:include data='blog' name='google-analytics'/>

Thursday, July 28, 2016

ရှောက်ဖတ်ငပိထောင်းနည်း










Pan Kankayae added 3 new photos.
5 March
ရှောက်ဖတ်ငပိထောင်းနည်းလေးပါ။
သွေးတိုးရှိတဲ့သူလဲစားလို့ရတယ်။
ဆီမြှုပ်အောင်ထည့်ထားရင်အကြာကြီးလဲခံတယ်။
အလုပ်သွားရတဲ့သူတွေတစ်ပတ်စာထောင်းထား
ရင်ထမင်းမြိန်မြိန်စားလို...့ရတယ်။
အဝေးကသူကိုအများကြီးထောင်းပြီးလက်ဆောင်
ပေးလဲကိုယ့်ကိုအမြဲငပိထောင်းနဲ့တွဲပြီးသတိရနေ
လိမ့်မယ်။
အရမ်းခံတွင်းမြိန်ပါတယ်။
လိုအပ်တာတွေကတော့
ငပိကောင်းကောင်း၁၀သား
ငရုတ်သီးစပ်စပ်ကြိုက်ရင်များများ(မွှေးအောင်လှော်
ထားပါ။
ကြက်သွန်ဖြူဗမာဥ၅လုံး
အချိုမှုန့်အနည်းငယ်
ဆားအနည်း
ရှောက်သီးစိမ်းစိမ်းအနေတော်၁လုံး
(ရှောက်သီးကအဝါရောင်သန်းပြီးမှည့်နေရင်အ
ရည်ရွှမ်းလို့မကောင်းပါ။ခါးတတ်သည်။)
ငပိကိုမွှေးရုံလေးမီးကင်ပါ။
တူးသွားရင်ခါးပြီးငပိအနံ့လည်းသိပ်မမွှေးတော့ပါ။
ငရုတ်သီးစိမ်းလဲမွှေးအောင်လှော်ပါ။
ကြက်သွန်ဖြူလဲလှော်ပါ။
ငရုတ်သီး၊ကြက်သွန်ဖြူက်ုမညက်တညက်ထောင်း
ပြီးရင်ငပိပါအချိုမှုန့်အနည်းငယ်နဲ့ထောင်းပြီးမှ
ရှောက်သီးကိုအခွံခွာပြီးအဖတ်ကလေးများမျှင်ပါ။
ဆားအနည်းငယ်နှင့်နယ်ပြီးငပိထဲထည့်ထောင်းပါ။
နှံ့ရုံဖွဖွလေးထောင်းပါ။
ရှောက်သီးဖတ်တွေကြေမသွားစေရ။
ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြှုပ်အောင်
ထည့်ထားရင်အကြာကြီးထားစားလို့ရပါတယ်။
ကျမကတခါထောင်းရင်အများကြီးထောင်းပြီးအ
ကြာကြီးစားပါတယ်။
ရေခဲသေတ္တာထဲထားရင်ပိုကောင်းပေမယ့်
ဒီအတိုင်းအခန်းအပူချိန်မှာဆီမြှုပ်အောင်ထည့်ပြီး
ထားလဲအရသာမပြောင်းပါဘူး။
ထမင်းမြိန်စေတာလဲအမှန်ပါပဲနော်။

No comments:

Post a Comment