စာဖတ်ပရိတ်သတ်တစ်ဦးရဲ့ ဦးနှောက်အကျိတ်ကို နိုင်တဲ့ဆေး ရှိရင်သိပါရစေ ဆိုတာကို ဖြေရမယ်ဆိုရင် မရှိပါဘူးလို့ပဲဖြေရပါမယ်။ ဒါပေမဲ့ကျမသိတဲ့ အချို့သော ကျန်မာရေးနဲ့ ဆက်နွယ်တဲ့အကြောင်း တွေကို ဖေါက်သည်ချချင်ပါတယ်။ ဒီအချက်တွေက မေးထားတဲ့ စာဖတ်ပရိတ်သတ်လိုချင်တဲ့ ဆေးအတွက် အထောက်အကူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
မြတ်စွာဘုရားလက်ထက်တော်က ဆေးပါရဂူဖြစ်တဲ့ဆရာဇီဝက က ခေါင်းကိုက် ရောဂါဝေဒန အပြင်း အထန် ခံစားနေရတဲ့လူနာ၊ သမားတော်အားလုံးက ကုလို့မရဘူး။ သေမှာပဲလို့ပြောထား တဲ့ လူနာရဲ့ ခေါင်းထဲမှာရှိတဲ့ပိုးသုံးကောင်ကို ခေါင်းခွဲပြီး ကုသပေးလိုက်တယ်ဆိုတာ ဖတ်ရဖူး ပါတယ်။
ကျမတို့ရဲ့ဦးခေါင်းဟာ တစ်ချို့ခလေးငယ်လေးတွေ (ခေါင်းရိုးတွေမဆက်သေးရင်၊ နှလုံးခုန်တဲ့ အခါ နှလုံးသွေးတွေ ခေါင်းထဲရောက်သွားလို့ ငယ်ထိပ်ကလေး လှုပ်စိလှုပ်စိဖြစ်နေတာ ကို တွေ့ နိုင်ပါတယ်) ကလွဲရင် ဆက်စပ်ထားတဲ့ အရိုးဆက်တွေ အသေပိတ်သွားပြီး ထပ်ချဲ့လို့ မရ တဲ့ အလုံပိတ်အရိုးဘူး လို့ပြောရပါမယ်။ ဒါကြောင့်ဦးခေါင်းထဲမှာအပိုပစ္စည်း တွေရောက် လာ ရင် အပြင်ခေါင်းရိုးက မကြီးနိုင်၊ မချဲ့နိုင်၊တာကြောင့်ဦးခေါင်းထဲမှာရှိတဲ့ဥဏှောက်ကိုဖိလို့ လူနာတွေ အသက် ဆုံးရှုံးရပါတယ်။
ကိုယ်ခန္ဓာရဲ့ အခြားနေရာတွေမှာ ရေတွေပိုလာရင် အဲ့ဒီနေရာတွေ ရောင်လာတာ က လွဲရင်၊ ဥပမာ၊ နှလုံးရောဂါသည် တွေမှာ ခြေထောက်တွေရောင်လာတာ ၊ အသဲရောဂါသည်တွေမှာ ဗိုလ်ဖေါင်လာတာ မျိုးမှာ လူနာကိုဘာမှ ကြီးကြီးကျယ်ကျယ် အန္တရယ်မပေးပါဘူး၊ ရောဂါလက္ခဏာတစ်ခု အနေနဲ့ အသုံးတောင်ဝင်ပါသေးတယ်။
ဒါပေမဲ့ဦးခေါင်းထဲမှာရေ၀င်လာရင်ဥဏှောက်မှာရှိတဲ့ ဗိုက်တဲဌာန (Vital centre) လို့ ခေါ်တဲ့ အသက်ရှင်ဖို့ လိုအပ်တဲ့ ဥဏှောက်တို့ နှလုံးတို့ကို အလုပ်လုပ်စေတဲ့ ဗဟိုလ် စက် ယန္တရား ကြီး ပျက်စီးသွားလို့သေဆုံးကြရပါတယ်။ ဒါကြောင့်အရက်ပျံကြောင့် ဥဏှောက်ရောင် ရင်ဖြစ်ဖြစ်၊ ဦးခေါင်းဒဏ်ရာရလို့ ဦးခေါင်းထဲမှာသွေးခြေဥရင်ဖြစ်ဖြစ်၊ ကင်ဆာမဟုတ်တဲ့ အကျိတ်ပဲဖြစ်ဖြစ်၊ ဦးခေါင်းခွံမဆန့်ရင်အထဲမှာရှိတဲ့နုညံ့တဲ့ဥဏှောက်ကို ဖိတာကြောင့် အမြန် ဆုံး ခွဲထုတ် ပစ်ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းတစ်ယောက်ဆီကပို့လိုက်တဲ့ နာမည် ကြီး Johns Hopkins Update - ဆေးရုံရဲ့နောက်ဆုံး ကင်ဆာရောဂါကု ထုံးနဲ့ပတ်သက် တဲ့ မွန်းမန်ပြင်ဆင်ချက်ကို ဖေါက်သည်ချလိုက်ပါတယ်။
နှစ်ပေါင်းများစွာက ကင်ဆာလူနာတို့အား တစ်ခုတည်းနှင့်အထိရောက်ဆုံး သော ကုသမှု ဟာ ကင်ဆာဆေးတွေပဲလို့ပြောခဲ့ပေမဲ့အခုတော့ တစ်ခြား ကုသနည်း လည်းရှိပါတယ်။
၁။ လူတိုင်းရဲ့ကိုယ်ထဲမှာကင်ဆာဖြစ်တဲ့ ဆဲ(Cell)တွေရှိပါတယ်။ ဒါပေမဲ့ ဒီဆဲတွေ သန်းပေါင်း များစွာ ပွါးများလာမှ လက်ရှိစစ်ဆေ တဲ့နည်းတွေနဲ့တွေ့နိုင်ပါတယ်။ ထိုနည်းအတူကင်ဆာဆေး တွေစားလို့ ကင်ဆာဆဲတွေနည်းသွားပြီး စစ်ဆေးနိုင်တဲ့နည်းတွေနဲ့မတွေ့တာကို ကုသတဲ့ ဆရာဝန်က ကင်ဆာ မရှိတော့ဘူးလို့ ပြောတာ ပါ။
