:include data='blog' name='google-analytics'/>

Thursday, April 2, 2015

မအံ့သြနဲ့ကိုယ့်လူ

မအံ့သြနဲ့ကိုယ့်လူ
ဒေါ်အောင်ဆန်းစုကြည်ဆိုတာမင်းသွားချင်တဲ့နိုင်ငံသွားသူတို့နိုင်ငံကဘယ်နိုင်ငံသားလဲမေးရင်ဒေါ်အောင်ဆန်းစုကြည်တစ်လုံးပဲဖြေလုံလောက်ပြီ
မအံ့သြနဲ့ကိုယ့်လ
ကမ္ဘ္ဘ္ဘာကအသိအမှတ်ပြုထားတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာဖားယားလို့ရထားတာမဟုတ်ဘူးဆိုတာကမ္ဘာ့ပဝန်းကျင်အသိုင်းအဝိုင်းကသိနေလို့
မအံ့သြနဲ့ကိုယ့်လူ
ပြည်ပမှာကြီးပြီး တိုင်းတစ်ပါးသားနဲ့အိမ်ထောင်ကျခဲ့ပေမဲ့မြန်မာဗုဒ္ဓဘာသာအမျိုးသမီးပီပီ သူမရဲ့အိမ်ထောင်ဘက်ကလဲဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာတရားကိုအတွင်းကျကျလေ့လာလိုက်စားပြီးပါဋ္ဌိဘာသာကိုကျမ်းတွေပြုစုလောက်တဲ့ထိတစ်ဖက်ကမ်းခတ်ခဲ့တယ်ဆိုတာငြင်းမရတဲ့သမိုင်းမို့
မအံ့သြနဲ့ကိုယ့်လူ
ဒေါ်အောင်ဆန်းစုကြည်သာမန် လွှတ်တော်အမတ် အဆင့်က
လုပ်ပြသွားတဲ့နီးစပ်ရာ လုပ်ချက်ကလေးတွေပါ။
(၁) နှစ် နှစ်ဆယ်လုံးလုံး အလုပ်သမား ၀န်ကြီး
မလုပ်နိုင်တဲ့ ထိုင်းခရီးစဉ်မှာ ယင်လတ်နဲ့
ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ပြီး
မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့
ချီသောသူတွေရဲ့ အခက်အခဲကို အဆင်ပြေစေတဲ့
ယာယီ အလုပ်သမားကတ်နဲ့နိုင်ငံကူးလက်မှတ်
တွေထုတ်ပေးလာနိုင်တယ်။
(၂) နှစ်နှစ်ဆယ် လုံးလုံး ကျန်းမာရေးဝန်ကြီးတွေ
မလုပ်နိုင်ခဲ့တဲ့တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေး
ဘတ်ဂျက်ကို တိုးပေးဖို့လွှတ်တော်မှာ
ဆွေးနွေးခဲ့ပြီး ရန်ကုန်အထွေထွေရောဂါကု
ဆေးရုံကြီးကို အဆင့်မီဆေးရုံအဖြစ် အသစ်ဆောက်လုပ်ပြီး အဆင့်မြှင့်ဖို့စီမံကိန်းတွေ
အကောင်အထည်ဖော်လာသလို ဂျာမနီနဲ့
ဂျပန်တို့ရဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့
ရရှိခဲ့တယ်။
(၃) နှစ် နှစ်ဆယ်လုံးလုံး ဘယ်ပညာရေးဝန်ကြီးမှာ မလုပ်နိုင်ခဲ့တဲ့ပညာရေး ဘတ်ဂျက်ကို နှစ်ဆတိုးဖို့
အဆို တင်သွင်းခဲ့လို့ ကျောင်းတွေမှာ
ပညာရေးဘတ်ဂျက်အသုံးစရိတ်
နှစ်ဆရလာတဲ့အပြင် ရန်ကုန် မန္တလေး အဆင့်မြင့်
တက္ကသိုလ်တွေအဖြစ့် အရင်က ပိတ်ထားခဲ့တဲ့
တက္ကသိုလ်တွေမှ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့
ပူးပေါင်းဆောင်ရွက်ပြီး ပညာရေး အဆင့်မြင့်ဖို့
စီမံကိန်းတွေအကောင်အထည်ဖော်လာတယ်။
(၄) နှစ်နှစ်ဆယ်လုံးလုံး သတ္တုတွင်း ၀န်ကြီး နဲ့
အမျိုးသား စီမံကိန်း ၀န်ကြီးတွေ မလုပ်နိုင်ခဲ့တဲ့
လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်ဥက္ကဌ
