:include data='blog' name='google-analytics'/>

Thursday, July 7, 2016

မြောင်းမြ မုန်ဟင်းခါးချက်နည်းတွင် လှို့ဝှက်ချက် ရှိနေတယ်

NanNan Granary to စားကြမယ် ၊ချက်ကြမယ်၊
မြောင်းမြ မုန်ဟင်းခါးချက်နည်းတွင် လှို့ဝှက်ချက် ရှိနေတယ် အများအားဖြင့် သိသူနည်းနေပါတယ် နာမည်ကြီးတဲ့ဆိုင်ကချက်နည်းနော်
ငါးရံ ငါးခူ ငါးကြင်းဖြူ များနှ...င့်ချက်လျှင်ပ်ုကောင်းပါတယ်
အချိုးအစားက နှစ်သက်သလိုတည့်ပါ
ငါးပြုတ်ရန်ရေနွေးတည်ထားပါ ဇပါးလင်. ဂျင်းကြက်သွန်ဖြူ နှင့်ဆူပွက်လာရင် ငါး ...ငံပြာရည် တည့်ကာ ဆီနည်းနည်း နနွင်းမု့န့် အနည်းငယ်ဖြင့် ငါးများနူးလာသည်အထိပြုတ်ပေးပါ
ရေဆူပြီးမှာ့ငါးတည့်သည့်အတွက် ငါးညှီနံမရှိတော့ပါ
ဟင်ရည်ချက်ရန် ငါးအသားနွှာပါကြေမသွားစေရ ငါးအသာမြောင်းလေးလှလှလေးဖြစ်နေပါစေ
ဂျင်းကြက်သွန်ဖြူ ထောင်းကာဆီသတ် ပြီလျှင် ငါးပြတ်ရေအိုးထဲသ်ု့တည့်ကာဆူပွက်သည့်အချိန်တွင် နွှာထားသောငါးပြုတ်တည့်ပါ ..ငါးပြုတ်ဆီမသတ်ရ
ဟင်းရည် ဆူပွက်၍ အနံမွေးလာရင် ဆန်လှော်မုန့် ပဲမုန့်အကြက်ရေဖျော်ပြီဖြေးဖြေးလောင်းတည်ပါ ဟင်းရည် ဆူချိန်ရောက်မှာ့အပေါ့အငံတွက်ငံပြာရည်တည့်ပါ
ဆူပွက်ချိန်မရောက်ခင်တည့်ရင် ငံပြာရည် အနံထွက်တတ်သည်
ကြသွန်နီတည့် ငရုတ်ကောင်း ပြီးလျှင် အနံအရသာဖြင့်ပြည့်စုံသော မုန့်ဟင်းခါး ဟင်းရည် ရပါပြီ အကြော်နှစ်သက်သလိုတည့်စားပါ

No comments:

Post a Comment