:include data='blog' name='google-analytics'/>

Wednesday, July 13, 2016

" ပျားရည်နှင့် ရောဂါအလိုက်အသုံးပြုနည်း "



























မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး added 3 new photos.

" ပျားရည်နှင့် ရောဂါအလိုက်အသုံးပြုနည်း "
(၁)ဆီးချိုရောဂါကြောင့် ပေါက်လာသောအနာများ၌ ပျားရည်သည်အ
စွမ်းထက်မြက်လှ၏။ ပျားရည်အချိုသည်ဆန့်ကျင်ခြင်းမရှိပေ။
ထို့ပြင် မီး...လောင်သောအနာများ၌ ပျားရည်ကိုလိမ်းပေးပါက
လျင်မြန်စွာပျောက်ကင်းနိုင်၏။ အပူကိုငြိမ်းစေ၏။ ကျောက်
ပေါက်လျှင်ပုပ်နေသောရေကို ပျားရည်နှင့်ရော၍ သောက်က
အပူငြိမ်းစေ၏။ ယားယံခြင်းနှင့်အရေပြားရောဂါများတွင်ပျား
ရည်ကို စပ်၍လိမ်းပေးရမည်။

(၂)မြင်းသရိုက်ရောဂါ၌ ၀စ္စမဂ်ပူခြင်း၊ မသန့်ရှင်းခြင်း၊ ၀စ္စမဂ်လျောကျ
ခြင်းတို့၌ပျားရည်နှင့်ထောပတ်ကိုရော၍ လိပ်ခေါင်းအဖျား၌
တဖြည်းဖြည်းသုတ်လိမ်းပေးရသည်။ ပျားပိတုန်းစသောအဆိပ်
ရှိပိုးကောင်များကိုက်ခဲ့သော် ကိုက်သောနေရာတွင် ပျားရည်
နှင့်နယ်ပေးပါက နာကျင်ကိုက်ခဲခြင်း ပျောက်ကင်းစေနိုင်၏။အ
ကယ်၍ရောင်တင်းလာပါက တမာရွက်ကိုရေနှင့်ပြုတ်၍ ပျားရည်
ရောထည့်ပြီး၊ ရောင်သောနေရာ မှိုင်းခံပေးရမည်။
(၃)ပျားရည်ကို မျက်စိရောဂါ၌ အသုံးပြုနိုင်သည်။ ညအိပ်ခါနီး
တွင် မျက်စဉ်းတံဖြင့် မျက်စိကိုခတ်ပေးပါ။ မျက်စိနာခြင်း၊ မျက်စိ
တွင် အမှိုက်ဝင်ခြင်း၊ မျက်စိတွင် ကျောက်အမျိုးမျိုးဝင်ခြင်း
စသည်တို့၌ တစ်နေ့လျှင် ၂-ကြိမ် ပျားရည်ခတ်ပေးခြင်းဖြင့် ပျောက်
ကင်းနိုင်သည်။
(၄)ဆိတ်နို့အစိမ်းတွင် ပျားရည် ၈ပုံ ၁ပုံ ရော၍ သောက်သော်အလုံးစုံ
သော သွေးအညစ်အကြေးတို့ သန့်ရှင်း၏။ ထိုဆေးကိုသောက်
သောနေ့တွင် ဆားနှင့်ငရုပ်သီးကို မစားစေရ။ အကယ်၍မစားမဖြစ်
ပါက ငရုပ်ကောင်းနှင့် သိန္ဓောဆားကို ထည့်ကျွေးရသည်။ ဤ
ဆေးကို စတင်အသုံးပြုသောအခါတွင် ပျားရည် ၁ကျပ် ၈ပဲလျှင်
ဆိတ်နို့တစ်ပေါင်မျှသာကျွေးရမည်။ ထို့နောက် ခွန်အားအခြေ
အနေကိုကြည့်၍ တိုးတက်စားရမည်။
(၅)ပျားရည်နှင့်ဒေါင်းမီးကွက်ပြာကို ရော၍လျက်လျှင် ကြို့ထိုးရောဂါ
ပျောက်၏။
(၆)ကင်းမြီးကောက်ကိုက်သောအခါ ထိုနေရာ၌ ပျားရည်ကို သုတ်
လိမ်းခြင်း၊ ပျားရည်ကိုသောက်ခြင်းဖြင့် ကင်းမြီးကောက် အဆိပ်
မှပြေပျောက်သွား၏။
(၇)ကင်းမြီးကောက်ထိုးကိုက်သောနေရာကို ပျားရည်ဖြင့် လိမ်း
ပွတ်ခြင်း၊ တိုက်ကျွေးခြင်းပြုသော် ကင်းမြီးကောက်အဆိပ် ပျောက်
ကင်းစေနိုင်သည်။
(၈)ဆင်တုံးမနွယ် သတ္တုရည်နှင့်ပျားရည်ကိုရော၍တိုက်သော်အန်