၂။ ကင်ဆာဆဲတွေဟာလူ့ဘ၀သက်တန်းတစ်လျှောက်မှာအနည်းဆုံး ၆-၁၀ ကြိမ် မက ဖြစ်ပါတယ်။
၃။ လူနာရဲ့ခုခံအားကကောင်းမယ်ဆိုရင် ကင်ဆာဆဲတွေကို ကိုယ်ခန္ဓာရဲ့ခုခံဆဲတွေက ဖျက်စီးလိုက်ပြီး၊ ကင်ဆာဆက်မဖြစ်အောင်တားဆီးပါတယ်။
၎။ လူနာတစ်ယောက်မှာကင်ဆာဖြစ်တယ်ဆိုရင် သူ့မှာအာဟာရမလုံလောက်ဘူး ဆိုတာကို ညွှန်ပြပါတယ်။ အာဟာရမလုံလောက်တာဟာ မွေးရာပါဗီဇ ကြောင့်ဖြစ်နိုင်သလို၊ပတ်ဝန်ကျင်၊ အစားအစာနှင့်အလေ့အကျင့်ကြောင့်လည်းဖြစ်နိုင်ပါတယ်။
၅။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တဲ့အာဟာရမလုံလောက်မှုကို အစားအစာပြောင်းလဲ စား သောက်ခြင်း၊တစ်နေ့ ၄-၅ ကြိမ်စားသောက်ခြင်း၊လိုအပ်တဲ့ (Vitamins ) စသည် များထဲ့ သွင်းသုံးဆောင်ပေးခြင်းဖြင့်ကျော်လွှာနိုင်ပါတယ်။
၆။ ကင်ဆာဆေးတွေဟာ အဆိပ်တွေလို လျှင်မြန်စွာကြီးထွားနေတဲ့ကင်ဆာဆဲ တွေအပြင်၊ လျှင်မြန်စွာ ကြီးထွားဖို့လိုအပ်တဲ့ ဆဲအကောင်းတွေရှိတဲ့ ဥပမာ ရိုးတွင်းချဉ်ဆီထဲက သွေးထုတ် တဲ့ဆဲတွေ၊ အစာလမ်းကြောင်းကဆဲစသည်တွေကိုလည်းဖျက်ဆီးတာကြောင့် ကိုယ်တွင်း အင်္ဂါများပျက်စီးနိုင်ပါတယ်။ ဥပမာ၊ နှလုံး၊အသဲ၊ကျောက်ကပ်၊အဆုတ်စသည်များ။
၇။ ဓါတ်ကင်ခြင်းကလည်း ကင်ဆာဆဲတွေကို သတ်သလို ဆဲအကောင်းတွေကိုလည်း လောင်ကျွမ်းစေခြင်း၊ အနာရွတ်ဖြစ်စေခြင်းဖြင့်၊ကျန်းမာတဲ့ ဆဲကောင်းများကိုသေစေပါတယ်၊ ကိုယ်တွင်း အင်္ဂါတွေကို ပျက်ဆီးစေပါတယ်။
၈။ ကင်ဆာဆေးသောက်ကာစ၊ ဓါတ်ကင်ခါစမှာ ကင်ဆာအကျိတ်တွေ သေးသွားပေမဲ့ ကင်ဆာ ဆေးဆက်သောက်ခြင်း၊ ဓါတ်ဆက်ကင်ခြင်းဖြင့် ကင်ဆာအကျိတ်တွေ ပို သေး မသွားပါဘူး။
၉။ ကင်ဆာဆေးတွေ၊ဓါတ်ရောင်ခြည်တွေကြောင့်ကိုယ်ထဲမှာအဆိပ်တွေများလာပြီး၊ကိုယ် ခန္ဓာရဲ့ ခုခံမှုအဖွဲ့အစည်း (Immune system) ကြီးအားနည်းလာခြင်း၊ ပျက်ဆီးသွားခြင်း ကြောင့် လူနာ ဟာ အခြားသောကူဆက်ရောဂါများ၊ ကွန်ပလင်ကေးရှင်း (Complication) ခေါ်အခြား ရောဂါ များနှင့် ရှုပ်တွေးမှုဖြစ်ပြီး သေဆုံးနိုင်ပါတယ်။
၁၀။ ကင်ဆာဆေးတွေနဲ့ ဓါတ်ရောင်ခြည်တွေက ကင်ဆာဆဲတွေကို ဗီဇပြောင်းစေခြင်း၊နဲ့ ဓါတ်ရောင်ခြည်တွေကိုခံနိုင်ရည်ရှိစေခြင်း များကိုဖြစ်စေနိုင်တာကြောင့် ကင်ဆာကုသ ရေး ကိုထိခိုက်စေပါတယ်။ ခွဲစိပ်ကုသခြင်းကလည်းကင်ဆာဆဲတွေကိုပျံ့နှံ့စေပါတယ်။
၁၁။ အကောင်းဆုံးနှင့်အထိရောက်ဆုံးနည်းကတော့ ကင်ဆာဆဲတွေ လိုအပ်တဲ့ အစာတွေ ကို မပေးခြင်းဖြင့် ကင်ဆာဆဲတွေကိုအစာငတ်သေစေတာပါပဲ။
ကင်ဆာဆဲတွေ လိုအပ်တာ က တော့---
က။ ဆေးသကြား (Aspartame) ။(ကျမတို့ခလေးဘ၀ထဲကဆေး သကြားမကောင်းဘူးဆိုတာ သိခဲ့ပါတယ်။မေမေကအမြဲပြောလေ့ရှိပါတယ်၊ ဆေးသကြားပါရင် ချောင်းဆိုးတယ်၊ ပါးစပ် တစ်မျိုးကြီးဖြစ် တယ်တဲ့)။ ဒါကြောင့်ဆေးသကြားပါတဲ့အစားအစာတွေရှောင်ရပါမယ်။ ဥပမာ။ Equal, NutraSweet, Spoonful, စသည်တို့ဖြစ်ပါတယ်။ ကင်ဆာဆဲက သကြားလို အပ်တာမို့ သကြားကို တတ်နိုင်သမျှ လျော့စားပါ။
