:include data='blog' name='google-analytics'/>

Monday, March 27, 2017

ငါးအသား အိုးကပ်ကြော်

ငါးအသား အိုးကပ်ကြော်

ငါးကိုအသားချည်းနွှာပြီး ပေါင်မုန့် ကိုချေထည့်ပြီး ဆီနည်းနည်းနဲ့ အိုးကပ်ကြော်ထားလို့ အရမ်းကိုစားလို့ ကောင်းပါတယ်။

ပါဝင်သောပစ္စည်းများ...
၁။ ငါး - ၂၅ ကျပ်သား
၂။ ပေါင်မုန့် - ၁ ချပ် (ခြေထားပါ။)
၃။ ငရုတ်ကောင်း - အနည်းငယ်
၎။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ အကြော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ကြက်ဥ - ၁ လုံး (ခလောက်ထားပါ။)
၈။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ငါးကို ရေ အနည်းငယ်ဖြင့် အသားနွှာလို့ ရအောင် ခဏပြုတ်ပါ။ ( ၁၀ မိနစ်ခန့် )ပြီးလျှင် အအေးခံရ်ျ ငါးအသားကို နွှာပါ။
၂။ ငါးအသားကို ခြေထားသောပေါင်မုန့် ၊ ငရုတ်ကောင်း၊ ဆား၊ သကြား၊ အကြော်မှုန့် ၊ ခလောက်ထားသောကြက်ဥ တို့ ဖြင့် နယ်ပါ။
၃။ မကပ်သောအိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ရ်ျ အပူပေးပါ။ ပြီးလျှင် နယ်ထားသော ငါးများကို အ၀ိုင်းပြားများပြုလုပ်ရ်ျ အိုးထဲတွင် ထည့်ကြော်ပါ။ ငါးအသားရဲ့ အောက်ဖက် အညိုေ၇ာင်သန်းလာလျှင် နောက်တဖက်လှန်ရ်ျ အညို ရောင်သန်းသည်အထိကြော်ပါ။ သုံးဆောင်နိုင်ပါပြီ။

( ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
See more
 — with A K Phyo Lay.

No comments:

Post a Comment