ခြင်း ကို ပျောက်ကင်းနိုင်၏။
(၉)ပျားရည်ကို ကြက်သွန်နီရေနှင့်ရော၍ မျက်စဉ်းခတ်ပေးခဲ့သော်
မျက်စိကိုက်ခြင်းပျောက်ကင်း၏။
(၁၀)ပျားရည်ကို ၀ါဂွမ်းဖတ်နှင့်စိမ်၍ သားအိမ်အ၀တိုင်အောင်ထည့်
ပေးခဲ့သော် သားအိမ်ရှိအညစ်အကြေးများစင်ကြယ်သွား၏။
(၁၁)ပါးသိရောင်ရောဂါဖြစ်လျှင် ပျားရည်ကိုရေနှင့်ရော၍ငုံပေးသော်
ပျောက်ကင်း၏။
(၁၂)ကျား၊ ခြင်္သေ့၊ ၀က်ဝံ၊ မြေခွေး စသောတိရစ္ဆာန်များကိုက်ရာ၌
လည်းကောင်း၊ ကုတ်ရာ၌လည်းကောင်း၊ ပျားရည် ၂ကျပ်၎ပဲသားကို
ခိုသားရော၍တိုက်ပါ။ ကိုက်သောနေရာကို ပျားရည်ဖြင့်သုတ်လိမ်း
ပါ။ အဆိပ်လည်းပြေ၏။ အသားနုသည် တက်လာ၏။
(၁၃)သွားကိုက်လျှင် ကိုက်သောနေရာတွင် ပျားရည်စိမ်ထားသောဝါ
ဂွမ်းစကို ထည့်ပေးသော် အတွင်းပိုးသေ၍ သွားကိုက်ရောဂါ ရှင်း
ရှင်းကွာ၏။
(၁၄)ပျားရည်ကိုရေအနည်းငယ်နှင့်ရော၍ နား၌ထည့်ပေးလျှင်နားကိုက်
ပျောက်ကင်း၏။
(၁၅)နှာစေးရောဂါကြောင့် အသံပျက်ခြင်း၊ အသံဝင်ခြင်း ဖြစ်ခဲ့သော်
တစ်နေ့ (၃)ကြိမ်မျှ ပျားရည် ၂ပဲသားကိုလျက်လျှင် ပျောက်ကင်း၏။
(၁၆)နူနာရောဂါနှင့် ပိုးရောဂါတို့ကို ပျောက်ကင်းစေရန်၊ အိပ်မွေ့သီး၊
တိဖိုလ်၊ ပိတ်ချင်းသီးတို့ကို အမှုန့်ပြု၍ မက္ခိက၊ ယင်းပျားရည်နှင့်
ရော၍ လျက်ရ၏။ (ဇီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့်သီး) ကို တိဖိုလ်ခေါ်
သည်။
(၁၇)ခံတက်ခေါက်ပြုတ်ရည်၌ (မက္ခတိ) ယင်းပျားရည်ရော၍သောက်
သော် ကျပ်တီးနာပျောက်ကင်း၏။
(၁၈)ပန်းနာ၊ ချောင်းဆိုး၊ ရောဂါများပျောက်ကင်းစေရန်၊ တိဖိုလ် ပိတ်
ချင်းသီးတို့ကို အမှုန့်ပြု၍ ပျားရည်နှင့်တိုက်လေ။
(၁၉)၀မ်းနာလျှင် ပျားရည်လျက်ခြင်း၊ ကလေးများ ၀မ်းနာပါကပျား
ရည်ခွံ့ခြင်းများပြုလုပ်ရသည်။
ကလေးများ မက္ခရုပေါက်လျှင်လျှာ
ကို ပျားရည်လိမ်းပေးရသည်။
ဝမ်းကိုက်လျှင်၊ ဇာတိပ္ဖိုလ်သီး
သို့မဟုတ် ကန့်ချုပ်နီမြစ်နှင့် ပျားရည်ကို သွေး၍လျက်ရ၏။
အသံပြာလျှင်ပျားရည်နှင့်သံပရာစပ်လျက်ရ၏။
မီးယပ်သွေးဆုံး ကာကွယ်ရန်နေ့စဉ်ပျားရည်သောက်ပေးရ၏။
စအိုတွင်း၊ ယောနိတွင်း
မျှော့ဝင်ပါက ပျားရည်ကိုသောက်ရ၏။
ချောင်းဆိုးလျှင် ပျားရည်၊
သံပရာရည်စပ်ပြီးဆားအသင့်အတင့်ထည့်၍လျက်ရ၏။
မြင်းခွာ
ရွက်ကိုနေရိပ်တွင်အခြောက်ထား၍ အမှုန့်ပြု၊ ပျားရည်နှင့်စားပါက
ထမင်းမြိန်ခြင်း၊ ရောဂါကင်းခြင်း အကျိုးရှိသည့်အပြင်၊ အသက်
ရှည်စေသည်ဟု အဆိုရှိ၏။
ပိန္နဲသီးမှည့်စားပြီးနောက် ပျားရည်ကို
လျက်လျှင် ဗိုက်မနာ ဤအချက်တို့မှာအညာဒေသ၏ အိမ်တွင်း
သုံးဆေးများဖြစ်သည်။