ခ။ ဆားအဖြူမှာပါတဲ့(ဖြူအောင်လုပ်တဲ့ဓါတ်ပစ္စည်း)။ ဒါကြောင့်သဘာဝ နေလှမ်းဆားကို စားသုံးပါ။ ထိုနည်းအတူအရောင်မချွတ်ထားတဲ့ သကြားအညိုကို သုံးပါ။
ဂ။ နိ့ နဲ့နို့ထွက်ပစ္စည်းအစား (Soya bean milk) ပဲနို့ကိုပြောင်းသောက်ပါ။
ဃ။ ကင်ဆာဆဲတွေက အက်စစ်ပတ်ဝန်ကျင်မှာပွါးပါတယ်။ အသားတွေစားရင် အက်စစ် ဓါတ်များစေပါတယ်၊ ဒါကြောင့် ငါးနဲ့ကြက်သား အနည်းငယ် စားသင့်ပါတယ်။ အသားတွေမှာ တိရိစ္ဆာန်ပိုးသတ်ဆေး၊ ဟိုမုန်း (Hormone)၊ ကပ်ပါးပိုးတွေပါ ပါတယ်သူတို့က လူကို အထူး သဖြင့် ကင်ဆာလူနာကို အန္တရယ်ဖြစ်စေပါတယ်။
င။ အစာရဲ့ ၈၀% ဟာလတ်ဆပ်တဲ့အသီးအရွက်၊ သစ်သီးရည်၊ အသီးအနှံ၊ အစေ့အဆံတို့ ဖြစ်ပြီး ၂၀% ကတော့ချက်ပြုတ်ထားတဲ့ ထမင်းတို့ ပဲတို့ဖြစ်သင့် ပါတယ်။ လတ်ဆပ်တဲ့အသီး အရွက်နဲ့သစ်သီးရည်ထဲမှာ အန်ဇိုင်း(enzymes) တွေပါပြီး။အစာစားပြီး ၁၅ မိနစ် မှာ ဆဲ အကောင်းတွေ ဆီရောက်သွားပြီး ဆဲကောင်းတွေ ပွါးများလာအောင်ထောက်ပံ့ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့အသီးအရွက်တွေကိုတစ်နေ့ ၂-၃ ကြိမ်စားပေးသင့်ပါတယ်။ အန်ဇိုင်းတွေက ၁၀၄ F (40 C) မှာပျက်ဆီးကုန်တာမို့ အစိမ်း စား သင့်ပါတယ်။
စ။ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်တို့ကိုရှောင်ရပါမယ်၊ သူတို့အစားရေနွေးကြမ်းကို ပြောင်းလဲသောက်ပါ။ ရေနွေးကြမ်း(Green tea) မှာကင်ဆာဆဲကို သတ်နိုင်တဲ့သတ္တိရှိပါတယ်။
သောက်ရေကို စစ်ပြီးသောက်ပါ၊ ရေဘုံပိုင်ကလာတဲ့ရေမှာ၊ (Heavy Metal) ခေါ်ဓါတ် သတ္ထုများနဲ့ ပိုးမွှားတွေပါနိုင်လို့ စစ်ပြီး သောက်ပါ၊ ဒါပေမဲ့ ပေါင်းတင်ထားတဲ့ ရေ (Distilled water) များဟာ အက်စစ်ဓါတ်ဖြစ်တာမို့ မသောက်သင့်ပါဘူး။ တစ်ချို့ ရေသန့်ဘူးတွေဟာ ပေါင်းတင်ရေတွေပါ၊ သတိထားပြီးကြည့် ပါ။(ရဟန်းပရိက္ခရာ ၈ ပါးမှာ ရေစစ်ပါ ပါ တယ်။ ရဟန်းများရေစစ်ပြီး သုံးဖို့ မြတ်စွာဘုရားပညတ် တော်မူခဲ့ပါတယ်။အစ ကတော့ ပိုးမွှားတွေ မပါစေဖို့ လို့သာ တိမ်တိမ် လေးသိခဲ့ပါတယ်)။
၁၂။ အသားတွေစားရင် ၎င်းတို့ကိုချေချက်ဖို့ အစာခြေ အန်ဇိုင်း(enzymes) တွေအများကြီး လိုပါတယ်။ မချေရသေးတဲ့အသားတွေအူထဲမှာရှိနေရင် သူတို့ဆီက အဆိပ်တွေ ထွက်ပါ တယ်။
၁၃။ ကင်ဆာဆဲတွေရဲ့အရည်ခွံ (cell wall) ဟာ မာကြောတဲ့အသားဓါတ်တွေနဲ့ ဖွဲ့စည်း ထားပါတယ်။ အသားဓါတ်စားတာနည်းရင် ကင်ဆာဆဲရဲ့အရည်ခွံတွေမှာ အသားဓါတ်တွေ နည်းပြီး အရည်ခွံပါးသွားတာမို့ကင်ဆာဆေး တွေကင်ဆာဆဲထဲ အလွယ်တကူဝင် ရောက် ဖျက်ဆီးနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ခုခံ ကာကွယ်ရေးအဖွဲ့မှာပါတဲ့ ဆဲတွေကလည်း အရည်ခွံ ပါးတဲ့ ကင်ဆာဆဲတွေကို အလွယ်တကူ တိုက်ခိုက်နိုင်ပါတယ်။
