:include data='blog' name='google-analytics'/>

Monday, July 25, 2016

ပဲထမင်းချက်နည်း









ပန်း ခရေ added 3 new photos.
ပဲထမင်းချက်နည်းလေးပါရှင်
ပဲနီလေး၊ပဲဝါလေး၊ကုလားပဲ၊စားတော်ပဲ၊ဘာပဲနဲ့ပဲ
ဖြစ်ဖြစ်ချက်လို့ရပါတယ်။
မနက်ချက်မယ်ဆိုပဲကိုညထဲကရေစိမ်ထားပါ။
ချက်ခါနီးမှစိတ်ကူးရလို့ချက်ချင...်ရင်င်ပဲကိုရေနွေးကြက်
သီးနွေးလေးနဲ့၁နာရီလောက်စိမ်ပါ။
ထမင်းတောင့်တောင့်လှလှလေးလိုချင်ရင်ဆန်ကို၁နာရီ
လောက်ကြိုပြီးရေစိမ်ထားပါ။
ကုလားပဲဆိုရင်ပဲကိုအလုံးမပျက်နူးအောင်ရေခမ်းပြုတ်
ထားပါ။
ချက်တော့မယ်ဆိုရင်ဆန်ဆေးပြီးခါတိုင်းပေါင်းချက်သ
လိုပဲဆန်ကိုရေချိန်ပါ။
ပြုတ်ထားတဲ့ပဲထည့်ပါ။
ကရဝေးရွက်၂ရွက်၊သစ်ဂျပိုးခေါက်လက်တစ်ဆစ်
ဇီယာစေ့အနည်းငယ်၊ဂီးထောပတ်စားပွဲဇွန်း၂ဇွန်း၊
ဆီ၂ကျပ်ခွဲသားခန့်၊ဆားteaဇွန်း၁ဇွန်း၊သကြား၂ဇွန်း
ပြောဖို့မေ့သွားတယ်။
ပဲပြုတ်ရင်ဆနွင်းအနည်းငယ်ထည့်ပြုတ်ပါ။
ဆန်ကပေါင်းအိုးခွက်နဲ့၃ခွက်ခွဲ၊
ပဲက၁ခွက်ခွဲနဲ့ချက်ထားတာပါ။
ထမင်းရေခမ်းခါနီးရင်အပေါ်အောက်ဖွဖွတချက်လောက်
မွှေပေးပြီးရင်ရပါပြီ။
သစ်ဂျပိုးခေါက်များသွားရင်အနံ့အီတတ်ပါတယ်ရှင်။

No comments:

Post a Comment