:include data='blog' name='google-analytics'/>

Saturday, September 10, 2016

မျက်အိတ်တွဲတာ ဘယ်လို လုပ်ရမလဲ






















မိတ်ဆွေတဦးက မျက်အိတ်တွဲတာ ဘယ်လို လုပ်ရမလဲလို့ မေးဖူးပါတယ် ။
အဲဒီတုန်းက ပြင်ဆင်ထားတာ အဆင်သင့် မရှိသေးလို့ မဖြေလိုက်ရပါဘူး ၊
နောက်ရက်တွေကျတော့လည်း အခြားဟာေ...တွ တင်စရာရှိနေလို့
မျက်အိတ်အကြောင်း မရေးဖြစ်ခဲ့ပါဘူး ၊
ဒီနေ့မှ ရှာဖွေပြီး ရေးဖြစ်ပါတယ် ။
မေးတဲ့ မိတ်ဆွေကို Mention မလုပ်နိုင်တာကို ခွင့်လွှတ်စေချင်ပါတယ် ။

.
မျက်အိတ် တွဲခြင်း
.
1. ရေ ( Water )
အလွယ်ဆုံးနည်းကတော့ ရေသောက်ခြင်း ဖြစ်ပါတယ် ။
တနေ့ ရေ ဖန်ခွက် ၈ ခွက် ကနေ ၁၀ ခွက်လောက်ထိ သောက်ရပါမယ် ။
ဆား လျော့စားရပါမယ် ။
ကဖင်း ( caffeinated ) ပါတဲ့ အရည် ၊ ဂက်စ် ( carbonated ) ပါတဲ့အရည်
ရှောင်ရပါမယ် ။
2. အေးနေတဲ့ ဇွန်း ( Cold Spoons )
~ စတီး ဇွန်း ၊ သံ ဇွန်း ၅ချောင်း ၆ချောင်းကို
~ ရေခဲသေတ္တာထဲ ၁၀ - ၁၅ မိနစ်လောက် ထည့်ထား ၊
~ အေးလာရင် ဇွန်း အလုံးဖက်ကို တွဲနေတဲ့ မျက်အိတ်ပေါ် ဖိကပ်ထား ၊
~ ဇွန်းမှာ အအေးဓါတ် ပျောက်သွားရင် အအေးခံထားတဲ့ နောက်တချောင်းနဲ့
ဆက်ကပ်ပါ ၊
~ တခါလုပ်ရင် ၅ခါ ၆ခါလောက် နဲ့ တနေ့ တကြိမ်လောက် လုပ်နိုင်ပါတယ် ။
3. လဘက်ရည်အိတ် ( Tea Bags )
~ သုံးပြီးတဲ့ အချိုခြောက် ၊ အကြမ်းခြောက် အိတ် ၂အိတ်ကို
~ ရေခဲသေတ္တာထဲမှာ မိနစ် ၃၀လောက် ထည့်ထားပါ ၊
~ ပက်လက်လှဲပြီး အအေးခံထားတဲ့ လဘက်အိတ်ကို မျက်လုံး၂ဖက်ပေါ် အုပ်ပါ ၊
~ ၁၀ - ၁၅ မိနစ်လောက် ထားပါ ၊
~ တနေ့ ၄ - ၅ ကြိမ်လောက် လုပ်နိုင်ပါတယ် ။
4. သခွားသီ ( Cucumbers )
~ သခွားသီးကို ထူထူလေး လှီးပါ ၊
~ ရေခဲသေတ္တာထဲ ၁၀ မိနစ်လောက် ထားပါ ၊
~ အေးလာရင် မျက်လုံး၂ဖက်ပေါ် အုပ်ပါ ၊
~ ၁၀ မိနစ်လောက် ထားပါ ၊
~ တနေ့ အကြိမ် များများ လုပ်နိုင်ပါသည် ။
5. ကြက်ဥ အကာ ( Egg Whites )
~ ကြက်ဥ ၂လုံးမှ အကာ ကို ယူပါ ၊
~ စေးပြစ်လာသည်ထိ ခေါက်ပါ ၊
~ စုတ်တံအသုံးပြုပြီး မျက်လုံးအောက် သုတ်လိမ်းပါ ၊
~ ၁၅ မိနစ်ထားပါ ၊ ရေအေးနဲ့ ဆေးပါ ၊
~ ရက်အနည်းငယ်ကြာ လုပ်ရပါမယ် ။
6. အာလူး ( Potatoes )
~ အာလူး အရွယ်လတ် တလုံးကို အခွံ သင်ပါ ၊
~ ခြစ်နှင့် ခြစ်ပါ ၊
~ အ၀တ်သန့် တခုနဲ့ ထုပ်ပြီး မျက်အိတ်ပေါ် ကပ်ပါ ၊
~ မိနစ်အနည်းငယ် ကြာအောင် ထားပါ ၊
~ အကြိမ် များများ ပြုလုပ်ပေးရပါတယ် ။
7. ရေအေး ( Cold Water )
~ ရေခဲရေ နဲ့ မျက်နှာသစ်ပေးပါ ၊
~ တနေကုန် ခဏခဏ လုပ်နိုင်ပါတယ် ၊
နောက်တနည်းက
~ ရေခဲကို အ၀တ်နဲ့ ထုပ်ပြီးလည်း ကပ်ပေးနိုင်ပါတယ် ၊
8. ဆားရေ ( Salt Water )
~ ရေနွေး ရေသန့်ဗူး တဗူးစာမှာ ဆား လဘက်ရေဇွန်း ၁ဇွန်း ခတ်ပါ ၊
~ ဂွန်းအလုံးလေးနဲ့ နှစ်ပြီး ဂွမ်းလုံးလေးနဲ့ မျက်အိတ်ပေါ် ကပ်ပါ ၊
~ ဒီအတိုင်း ၁၅ - ၂၀ မိနစ်ကြာအောင် ထပ်ခါထပ်ခါ လုပ်နိုင်ပါတယ် ။
9. စတော်ဘယ်ရီ ( Strawberries )
~ စတော်ဘယ်ရီသီးများကို ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ထားပါ ၊
~ အပိုင်း ထူထူလေးတွေ လှီးပါ ၊
~ ပက်လက်အိပ်ပြီး မျက်အိတ်ပေါ် စတော်ဘယ်ရီ ၀ိုင်းလေးများ ကပ်ပါ ၊
~ မိနစ်အတော်ကြာ ထပ်ခါ ထပ်ခါ လုပ်ပါ ။
10. ရှားစောင်းလက်ပတ် ( Aloe Vera )
ရှားစောင်းလက်ပတ် အနှစ်ကို မျက်အိတ်ပေါ် တိုက်ရိုက်လိမ်းကျံနိုင်ပါတယ် ၊
မျက်လုံးထဲ မ၀င်အောင် ဂရုစိုက်ရပါမယ် ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
10/9/2016

No comments:

Post a Comment