၁၄။ အီးဗစ်တာမင်နှင့် မင်ဂနီဆီရန်စတဲ့ဓါတ်ဆားအချို့ (Vitamin like E, minerals like magnesium) ဟာကိုယ်ခန္ဓာရဲ့ခုခံကာကွယ်ရေးအဖွဲ့ ဆဲများက ကင်ဆာဆဲများကို ဖျက်ဆီးတဲ့ နေရာမှာ အားပေးကူညီပါတယ်။
၁၅။ ကင်ဆာဆိုတာ ကိုယ်ရော၊စိတ်ရောမှာဖြစ်တဲ့ရောဂါပါ၊ ပေါ့စတစ် (Positive) စိတ်ဓါတ် ရှိတဲ့ကင်ဆာလူနာတွေဟာအသက်ရှင်ကြပြီး၊ ဒေါသကြီးခြင်း၊ အညှိုးကြီးခြင်း၊ ခွင့်မလွှတ် နိုင်ခြင်းတို့ကကိုယ်ခန္ဓာကိုစိတ်ပင်ပန်းခြင်းနဲ့အက်စစ်အခြေအနေဖြစ်စေပါတယ်။ ခွင့်လွှတ်နိုင် အောင် ကြိုးစားဖို့၊နဲ့ ပေါ့စတစ် (Positive) စိတ်ဓါတ်ထားဖို့လိုအပ်ပါတယ်။
၁၆။ ကင်ဆာဆဲတွေဟာ အောက်ဆီဂျင်များတဲ့အခြေအနေမှာမရှင်သန်နိုင်ပါဘူး။ဒါကြောင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း၊အသက်ပြင်းပြင်းရှုခြင်းဖြင့် ကိုယ်တွင်းမှာ အောက်ဆီဂျင်တွေ များပြားစေပါတယ်။အောက်ဆီဂျင်ဖြင့်ကုသခြင်းလည်းပြုလုပ်နိုင်ပါတယ်။
၁၇။ ပလပ်စတစ်တွေဟာအပူချိန်များရင်ဖြစ်ဖြစ်၊နည်းရင်ဖြစ်ဖြစ်အဆိပ်ဓါတ်တွေထွက်ပါ တယ်။ ဒါကြောင့် Microwave oven ထဲမှာအစားအစာတွေနွှေး မယ်ဆိုရင်ပလပ်စတစ်အိပ်၊ ဘူးစသည့်ပလပ်စတစ်ပစ္စည်းများကိုမသုံးပါနဲ့။ (မြန်မာပြည်မှာ အခုအခါ အလွယ်တကူ လဘက်ရည်ပူပူ၊ မုံဟင်းခါးပူပူ တွေကို ပလပ်စတစ် အိပ်တွေနဲ့ထဲတာ ကျန်းမာရေးအတွက် အန္တရယ်ရှိပါတယ်၊ ရှေးကလိုချိုင့်တွေနဲ့သယ်သင့်ပါတယ်)။ ပလပ်စတစ်ရေပုလင်း တွေ ကို လည်း အမြန် အေးအောင်ဆိုပြီး (Freezer) ရေခဲတဲ့ အခန်း ထဲမှာမထားသင့်ပါဘူး။
အထက်မှာဖေါ်ပြထားတဲ့၂၀၁၁ မှာထုတ်ပြန်တဲ့ ကမ္ဘာနံမည်ကြီး ကင်ဆာအထူးကု ဆေးရုံကြီးရဲ့ အချက်အလက်တွေကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရား ရဲ့တရားတော်အတိုင်း တရားနဲ့ နေ မယ်ဆိုရင်ကင်ဆာ အပါအ၀င် ဆိုးဝါးတဲ့ရောဂါတွေမဖြစ်ပဲ ကံသက်သက်တမ်း ရှိသလောက် ကိုယ် ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ ပြုံးပြုံးလေးသေမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။
အခုမှသူတို့က ရောဂါဖြစ်ရတာ ရုပ်ကိုယ်ခန္ဓာတစ်ခုထဲကြောင့်မဟုတ်ဘဲ၊ စိတ်နေသဘော ထား၊ ပတ်ဝန်ကျင်၊ အစားအစာတွေလည်းပါတယ်ဆိုတာသိစ ပြုလာတာပါ။ ရှင်တော်မြတ်ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ ကျော်ကထဲက အသက်ရှင်သန်ဖို့ ကံ၊ ဉာဏ်၊ ၀ီရိယ လိုအပ်တယ်။ ဉာဏ်နဲ့ ကျန်းမာအောင် ဘယ်လိုနေရမယ်ဆိုတာသိပြီး၊ သိတဲ့ အတိုင်း နေထိုင်တဲ့ ၀ီရိယရှိရ မယ်လို့ဟောခဲ့ပါတယ်။
ရုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ကိုယ်ခန္ဓာကြီးဟာ ကံ၊စိတ်၊ ဥတု၊ အာဟာရ တွေပေါ်မူတည်တယ်။ ဒါကြောင့် ရုပ်ခန္ဓာကိုယ်ကြီးကျန်းမာအောင် ကံ၊စိတ်၊ ဥတု၊ အာဟာရ တွေ ကိုပြုပြင်ရ မယ်။ အာဟာရပြုပြင်တာကတော့ အထက်မှာ အသေးစိတ်ပြောပြီးပါပြီး။ ဥတုကတော့ အပူအအေး မျှတအောင်ဝတ်စားနေထိုင်ဖို့ပါပဲ။
