:include data='blog' name='google-analytics'/>

Saturday, April 18, 2015

Scientific Buddhist

ဒီတစ်ပတ်အတွင်း အထူးခြားဆုံး သတင်းလေးပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် တခြားဘာသာဝင်တွေနဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေသိစေဖို့ ရှဲပေးကြပါ။
သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင် Stephen Hawking မှ ဗုဒ္ဓဟောကြားသည်မှာ မှန်ကန်ကြောင်း၊ စကြာဝဠာ၏ အစကို ရှာဖွေခြင်းမှာ အကျိုးမရှိကြောင်းပြောကြားခဲ့ပါတယ်။ ၄င်းကိုယ်တိုင်လည်း ဘာသာမဲ့အဖြစ်မှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ပြောင်းလဲလိုက်ပါတယ်။
----------------------------------------------------------------------------------
ပြီးခဲ့သည့် ၁ရက်နေ့ ဧပြီလ ၂၀၁၅ ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် လေးကြိမ်မြောက် စကြာဝဠာဆိုင်ရာ ရူပဗေဒ ကွန်ဖရင့်တွင် Stephen Hawkingမှ စကြာဝဠာ၏အစကို ရှာဖွေခြင်းမှာ အကျိုးမရှိသည့် လုပ်ရပ်ဟု ၄င်းယူဆကြောင်း အံဩဖွယ်ရာ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
စတီဗင်ဟောကင်းမှာ Big Bang သီအိုရီဖြင့် နာမည်ကျော်ကြားသော ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပြီး မည်သည့် ဘာသာတရားကိုမျှ မကိုးကွယ်သူ ဘာသာမဲ့တစ်ဦးဖြစ်သည်။ Big Bang သီအိုရီတွင် စကြာဝဠာသည် မဟာပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်ရာမှ စတင်လာခဲ့သည်ဟု Stephen Hawking မှခန့်မှန်းခဲ့သည်။ ယခုအခါ Stephen Hawking၏ ရပ်တည်မှုပြောင်းလဲသွားသည်ကို ရူပဗေဒပညာရှင်များအကြား၊ ပညာရှင်များအကြား ဂယက်ရိုက်ခတ်သွားသည်။
ထို့အပြင် Stephen Hawking သည် ဆယ်ကျောက်သက် ဘဝတွင် မိမိကိုယ်ကို ဘာသာမဲ့တစ်ဦးအဖြစ် ခံယုပြီး မိဘများကိုးကွယ်သော ခရစ်ယာန်ဘာသာကို ကိုးကွယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ယခုအခါ ဘာသာမဲ့တစ်ဦးအဖြစ်မှ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ပြီဟုလည်း ထပ်မံပြောကြားလိုက်ပါတယ်။
Stephen Hawking မှ ပြောကြားရာတွင် “ကျွန်တော်ဟာ လွန်ခဲ့သော သုံးနှစ်မှစပြီး စိတ်ဖိစီးမှု ကင်းငြိမ်းရာရှာဖွေရင်း ဗုဒ္ဓစာပေများကို လေ့လာလိုက်စားခဲ့ပါတယ်။ ကမ္မဌာန်းတရားကိုလည်း တတ်နိုင်သလောက် ပွားများအားထုတ်ခဲ့ပါတယ်။ တရားအားထုတ်မှုအားကောင်းလာတာနဲ့အမျှ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားဓမ္မ၏ အနှစ်သာရကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လာခဲ့ပါတယ်။ ထို့အပြင် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်များနှင့် ယှဉ်ကြည့်တဲ့အခါ ကျွန်တော်ရဲ့ စကြာဝဠာနဲ့ဆိုင်တဲ့ သီအိုရီတွေဟာ မှန်ကန်မှု မရှိတာကို တွေ့လာရပါတယ်။ ကျွန်တော့်စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ထွင်းဖောက်သိမြင်လာတာကတော့ ဗုဒ္ဓပြောခဲ့တဲ့အတိုင်း စကြာဝဠာရဲ့ အစကို ရှာဖွေတဲ့ လုပ်ရပ်ဟာ အချည်းနှီးပဲဖြစ်ပါတယ်လို့ ယုံကြည်လာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရူပဗေဒ ပညာရှင်များအသိုင်းအဝိုင်းမှာ အများစုက စတီဗင်ဟောကင်းရဲ့ ပြောကြားချက်ကို ထောက်ခံကြပါတယ်။ လူနည်းစုကတော့ ကန့်ကွက်တာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရူပနက္ခပညာရှင် တစ်ဦးဖြစ်တဲ့ မားဂရက် Margaret J. Geller က Stephen Hawking ၏ သဘောထားကို မိမိအနေနှင့် နားလည်လက်ခံပါကြောင်း၊ စကြာဝဠာရဲ့အစကို ရှာဖွေနေမယ့်အစား၊ ဂလက်စီများကို လိုက်လံ ရှာဖွေနေမည့်အစား လူသားများ၏ အကျိုးအတွက် အခြားသော အရာများကို လုပ်ဆောင်လျှင် ပိုမို ထိရောက်မည်ဟု တစ်ခါတစ်ရံတွေးမိကြောင်း ပြောကြားလိုက်ပါတယ်။
Stephen Hawking ရဲ့ ပြောကြားမှုကြောင့် NASA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း တခြားဂြိုလ်များ၊ တခြား စကြာဝဠာများသို့ လေ့လာရန် အာကာသယာဉ်စေလွှတ်မှုများကို လူသားတို့အတွက် အကျိုးရှိမရှိ လေးလေးနက်နက် ပြန်လည်သုံးသပ်သွားတော့မှာဖြစ်ကြောင်း၊ လိုအပ်ပါက ထိုကုန်ကျသည့်ငွေများကို လူသားတို့အတွက် အမှန်တစ်ကယ် အကျိုးရှိသော သုသေတနလုပ်ငန်းများတွင်သာ ရင်းနှီးမြုပ်နှံမည်ဟု ဖြေကြားသွားခဲ့ပါတယ်။

No comments:

Post a Comment