(၂၀)လေမလျှောက်သော ထုံနာ၊ ကျင်နာများအတွက် ပျားရည်နှင့်နွား
ကျင်ငယ်ကိုဆတူစပ်၍သောက်ရသည်။ လူကြီးရောဂါ၊ ကိုယ်
ရောင်ကိုယ်ဖောအတွက် ဆင်တုံးမနွယ်ပါးပါးလွှာ၍ နွားကျင်ငယ်
ရေနှင့် ပြုတ်ပြီးလျှင် နေပူတွင် အခြောက်လှန်း၊ ၎င်းကို ပျားရည်
နှင့်တေ၍စားရ၏။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ထိုသည်ရှေးသမားကြီးများ၏ ဆေးနည်းဖြစ်သည့်
ပျားရည်အကြောင်းသိကောင်းစရာအရပ်ရပ်တို့ကို စာတွေ့နှင့်လက်တွေ့ နှစ်ရပ်ပေါင်းစပ်၍ စေ့ငုံအောင် ဖော်ထုတ်တင်ပြခဲ့ပြီးဖြစ်သည်။
အထူးမှတ်သား ဖွယ်ကျန်ရှိနေသေးသည်မှာ လူသားတစ်ယောက်၏ဘ၀ကို တေဇော၊ အာပေါ၊ ၀ါယော၊ ပထ၀ီ၊ အာကာသ ဘုတ်ကြီး(၅)ပါးတို့ဖြင့် တည်ဆောက်ထားကြသည်။ ပျားရည်သည်လည်းသဘာဝ တေဇော၊ အာပေါ၊ ၀ါယော၊ ပထ၀ီ၊ အာကာသ ဘုတ်ကြီး(၅)ပါးဖြင့် တည်ဆောက်ထားသော ပစ္စည်းဖြစ်လေသည်။ ထူခြားသော ဆေးဖက်ပစ္စည်းအာဟာရ စသည်တို့အတွက် ပဉ္စဘူတ မယဒဗ္ဗဟူ၍ မနောမဒဿီ သာသနာပိုင်း သီဟိုဠ်ကျွန်းဆရာတော် ရေးသားတော်မူခဲ့သော "ဘေသဇ္ဇမဉ္ဇူသာ" ဆေးကျမ်းကြီး၌ ဖော်ပြထားလေသည်။
တစ်နည်းအားဖြင့်လည်း ဆေးဝါးဓာတ်စာ၊ အာဟာရတစ်ခုတခု၌တေ ဇော၊ အာပေါ၊ ၀ါယော၊ ပထ၀ီ၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ (၈)ဖြာတို့သည် တည်ရှိ နေကြသည်သာ ဖြစ်ပေသည်။ ထိုရုပ် (၈)ပါးကို ကြောင်းကျိုးဆက်၍ ခွဲယူသည်ရှိသော် တေဇော၊ ၀ါယော၊ အာပေါ၊ပထ၀ီဟူသော ဘုတ်ကြီး (၄)ပါးနှင့် ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ ဟူသောအာကာသ ဓာတ်စာပါ ပေါင်းဘုတ်ကြီး (၅)ပါး ဖြစ်ကြပေသည်။
ထိုတွင် ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ သို့မဟုတ် အာကာသဓာတ်တို့သည်တေ ဇော၊ ၀ါယော၊ အာပေါ၊ ပထ၀ီတို့၏ ညီညွတ်မျှတစွာ စုပေါင်းသရုပ်ဖော်ဆောင် ကြမှုကြောင့် ပေါ်ပေါက်လာရသော စွမ်းရည်ဖြစ်ပြီးလျှင် ကိုင်တွယ်၍တွက်စစ် ၍ ရကောင်းသည်မဟုတ်ချေ။
ထိုသြဇာဓာတ် ပြည့်ဝစွာပါဝင်ပြီး၊ လူသားတို့၏ ကောင်းကျိုးကို အမြဲတ စေ ပြုတတ်သည်မှာ ပျားရည်ပင်ဖြစ်ပေသည်။ ပျားရည်ကဲ့သို့ဘုတ်ကြီး(၅)ပါးစ လုံး ပါဝင်ကြသော ဆေးဖက်ပစ္စည်းများဖြစ်သောဇာတိပ္ဖိုလ်သီး၊ ဇာတိပ္ဖိုလ်ပွင့် စသည်တို့ များစွာပင်ရှိကြသော်လည်းကျန်းမာသက်ရှည် သေမှုသက်သာရေး ကို အထူးပြုဆောင်ရွက်နိုင်သော သဘာဝပျားရည်နှင့် သဘာဝသြဇာဓာတ် အကြောင်းကိုသာဦးစားပေး၍ ဖော်ပြရခြင်း ဖြစ်ပါသည်။
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ် မှ ပျားရည်(၂)

No comments:

Post a Comment