ပေါ့စတစ် (Positive) စိတ်ဓါတ်၊ တစ်နည်းအားဖြင့် ယောနိသောမနသိကာရဖြင့် တွေ့ကြုံ လာသမျှအာရုံတွေကို ကုသိုလ်ဖြစ်အောင်၊ တွေးမယ်ဆိုရင် ကံ ကောင်းအောင် လုပ်တာဖြစ်သလို၊ တွေ့ကြုံရတဲ့အကောင်းလောဂဓံကြောင့် လောဘ၊ မာနဆိုတဲ့ ကိလေသာ တရားတွေ၊ အဆိုးလောကဓံ ကြောင့် ဒေါသဖြစ်ခြင်း၊ စိတ်မချမ်းသာခြင်းဆိုတဲ့ ကိလေသာ အပူတွေက ကင်းဝေးမှာမို့ ရုပ်ကိုယ်ကြီးကျန်းမာကြောင်းတွေပါပဲ။ ဒါကြောင့်မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း တရားနဲ့နေခြင်းသည်ယခုဘ၀ သာမက သံသရာအတွက်ပါကောင်း သော နေခြင်းပါ။
ကျမအစက တရားထိုင်တဲ့သူတွေမှာစိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေပျောက် ကင်းတာ၊ စိတ် ကြောင့်ဖြစ်တဲ့ ရုပ်ရောဂါ (Psych-somatic Diseases) တို့ပျောက်တာကို လက်ခံနိုင်ခဲ့ပေမဲ့ ရုပ်ရောဂါတွေ (ဥပမာ၊အကျိတ်တွေ၊ အဆစ်အမြစ်ကိုက်ရောဂါတွေ၊ အချို့ကင်ဆာတွေ) ပျောက်တယ်ဆိုတာကို ဘယ်လိုမှဆက်စပ် စဉ်းစားလို့မရခဲ့ပါဘူး။ အဘိဓမ္မာတရားတော်ကို လေ့လာတော့မှ စိတ်ရဲ့ ဥပါဒ်၊ ဌီ၊ဘင် ဆိုတဲ့ ခဏငယ်လေးတိုင်းမှာ ရုပ်တွေဖြစ်ကြတဲ့ အ ကြောင်း သိရပါတယ်။ (ဆေးသိပ္ပံပညာအရရုပ်တွေဘယ်လိုဖြစ်တယ် ဆိုတာသာသိပြီး၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိပါဘူး)။
ဖြစ်ပြီးတဲ့ရုပ်တွေဟာလည်း စိတ္တခဏရဲ့ ၁၇ဆသာအသက်ရှင်ပြီး၊ နောက်ဖြစ်တဲ့ ရုပ်သစ် တွေနဲ့ အဆက်မပြတ် အစားထိုးနေကြတယ်ဆိုတာကိုသိရမှ တရားထိုင်ခြင်းနဲ့ ရုပ်ရောဂါ တွေပျောက်ခြင်းကိုဆက်စပ်လို့ရသွားပါတယ်။
“တရားထိုင်တဲ့အခါ လောဘ၊ဒေါသ၊မောဟကင်းတဲ့စိတ်ကောင်းစိတ်သန့်တွေဖြစ်နေတာမို့ ဒီစိတ်ကောင်းတွေကြောင့်ဖြစ် လာတဲ့ရုပ်တွေကလည်း၊ ရုပ်ကောင်းရုပ်သန့်တွေ တစ်နည်း ရောဂါမရှိတဲ့ ရုပ်တွေမို့၊ စိတ်ဆိုး စိတ်ညစ်တွေကြောင့်ဖြစ်ထားတဲ့ ရုပ်ဆိုးရုပ်ညစ် (ရောဂါ ဖြစ် တဲ့ရုပ်) တွေကိုအစားထိုးလိုက်လို့ ရောဂါပျောက်တာပါလားလို့သဘောပေါက်သွားပါတော့ တယ်။
ဗုဒ္ဓဘာသာဝင်တိုင်းသိတဲ့ ကျောင်းအမ၀ိသာခါဟာအသက် ၁၂၀ ထိရှည်ပြီး၊ အရွယ် ဘယ်လောက် တင်သလဲဆိုရင် သူ့ကိုမတွေ့ဘူးတဲ့သူတွေက သူ့မြေးမတွေနဲ့မှားပါတယ်တဲ့။ မြေးမတွေနဲ့ ခွဲခြား နိုင်တာကမြတ်စွာဘုရားရဲ့တရား တော်ကိုနာကြားပြီး၊ ပြန်ထတဲ့ အချိန်မှာ သူမက မြေးမတွေထက် အထကြာပါတယ်တဲ့။ ကြားကာစကသိပ်မယုံချင်ခဲ့ပါဘူး။ စကားဆို တဲ့အတိုင်း “ကား” သွား တာလို့ ထင်ခဲ့ မိတယ်။ အခုသိပ္ပံပညာတွေထွန်းကားလာတော့ ဒီ အချက်ကိုလက်တွေ့ပြနိုင်ပြီလေ။
အမေရိကားမှာ တရားထိုင်တဲ့သူတွေကိုသိပ္ပံ လေ့လာမှုတွေပြုလုပ်ပါတယ်။ ရိုးရိုး တရားမထိုင်တဲ့ သူတွေနဲ့ တရားထိုင်သူတွေကို တရားထိုင်ပြီးတဲ့အခါ သူတို့ရဲ့ဥဏှောက်က ထွက်လာတဲ့ သွေးတွေကို လည်ပင်သွေးကြောတွေဆီကဖျောက်ပြီးစစ်ဆေးပါတယ်။