အဖြစ် အရင်က မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ ၁၅
ရာခိုင်နှုန်းပဲ ရခဲ့တဲ့ အချိုးအစားကို ၆၀ရာနှုန်းအဖြစ် အကျိုးအမြတ် ရအောင် ဖန်တီးပေးနိုင်ခဲ့သလို
ယခင်က နစ်နာခဲ့တဲ့ ပြည်သူတွေ အနေနဲ့လည်း
လျော်ကြေးတွေ ပြန်လည်ရရှိခဲတယ်။
အကျိုးဆက်အဖြစ် တရုတ်က ရပ်တန့်ထားတဲ့
စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ကြိုးစားရင်
ဒေါ်စုနဲ့ နဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာ သဘော
ပေါက်လာတယ်။
(၅) နှစ်ငါးဆယ်လုံးလုံး ဘယ်နိုင်ငံ့ခေါင်းဆောင် မှ
မလုပ်နိုင်ခဲ့တဲ့ မိမိအစိုးရစရိတ်မပါပဲ
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့အထူး
ဧည့်သည်တော်အဖြစ် ဖိတ်ကြားချက်နဲ့ နိုင်ငံရေး
စီးပွားရေး ကြွေးမြီကိစ္စတွေ ဥပဒေရေးရာ
နိုင်ငံရေးရာတွေကို ကမ္ဘာ့ပညာရှင်တွေနဲ့
ဆွေးနွေးဟောပြောခြင်း နိုင်ငံအတွက်
ကဏ္ဍစုံကိုအခွင့်အလမ်းပွင့်စေခြင်း
အစရှိတာတွေကို ဆောင်ရွက်ခဲ့တယ်။
လက်ရှိ သမ္မတ နဲ့ ဒေါ် စုနဲ့ကို ကမ္ဘာက
ဖိတ်ကြားတာချင်း၊ အဲဒီနိုင်ငံ ၀န်ကြီးချုပ်တွေနဲ့
တွေ့ဆုံဧည့်ခံတာချင်း၊ တိုင်းပြည်အကြောင်း
ပွင့်လင်းစွာ ဆွေးနွေးကြတာချင်း
ဘယ်သူက ပိုများသလဲ ...။
(၆) နှစ်ပေါင်းများစွာ မည်သည့်သမ္မတကမှ
ဘာသာရေးနဲ့ပတ်သက်ပြီးပွင့်လင်းစွာ
မဖြေကြားခဲ့တဲ့မြန်မာပြည်က
လူနည်းစုအစ္စလာမ်တွေက မြန်မာပြည်က
ဗုဒ္ဒဘာသာဝင်တွေကိုစိုးရိမ်ထိတ်လန့်နေပါသလား
ဆိုတဲ့ ဘီဘီစီရဲ့ နှပ်ကြောင်းပေးမေးခွန်းကို
ကမ္ဘာ့ အစ္စလာမ် ပါဝါကိုလည်း ကမ္ဘာ့
ဗုဒ္ဒဘာသာဝင်လူနည်းစုက
စိုးရိမ် ထိတ်လန့်နေတာပါပဲ ဆိုတဲ့ အဖြေနဲ့
ချေပ ဖြေဆိုနေချိန်မှာ..
လက်ရှိ မြန်မာနိုင်ငံ အစိုးရနဲ့ သမ္မတက
ပြည်တွင်းမီဒီယာတွေနဲ့ VOA အင်တာဗျူးမှာ
ကျွန်တော်တို့ နိုင်ငံမှာ ခိုးဝင်လာသူ မရှိပါဘူး။
၁၉၈၂ ဥပဒေအရ နိုင်ငံသားပေးမယ် ဆိုတဲ့
ပြောကြားချက်တွေကို ဥပဒေကိုမလေ့လာပဲ
ပြီးစလွယ် ပေါက်ပန်းဈေး တရစပ်
ပြောဆိုနေကြပါတယ်။
မအံ့သြနဲ့အုံးကိုယ့်လူ
ဒေါ်အောင်ဆန်းစုကြည်ဆိုတာလင်တစ်ကွဲသားတစ်ကွဲနဲ့အနှစ်နှစ်ဆယ်ကျော်အကျယ်ချုပ်ဘဝနဲ့အာဏာရှင်ရဲ့ယုတ်မာမှုလက်အောက်ကခုချိန်ထိဒူးမထောက်ခဲ့တဲ့အာဂအမျိုးသမီးThe Lady
မအံ့သြနဲ့အုံးကိုယ့်လူ
မအံ့သြနဲ့အုံးသူမသမ္မတဖြစ်လာရင်အာရှရဲ့ကြယ်တစ်ပွင့်အဖြစ်မြန်မာကိုကမ္ဘ္ဘမှာတင့်အောင်ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာသိဖို့ အရေးကျုပ်တို့ပြည်သူတွေအရင်ဝန်းရံကြဖို့ခုခါသမယဟာအရေးကြီးတဲ့အခါသမယပဲဗျို့
ကိုငရဲသား၏စာသားအချို့အားcreditပေးပါသည် ။ ။
လေးစားလျှက်
Mandalay PaYit 

No comments:

Post a Comment