:include data='blog' name='google-analytics'/>

Saturday, September 10, 2016

မာလာဟင်း ချက်နည်း














Enervon-C Myanmar added 5 new photos.
ဒီတပတ်မှာတော့ Enervon-C Fan တွေအတွက် အစ်မ ကဲကဲရဲ့  မာလာဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ် :)
ရာသီဥတု အေးအေးလေးမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနှင့် နှစ်သက်ရာ... အသား၊ အသီးအရွက်တွေကို စုံစုံလင်လင် ထည့်ပြီး ပူပူစပ်စပ် မာလာဟင်းလေး လုပ်စားရအောင်။ ရှူးရှူးရှဲရှဲနှင့် လုစားရတာ ပိုပြီးပျော်စရာကောင်းပါတယ်။
Ingredients:
အာလူး၊ ကြာစွယ်၊ ပန်းဂေါ်ဖီစိမ်း (Broccoli)
ပင်အပ်မှို၊ မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ဂေါ်ဖီထုပ်၊ ပဲတောင့်ရှည်
ပြောင်းဖူးအသေး(Baby corn)၊ ခရမ်းသီး၊ ရုံပတီသီး
ကြွက်နားရွက်မှို၊ တို့ ဖူး/တို့ ဖူးခြောက်
နှစ်သက်ရာ အသီးအရွက်တွေ ထည့်နိုင်ပါသည်။
ကြက်သား၊ ၀က်သား
မာလာခေါက်ဆွဲ (ကန်စွန်းဥနှင့် လုပ်ထားတာ) မချက်ခင် တညသိပ် ရေစိမ်ထားပါ။
ငရုတ်သီးခြောက် စားနိုင်သလောက်
စီချွမ်ငရုတ်ကောင်း ဇွန်းသေး၁၀က်
တရုတ်မဆလာ ဇွန်းသေး၁ဇွန်း
စမုန်နက် ဇွန်းသေး၁ဇွန်း
ကရေဝေး ၃ ၊ နာနာတ်ပွင့် ၂ ၊ဖလာစေ့ ၂ ၊သစ်ကြပိုးခေါက် ၂
ရှာလကာရည် ဇွန်းသေး၂ဇွန်း
ငရုတ်သီးအကြမ်းဖတ် ထမင်းစားဇွန်း၂ဇွန်း
ပဲငပိငရုတ်သီးကြော် ထမင်းစားဇွန်း၂ဇွန်း
ပဲငပိအငန် ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ဇွန်း
ကြက်သွန်မိတ် ၊ချင်း အနည်းငယ် ၊ကြက်သွန်ဖြူ ၅မွှာ
နံနံပင် အနည်းငယ်
မြေပဲဆံထောင်း ၊နှမ်းလှော်
နှမ်းဆီ ဇွန်းသေး၂ဇွန်း
သကြား ဇွန်းသေး ၁ဇွန်း
ဆား အနည်းငယ်
ဆီ
ရေနွေး (သို့ ) ကြက်ပြုပ်ရည် အကြမ်းပန်းကန်လုံး ၁လုံး
Preparation Method:
ကြက်သား၊ ၀က်သားတွေကို ပါးပါးလှီးပါ။ အာလူး၊ ကြာစွယ်တို့ ကို ပါးပါးလှီးပြီး ရေစိမ်ထားပါ။ ကြွက်နားရွက်မှို၊ တို့ ဖူးခြောက်တို့ ကို ရေစိမ်ထားပါ။ မာလာခေါက်ဆွဲကို ရေနွေးဆူဆူတွင် ထည့်ပြုပ်ပြီး ရေစိမ်ပါ။ အသီးအရွက်များကို အနေတော် လှီးပြီး ပြင်ဆင်ထားပါ။
မာလာအနှစ်အတွက်...
၁) ဒယ်အိုးထဲကို ဆီထည့်ပြီး ငရုတ်သီးခြောက်တွေကို အရင်ကြော်ပါ။ ဆယ်ယူပြီး အအေးခံထားပါ။
၂) ဆီထဲကို ချင်း အနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်တွေကို အနံ့ မွှေးလာသည်အထိ မွှေပါ။
၃) ကရေဝေး၊နာနာတ်ပွင့်၊ စီချွမ်ငရုတ်ကောင်း၊ ဖလာစေ့၊ သစ်ကြပိုးခေါက်၊ စမုန်နက်တွေ ထည့်ပြီး မွှေပါ။
၎) ငရုတ်သီးအကြမ်းဖတ်၊ ပဲငပိငရုတ်သီးကြော်၊ပဲငပိအငန်၊ ရှာလကာရည်နှင့် သကြားထည့်ပြီး မွှေပါ။ ရေနွေး (သို့ ) ကြက်ပြုပ်ရည်ထည့်ြ့ပီး မီးအေးအေးဖြင့် ၁၀မိနစ်ခန့်တည်ပါ။
၅) အနှစ်ရပြီဆိုလျှင် မြေပဲဆံထောင်း၊ ဆားအနည်းငယ်ထည့်ပါ။
စပြီးချက်ပါတော့မယ်
၆) စောစောကချက်ထားတဲ့ အနှစ်အိုးကို မီးအရှိန် medium ပြောင်းထားပြီး ကြက်သား၊ ၀က်သားတွေကို အရင်ထည့်ပါ။ ရေနွေးအနည်းငယ် ထည့်ပါ။
၇) အနူးကြာတဲ့ အာလူး၊ ကြာစွယ်၊ ပန်းဂေါ်ဖီစိမ်း အစရှိတဲ့ အသီးအရွက်တွေကို အရင်ထည့်ပါ။ တဖက်ကလည်း အဆက်မပြတ် မွှေပါ။
၈) မီးကို high ပြောင်းထားပြီး ကျန်တာတွေကို ဆက်ထည့်ပါ။ အနှစ်နဲ့  သမအောင် မွှေပါ။ ပဲငံပြာရည်ထည့်ပြီး အရသာ အပေါအငန်ပြင်ပါ။
၉) အသီးအရွက်အားလုံး ကျက်ပြီဆိုလျှင် နှမ်းဆီ၊ ကြော်ထားတဲ့ ငရုတ်သီးခြောက်၊ နှမ်းလှော်၊ နံနံပင် အနည်းငယ်ထည့်ပြီး မွှေပါ။
နောက်တနည်း
ကြက်သား၊ ၀က်သားတွေကို အရင်ပြုပ်၊ အသီးအရွက်များကို တစ်မျိုးချင်းစီပြုပ်၊ ရေအေးနဲ့ ဆေးပြီး ဇကာနှင့် စစ်ထားပါ။ပြီးမှ ပြင်ထားသော မာလာအနှစ်နဲ့ ရောမွှေလိုက်လျှင် ရပါပြီ။
Readymade အနှစ်ထုပ်ဖြင့်လည်း အလွယ်တကူ ချက်စားနိုင်ပါသည်။
#EnervonC

No comments:

Post a Comment