သုတေသီတွေတွေ့ရှိတာကတော့ တရားမထိုင်တဲ့သူတွေမှာ (Stress hormone adrenalin) စိတ်ပင်ပန်းမှုဟော်မုန်းဖြစ်တဲ့ အက်ဒရီနလင်တွေ များနေတာကိုတွေ့ရပြီး၊ တရား ထိုင်တဲ့ သူတွေမှာ အင်ဒိုဖင်းခေါ်တဲ့ ဟော်မုန်းတွေ (Endophine hormone) များနေတာကို တွေ့ကြ ပါတယ်။
အက်ဒရီနလင်ဟော်မုန်းက ဘ၀မှာတွေ့ကြုံရမဲ့ လောကဓံတွေ ဥပမာ၊သားရဲတိရစ္ဆာန် တွေနဲ့ တွေ့ရင်ပြန်လည်တိုက်ခိုက်ဖို့၊ ဒါမှမဟုတ်အမြန်ဆုံး ဘေးလွတ်ရာကိုပြေးနိုင်ဖို့ အတွက် ကိုယ်မှာ ရှိတဲ့ အသားတွေ၊ အဆီတွေကိုစွမ်းအင်အဖြစ် ပြောင်းလဲပါတယ်။
အခုခေတ်လို လက်ရုံးနဲ့ပြန် တိုက်စရာလဲမလို၊ ပြေးစရာလဲမလိုပေမဲ့ အက်ဒရီနလင် ဟော်မုန်းတွေက သူ့လုပ်ငန်း အတိုင်း ဆက်လက်ပြီး အဆီတွေ၊ အသားတွေကိုစွမ်းအင် အဖြစ်ပြောင်း လဲတာမို့ ဆံပင်ဖြူခြင်း၊ ပါးရေတွန့်ခြင်း စတဲ့ဇရာလက္ခဏာ တွေကိုပိုဖြစ်စေ ပါတယ်။ ဗုဒ္ဓတရားတော်အရဆိုရင် တေဇောဓါတ် လို့ ပြောရမယ်ထင်ပါတယ်။
အင်ဒိုဖင်းဟော်မုန်းကတော့ တရားထိုင်လေ့ရှိသူတွေမှာ ၄၅ မိနစ်အကြာမှာ ထွက် လာ ပါတယ်။ သူကအက်ဒရီနလင် ဟော်မုန်းရဲ့ ဆန့်ကျင်ဘက် ဟော်မုန်းပါ။ အက်ဒရီနလင် ဟော်မုန်းရဲ့ ဆိုးကျိုးတွေကို ဖျက်ဆီးပြစ်ပါတယ်။ ပြီးတော့လူတွေတီထွင်တဲ့ဘိန်း (Morphine)လို ခေတ်စကားနဲ့ပြောရရင် တရားအားထုတ်နေသူကို ဇိမ်ကျစေတယ်၊ ပျော်စရာ ကောင်းတဲ့ ခံစားချက် (Feeling) တွေကို ပေးပါတယ်တဲ့။ ဘိန်းလို ဘေးထွက်ဆိုးကျိုး၊ ဥပမာ၊ ဆေးဆွဲ တာတို့၊ ၀မ်းချုပ် တာတို့၊ အသက်ရှုနှေး သွားပြီး၊ ရပ် သွားတာတို့ မဖြစ်ပါဘူးတဲ့။
နောက်ပြီး ဥဏှောက်ကိုစကန် (Scan) လုပ်ကြည့်တဲ့အခါ၊ လူတွေဝမ်းသာတဲ့အခါ လင်း နေတတ်တဲ့ ဥဏှောက်ရဲ့ ၀မ်းသာတဲ့နေရာကလည်း တရားထိုင်သူတွေမှာ လင်းနေပါ တယ် တဲ့။
တရားထိုင်တဲ့သူတွေမှာ သမာဓိ အားကောင်းလာတဲ့အခါများမှာ ပီတိတို့၊ ပဿတိတို့ ဖြစ် တာနဲ့တူနေပါတယ်။ တရားထိုင်တဲ့သူတိုင်း အမိျုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်၊ ပီတိ၊ ပဿတိ ဖြစ်ရင် စိတ်ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ တရားထိုင်တာ ကြာလို့ကိုယ်ခန္ဓာညောင်းညာ တာတွေပျောက်ပြီး၊ ကိုယ်ခန္ဓာမရှိတော့သလို ခံစားရတာကိုတရားကိုဆွဲဆွဲမြဲမြဲထိုင်ဘူးသူများ ကြုံဘူးကြပါလိမ့်မယ်။
ဘယ်လောက်တောင်ကောင်းသလဲဆိုရင် တရားထိုင်ရာကနေမထချင် တော့တာ၊ အဲ့ဒီအ ဆင့်ကနေမတက်ချင်တော့လို့ ၀ိပဿနာရဲ့ညစ်ညူးကြောင်းတွေ၊ ထောင်ချောက် တွေလို့ တောင်သတိပေးထားပါတယ်။
တစ်ခုထူးဆန်းတာက လူတွေထုတ်လုပ်တဲ့ မောဖီး (ဘိန်း)က ဒီလိုခံစားမှုမျိုးကို အမျိုးသမီးတွေမှာ မဖြစ်စေပါဘူး၊ ဒါကြောင့်အမျိုးသားဘိန်း ဆွဲသူတွေများ သလောက် အမျိုးသမီး ဘိန်းဆွဲသူ အလွန်ရှားပါတယ်။ နံပါတ် ၄ လို့ခေါ်တဲ့ (Heroine) ကတော့ ဘိန်းကို ပိုမိုသန့်စင် အောင်လုပ် ထားတာပါ သူကတော့ အမျိုးသမီးရော၊ အမျိုးသားကိုပါ တူညီတဲ့ ခံစားမှုပေးပါတယ်၊ဒါကြောင့်၊အမျိုးသမီး ၄ သမားရော၊အမျိုးသား ၄ သမားရောရှိပါတယ်။
