:include data='blog' name='google-analytics'/>

Saturday, July 9, 2016

နာနတ်သီး နှင့် ကျန်းမာရေး





















ဆေးဝါး နှင့် ကျန်းမာရေး added 22 new photos.


၁၀၀-ဂရမ် ရှိသော လတ်လတ်ဆတ်ဆတ် နာနတ်သီး ၁-ခွက်ထဲ တွင် ကယ်လိုရီ (၅၀-မီလီဂရမ်)၊ ကယ်လ်စီယမ် (၁၃-မီလီဂရမ်)၊ ပိုတက်စီယမ် (၁၁၀-မီလီဂရမ်)၊ သံဓာ...တ် (၀.၂၉ မီလီဂရမ်)၊ ဖော့စဖရက် (၁၀-မီလီဂရမ်)၊ ဇင့် (၀.၂၂ မီလီဂရမ်)၊ ကစီဓာတ် (၁၃.၂ ဂရမ်)၊ ပရိုတင်း (၀.၅၄ ဂရမ်)၊ အဆီ (၀.၁၂ ဂရမ်)၊ ဗိုက်တာမင်စီ (၃၇.၂၀ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-1 (၀.၀၇၉ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-2 (၀.၀၇၉ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-3 (၀.၄၉၅ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-5 (၀.၂၀၅ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-6 (၀.၁၁၁ မီလီဂရမ်)၊ ဗိုက်တာမင်အီး (၀.၆၂ မီလီဂရမ်)၊ သကြား (၉.၅ ဂရမ်) နှင့် ချေဖျက်လွယ်သော အမျှင် (၁.၄ ဂရမ်) တို့အသီးသီးပါရှိပါသည်။
1. နာနတ်သီး သည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ်ပါသည်။ အထူးသဖြင့် အသီးအလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က အောက်ပါအတိုင်းကျန်းမာရေးကိုကောင်းကျိုးပြုပါသည်။
အကိုက်အခဲပျောက်ဆေး(NSAIDs)များထက် ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ်လွဲပြီးနောက်ဖြစ်တတ်သော ရောင်ရမ်းနာကျင်မှုတို့ကို ထိထိရောက်ရောက် သက်သာစေ ပါသည်။
သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ခြင်းနှင့် ဆက်စပ်သောနှလုံးရောဂါများကို
ကာကွယ်ဟန့်တား ပေးနိုင်ပါသည်။ သွေးလည်ပတ်စီးဆင်းမှုကိုလဲ တိုးတက်ကောင်းမွန်စေပါသည်။ ဓမ္မတာရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေပါသည်။ ဂေါက်ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင် ၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေပါသည်။
ခွဲစိပ်ခန်းဝင်ပြီးနောက် အနာကျက်အမြန်ကျက်စေရန်အတွက် နာနတ်သီးစားပေးသင့်ကြောင်း ဂျာမနီဆေးသုတေသီ များက တိုက်တွန်းထားကြပါသည်။ လွန်ခဲ့သော ၃-လခန့် က အရိုးပွခြင်းကြောင့် ဒူးနာဝေဒနာခံစားနေရသော လူနာ ၈-ဦးကို နာနတ်သီးကျွေးပြီး Pityriasis lichenoides chronica (PLC) နည်းနဲ့စမ်းသပ်ခဲ့ရာ ရောဂါပျောက်ကင်းကြောင်းတွေ့ရှိခဲ့ပါသည်။
2. နာနတ်သီးသည် သဘာဝအစာအိမ်မှထွက်သောအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာချေစံနစ်ကို တိုးတက်ကောင်းမွန် စေပြီး၊ ၀မ်းဖောဝမ်းယောငင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာ နှင့် လေပူထိုးခြင်းတို့ကို သက်သာစေနိုင်ပါသည်။ ၀မ်းချုပ်ခြင်းမှ လည်းကာကွယ်ပေးပါသည်။
3. ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေပါသည်။ ချွဲသလိပ်ကျေစေပါသည်။
4. ယနေ့အမေရိကန်နိုင်ငံတွင် အဖြစ်အများဆုံးကင်ဆာမှာအရည်ပြားကင်ဆာရောဂါဖြစ်ပြီး လူဦးရေမီလီယံ ၃.၅သန်းခန့်နှစ်စဉ် ခံစားနေကြရပါသည်။ နာနတ်သီးက ထိုအရေပြားကင်ဆာရောဂါအတွက် ဖြေဆေးတစ်ခွက်ဖြစ်ကြောင်း ကင်ဆာဂျာနယ်ဆေး ဆောင်းပါး ထဲတွင်ဖော်ပြထားပါသည်။ အိန္ဒိယဆေးသုတေသီများကလည်း Bromelain အင်ဇိုင်းဖြင့် ကြွက်များကိုစမ်းသပ်ခဲ့ရာ၊ ၃၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သဖြင့် လူသားများအတွက်လည်း အလားတူကောင်းကျိုးသက်ရောက်မှုဖြစ်စေမည်ဟု အခိုင်အမာ အတည်ပြုထားပါသည်။
5. နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့၍ ကလေးများကိုကျွေးပါက၊ သံကျစေပါသည်။
6. နာနတ်သီးသည် လိမ္မောသီးကဲ့သို့ပင် ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေး၊ ချောင်ဆိးုး ခြင်းကိုတိုက်ထုတ်ပေး ပါသည်။ သို့သော် နာနတ်သီးထဲတွင် Bromelain ဓာတ်ပါရှိနေသည့်အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်းထက်စေပါသည်။
7. နာနတ်သီးထဲတွင် beta-carotene အမြောက်အများပါရှိသည့်အတွက် အမြင်အာရုံကိုကောင်းမွန်စေနိုင်ပါသည်။ နေ့စဉ် နာနတ်သီး တစ်ခွက်စာကို သုံးကြိမ်တိတိ ပုံမှန်စားခြင်းပေးခြင်းဖြင့် သက်လတ်ပိုင်း နှင့် သက်ကြီးပိုင်းရောက်သောအခါမှာ အမြင်လွှာ ယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆-ရာခိုင်နှုန်း ထိ လျော့နည်းပေးနိုင်ပါသည်။
8. သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကို အားကိုးနိုင်ပါသည်။ ထို့ ပြင် သုတေသနမှတ်တမ်းများအရ၊ ဆီးလမ်းကြောင်း ပိုးဝင်ပါက၊ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင်သောက်ရင်း၊ နာနတ်သီး ကိုပါတွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန်တိုအတွင်း ကင်းဝေးစေသည်ဆိုပါသည်။
9. ကုသရန်ခက်ခဲသော ကြွက်နို့ များအတွက်မစိုးရိမ်ပါနှင့်။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲဒီတိုင်းသာ ထားပါ။ ထိုနည်းအတိုင်း နေ့စဉ်မှန်ုမှန်လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းနိုင်ပါသည်။ အသားမာများ အတွက်လည်း သုံးနိုင်ပါသည်။
10. နာနတ်သီးသည် သွေးပေါင်ချိန်ကျဆင်းစေသည့်အပြင်၊ သွေးအတွင်း ကိုလက်စထရောများကို လျော့ကျစေနိုင်သောကြောင့် သွေးတိုးရောဂါမဖြစ်စေနိုင်ပါ။ နာနတ်သီးကို ပုံမှန်စားသုံးလေ့ရှိသူ အယောက်၂၀၀၀ အား သုံးနှစ်ကြာ သုတေသနပြုခဲ့ရာ၌ ထိုသူတို့ တွင် သွေးတိုးရောဂါဖြစ်ပွားမှု ၁၈ % သာရှိကြောင်း တွေ့ ရှိရသည်ဟု စပိန်သုတေသနပညာရှင်များက ဆိုပါသည်။
11. နာနတ်သီးကို သီတင်းတစ်ပတ်လျှင် ၂-ကြိမ် ခန့် စားသုံးပေး သူများသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု အခွင့်အရေး အလွန်နည်းပါးပါသည်။
12. နာနတ်သီး တွင် မဂ္ဂနီးစ်သတ္တုဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးများကိုကျန်းမာကြံ့ ခိုင်စေပြီး၊ အရိုးနှင့် ဆက်စပ်သော တစ်ရှုး/အရွတ်/အကြောတို့ကိုပါ သန်စွမ်းအားကောင်းစေပါသည်။ ထို့ ကြောင့် လူငယ်ပိုင်း နှင့် လူလတ်ပိုင်းများအတွက် အရိုး သန်စွမ်းကြီးထွားမှုမြန်ဆန်စေပြီး၊ လူကြီးပိုင်းများအတွက် အရိုးခိုင်မာစေသည့်အတွက် အရွယ် ၃-ပါးမရွေး နာနတ်သီးဖျော်ရည် ၁-ခွက် ကို နေ့ စဉ် သောက်သုံးပေးသင့်ပါသည်။ ထိုသို့ သောက်သုံးခြင်းဖြင့် လူတစ်ယောက်အတွက်တစ်နေတြာလိုအပ်သော မဂ္ဂနီးစ်သတ္တုဓာတ် ကို ၇၃% ရရှိစေနိုင်ပါသည်။
