်ဖို့
သံဃာတွေ ခရီးသွားရင် နင်းမိလို့အပင်တွေသေပြီး
ဒကာဒကာမတွေငြိုငြင်မှာစိုးလို့ ဝါတွင်းသုံးလ ခရီးမသွားရဘူး ပညတ်ခဲ့တယ်လို့ မှတ်သားဖူးတယ်။
မြတ်စွာဘုရားလက်ထက်ကသာ လော်စပီကာပေါ်ရင်
သေချာပေါက် ပညတ်မှာလို့ ယုံကြည်တယ်။
ဗုဒ္ဓဘာသာဟာ တစ်ဖက်သားကို
အနှောက်အယှက်ပေးတတ်တဲ့ ဘာသာရေးမဟုတ်ဘူး။
ဝဋ်သာ တကယ်လည်ရင်
ဘာသာရေးကြောင်တွေ နားကင်ဆာဖြစ်သေကြမှာ။
တကယ့် ဘူးရှစ်တွေ. . . .
Credit to PanSalLo

No comments:

Post a Comment