ဒါကြောင့်ကျမအထင်ကတော့ တရားထိုင်လို့ ပီတိ၊ ပဿတိဖြစ်တဲ့အခါမှာ သဘာဝဘိန်း အစား နံပါတ်၎ ထွက်လာတယ်ထင်ပါတယ်။ အမေရိကန်က တောင်ပုလုတရားစခန်းမှာ ဆေး (နံပါတ်၎) ဆွဲသူများ တရားအားထုတ်ခြင်းဖြင့် ဆေးဆွဲတာပြတ်သွားကြောင်းနဲ့ ဆေးပြတ် တဲ့ သူတွေက တရားအရသာက ဆေးအရသာထက်ပိုကောင်းကြောင်း ပြောကြပါတယ်တဲ့။
အောက်ဆီဂျင်ဟာ ကင်ဆာဆဲတွေကို သေစေတာမို့ အသက်ပြင်းပြင်းရှုသွင်းဖို့ တိုက်တွန်း ထားပါတယ်။ တရားထိုင်တဲ့အခါ အသက်ကို မှန်မှန်လေးရှုပြီး စောင့်ကြည့်ရတာမို့ ကိုယ်ထဲမှာ တရားမထိုင်တဲ့အချိန်တွေထက် အောက်ဆီဂျင်ပိုများ တယ်ဆိုတာငြင်း စရာ မလိုပါဘူး။
ဒါကြောင့်သတင်းကောင်းပါးချင်တာက ရောဂါကင်းပြီးအရွယ်တင်လိုသူ ကိုကို မမ များ ပိုက်ဆံလည်းမကုန်၊ ခွဲစိပ်စရာလဲမလိုတဲ့ တစ်နေ့ တစ်နာရီ တရားထိုင်တဲ့ နည်းကို အသုံးပြု ကြပါလို့။ ဒီနည်းက တစ်ချက်ခုတ်နှစ်ချက်တင်မက ဘ၀များစွာကိုပါ ပြတ်စေတဲ့ အကောင်းဆုံး သော ဘုရားနည်းပါပဲ။
နံပါတ်၎ ဆေးဆွဲသူတွေလည်း တရားထိုင်မယ်ဆိုရင် သူတို့လိုချင်တဲ့ ခံစားမှုတွေကို ပိုက်ဆံလည်း မကုန်၊အကုသိုလ်လည်း မဖြစ်၊ ရာဇ၀တ်မှုလည်းမဖြစ်တဲ့ အပြင် အကောင်းဆုံး သောဝိပဿနာကုသိုလ်တွေရပြီး၊ နိဗ္ဗာန်အထိတက်လှမ်းနိုင်တာမို့ စမ်းကြည့်ကြပါလို့ အနူးအညွတ် တိုက်တွန်းလိုပါတယ်။
ကျမ်းကိုး။
၁။ Johns Hopkins newsletters.
၂။ဆရာတော်ဦးဇောတိက၏တရားတော်များ။
၃။Life science Journal. ၂၀၀၅ လောက်ကထင်ပါတယ်။
၎။မဟာစည်တရားစခန်းအသီးသီးမှကမ္မဋ္ဌာနာစရိယဆရာတော်များမှမဟာစည်ဆရာတော် ဘုရားကြီးအားလျောက်ထားချက်များ။
Johns Hopkins Update -
This is an extremely good article. Everyone should read it.
AFTER YEARS OF TELLING PEOPLE CHEMOTHERAPY IS THE ONLY WAY TO TRY ('TRY', BEING THE KEY WORD) TO ELIMINATE CANCER, JOHNS HOPKINS IS FINALLY STARTING TO TELL YOU THERE IS AN
ALTERNATIVE WAY .
ALTERNATIVE WAY
:
1. Every person has cancer cells in the body. These cancer cells do not show up in the
standard tests until they have multiplied to a few billion. When doctors tell cancer
patients that there are no more cancer cells in their bodies after treatment, it just
means the tests are unable to detect the cancer cells because they have not reached
the detectable size.
2. Cancer cells occur between 6 to more than 10 times in a person's lifetime.
3. When the person's immune system is strong the cancer cells will be destroyed and
prevented from multiplying and forming tumors.
