:include data='blog' name='google-analytics'/>

Wednesday, April 1, 2015

အလွန်ရှောင်ကျဉ်သင့်တဲ့ လုပ်ရပ်ပါ

အလွန်ရှောင်ကျဉ်သင့်တဲ့ လုပ်ရပ်ပါ
----------------------------------------
မနေ့က အမေနဲ့ ဈေးထဲလိုက်သွားတယ်။ ပရဆေးဆိုင်တစ်ဆိုင်ရှေ့မှာ
မောလို့ ၀င်နားတော့ အဲ့ လူကြီးကစိတ်ညစ်ညစ်နဲ့ ငြီးတယ် ...
သူ့ လက်ထဲမှာ အဖြူမှုန့်အနည်းငယ် ထည့်ထားတဲ့ အိတ်လေး ....
ကျွန်တော်ဗျာ ဒီ ချွတ်ဆေးကို မရောင်းချင်တော့ဖူး တဲ့ ...
အမေက မေးတယ် ဘာဖြစ်လို့လဲဆိုတော့ ဈေးရောင်းတဲ့ သူတွေက လာလာဝယ်တယ်တဲ့ ..
အစွန်းချွတ်ဆေးကို ဘာလုပ်လဲဆိုတော့ ..
(ပဲကြီး၊ ပဲပင်ပေါက်၊ သစ်တော်သီး၊ ပန်းသစ်တော် ၊ ပန်းသီး ၊ မာလကာသီး) သူပြောတာတော့တော်တော်များတယ် .. အဲ့ဒါတွေကို ဒီချွတ်ဆေးနဲ့ ချွတ်လိုက်ရင် ဖြူဖွေးပြီး မာတင်းသွားတယ်။ သစ်သီးတွေဆိုရင် စားလိုက်ရင် ကျွတ်ရွစေပါတယ်။
အဲ့ဆေးကို တစ်နေ့တည်း သုံး၊ လေးခါ ကိုင်ရင်တောင် ယားပြီး အကွက်တွေ ဖြစ်လာတယ်တဲ့ ... စားရင်တော့ စဉ်းစားသာကြည့်ပေတော့။
အရမ်းကိုကြောက်စရာကောင်းပါတယ်။ ဈေးသည်တွေဝယ်လွန်းလို့ မရောင်းချင်ဖူးတဲ့ ..
အစားအသောက်တွေမှာ လူတွေမစားသင့်တဲ့ ချွတ်ဆေး၊ ဆိုးဆေးတွေကိုသုံးတာဟာ အရမ်းကို အန္တရာယ်များပါတယ် ...
မြန်မာပြည်မှာ အခြားအစားအသောက်တွေထဲမှာလည်း ဘာဆေးတွေ ဘယ်လိုတွေ သုံးထားလဲဆိုတာ ရောင်းချတဲ့သူတွေကလွဲပြီး စားသုံးသူတွေကတော့ မသိနိုင်ပါဘူး။
ဒီတိုင်းသာဆို မြန်မာပြည်ဟာ နေလို့တောင် မကောင်းတော့ဘူး။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမှကို စိတ်မချရတော့ဘူး။
ကျန်းမာရေးဝန်ကြီးဌာနကလူတွေ ဒါတွေကို သိသင့်တယ်၊ ဖြေရှင်းသင့်တယ်။
သူငယ်ချင်းတို့လဲ ဖြန့်ဝေပေးပါနော် ...
Credit - (SLM)
အမျိုးသမီးနှင့်ကျန်းမာရေး

No comments:

Post a Comment