13. နာနတ်သီးဟာ အမြင်အာရုံကြည်လင်သန်စွမ်းစေဖို့အတွက်လည်း အထောက်အကူပြုပါသည်။ အသက်အရွယ် ဇရာကြောင့် ဖြစ်လာသော မှုံမှိုင်းရီဝေခြင်းများကိုလည်း ကာကွယ်ပေးပါသည်။ မျက်လုံးအာရုံအတွက် နံနက်သီးကို များများစားနိုင်လေ အကျိုးရှိလေ ဖြစ်ပါသည်။
14. ခန္ဓာကိုယ် အပူရှိန်နှင့် အဖျားကျရန်အတွက် နာနတ်ရည်ကို ယမကာအဖြစ် ကဇော်ဖောက်ပြီး သောက်သုံးနိုင်ပါသည်။
15. သွားဖုံးကျန်းမာ မှ သွားကျန်းမာမည်ဖြစ်ပါသည်။ ဗိုက်တာမင်စီကြွယ်ဝသည့် နာနတ်သီးစားသုံးပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း နှင့် သွားဖုံးရောဂါအမျိုးမျိုးတို့ကို မဖြစ်ပေါ်စေဘဲ၊ နှစ်ရှည်လများ သွားဖုံးခိုင်
ခန့် ကောင်းမွန်စေနိုင်ပါသည်။
16. နာနတ်သီး ကို ပန်းသီး (သို့မဟုတ်)
ဖရဲသီးတို့ဖြင့် တွဲစားပါက၊ ခန္ဓာကိုယ်ထဲရှိမလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှား ပေးပြီး၊ ကျောက်ကပ် နှင့် သည်းခြေတို့ ကို အားဖြစ်စေပါသည်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် သည့်အပြင် ကျောက်ကပ်ကိုလည်း
သန့်ရှင်းစေနိုင်ပါသည်..။
17. နာနတ်သီးဖျော်ရည်ကို သဘောင်္သီး၊ နွားနို့ တို့ နှင့် တွဲသောက်ပါက၊ ဗီတာမင်စီ၊ ဗီတာမင်အီး နှင့် သံဓာတ်တို့  ကြွယ်ဝစွာရရှိ စေသည့်အတွက် ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစွာအထောက်အကူပြုပါသည်။ ဇရာကို အံတုမည့် ဖျော်ရည်အဖြစ် သောက်သုံးနိုင် ပါသည်။
18. နာနတ်သီးဖျော်ရည်ကို ငှက်ပျောသီး၊ နာနတ်သီး၊ နွားနို့တို့ ဖြင့်တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးနိုင်ပါသည်။
ထို့ပြင်ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် အသားအရေအလှအပကို ကောင်းစွာ ပံ့ပိုးပေးပါသည်။
19. ဗီတာမင်စီကြွယ်ဝသော နာနတ်သီး နှင့် အူတိုင်အားလုံးကို စားခြင်းအားဖြင့် ခရီးဝေးသွားပြီးနောက်၊ ပင်ပမ်းနွမ်းနယ်ပြီး အားအင်များ ကုန်ခမ်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးစေကြောင်း၊ ရုပ်ပျိုအရွယ်တင်စေကြောင်း ကျန်းမာရေးသုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ Glenville ကဆိုပါသည်။
20. အချိန်တိုအတွင်းမှာပင် ပေါင်ချိန်ကျစေနိုင်သည့်အတွက်၊ ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပေးနိုင်ပါသည်။ ကျန်းမာ နုပျိုသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုသူများအတွက် နာနတ်သီး က အားထားလောက်ပါသည်။
21. နံက်အိမ်ယာထ မအီမသာဖြစ်ခြင်းအတွက် နာနတ်သီးဖျော်ရည် ၂၃၀ cc သောက်ပေးသင့်ပါသည်။
22. နာနတ်သီးထဲတွင် ပါရှိသော Goiter ဓာတ်တစ်မျိုးက သိုင်းရွိုက်အကျိတ် ကို ပုံမှန်ဖြစ်စေပါသည်။ ထို့ပြင် လည်ချောင်းနာခြင်း၊ လေပြွန်ရောင်ခြင်းကိုလဲ သက်သာစေနိုင်ပါသည်။
23. နာနတ်သီးထဲတွင် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ မြင့်မားစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ်အတွက် အကျိုးယုတ်စေသော free-radicals များ အန္တရာယ်မှ ကာကွယ်ပေးပါသည်။ ပန်းနာရင်ကျပ်ရောဂါနှင့် အူမကင်ဆာတို့ကို မဖြစ်စေနိုင်ပါ။
24. မှတ်ညဏ်စွမ်းအားကို
တိုးတက်မြင့်မားစေပါသည်။
ပေါက်ပေါက်
ကျန်းမာရေးအတွက်အလွန်အကျိုးပြုပြီး..အလွယ်
တကူဝယ်ယူရရှိနိုင်သော..နာနတ်သီးအကြောင်း
မျှဝေပေးလိုက်ပါတယ်....။
May Soe — with May Soe.

No comments:

Post a Comment