4. When a person has cancer it indicates the person has nutritional deficiencies. These
could be due to genetic, but also to environmental, food and lifestyle factors.
5. To overcome the multiple nutritional deficiencies, changing diet to eat more
adequately and healthy, 4-5 times/day and by including supplements will
strengthen the immune system.
6. Chemotherapy involves poisoning the rapidly-growing cancer cells and also
destroys rapidly-growing healthy cells in the bone marrow, gastrointestinal tract etc,
and can cause organ damage, like liver, kidneys, heart, lungs etc.
7.. Radiation while destroying cancer cells also burns, scars and damages healthy cells,
tissues and organs.
8. Initial treatment with chemotherapy and radiation will often reduce tumor size.
However prolonged use of chemotherapy and radiation do not result in more tumor
destruction.
9. When the body has too much toxic burden from chemotherapy and radiation the
immune system is either compromised or destroyed, hence the person can succumb
to various kinds of infections and complications.
10. Chemotherapy and radiation can cause cancer cells to mutate and become resistant
and difficult to destroy. Surgery can also cause cancer cells to spread to other sites.
11. An effective way to battle cancer is to starve the cancer cells by not feeding it with
the foods it needs to multiply. *CANCER CELLS FEED ON:
a. Sugar substitutes like NutraSweet, Equal, Spoonful, etc are made with Aspartame
and it is harmful. A better natural substitute would be Manuka honey or molasses,
but only in very small amounts. Table salt has a chemical added to make it white in
color Better alternative is Bragg's amino or sea salt.
b. Milk causes the body to produce mucus, especially in the gastro-intestinal tract.
Cancer feeds on mucus. By cutting off milk and substituting with unsweetened soy
milk cancer cells are being starved.
c. Cancer cells thrive in an acid environment. A meat-based diet is acidic and it is best
to eat fish, and a little other meat, like chicken. Meat also contains livestock
antibiotics, growth hormones and parasites, which are all harmful, especially to
people with cancer.
d. A diet made of 80% fresh vegetables and juice, whole grains, seeds, nuts and a little fruits help put the body into an alkaline environment. About 20% can be from cooked food including beans. Fresh vegetable juices provide live enzymes that are easily absorbed and reach down to cellular levels within 15 minutes to nourish and enhance growth of healthy cells. To obtain live enzymes for building healthy cells try and drink fresh vegetable juice (most vegetables including be an sprouts) and eat some raw vegetables 2 or 3 times a day. Enzymes are destroyed at temperatures of 104 degrees F (40 degrees C)..
e. Avoid coffee, tea, and chocolate, which have high caffeine Green tea is a better alternative and has cancer fighting properties. Water-best to drink purified water, or filtered, to avoid known toxins and heavy metals in tap water. Distilled water is acidic, avoid it.
12. Meat protein is difficult to digest and requires a lot of digestive enzymes.
Undigested meat remaining in the intestines becomes putrefied and leads to more toxic buildup.
13. Cancer cell walls have a tough protein covering. By refraining from or eating less meat it frees more enzymes to attack the protein walls of cancer cells and allows the body's killer cells to destroy the cancer cells.
14. Some supplements build up the immune system (IP6, Florescence, Essiac, anti- oxidants, vitamins, minerals, EFAs etc.) to enable the bodies own killer cells to destroy cancer cells.. Other supplements like vitamin E are known to cause
apoptosis, or programmed cell death, the body's normal method of disposing of
damaged, unwanted, or unneeded cells.
15. Cancer is a disease of the mind, body, and spirit. A proactive and positive spirit will help the cancer warrior be a survivor. Anger, un-forgiveness and bitterness put the body into a stressful and acidic environment. Learn to have a loving and forgiving spirit. Learn to relax and enjoy life.
16. Cancer cells cannot thrive in an oxygenated environment. Exercising daily, and deep breathing help to get more oxygen down to the cellular level. Oxygen
therapy is another means employed to destroy cancer cells.
1. No plastic containers in micro.
2. No water bottles in freezer.
3. No plastic wrap in microwave..
Johns Hopkins has recently sent this out in its newsletters. This information is being circulated at Walter Reed Army Medical Center as well. Dioxin chemicals cause cancer, especially breast cancer. Dioxins are highly poisonous to the cells of our bodies. Don't freeze your plastic bottles with water in them as this releases dioxins from the plastic. Recently, Dr Edward Fujimoto, Wellness Program Manager at Castle Hospital , was on a TV program to explain this health hazard. He talked about dioxins and how bad they are for us. He said that we should not be heating our food in the microwave using plastic containers. This especially applies to foods that contain fat He said that the combination of fat, high heat, and plastics releases dioxin into the food and ultimately into the cells of the body. Instead, he recommends using glass, such as Corning Ware, Pyrex or ceramic containers for heating food You get the same results, only without the dioxin. So such things as TV dinners, instant ramen and soups, etc., should be removed from the container and heated in something else. Paper isn't bad but you don't know what is in the paper. It's just safer to use tempered glass, Corning Ware, etc. He reminded us that a while ago some of the fast food restaurants moved away from the foam containers to paper The dioxin problem is one of the reasons.
Please share this with your whole email list......................... Also, he pointed out that plastic wrap, such as Saran, is just as dangerous when placed over foods to be cooked in the microwave. As the food is nuked, the high heat causes poisonous toxins to actually melt out of the plastic wrap and drip into the food. Cover food with a paper towel instead.
This is an article that should be sent to anyone important in your life.
No comments:
Post a Comment