:include data='blog' name='google-analytics'/>

Monday, March 27, 2017

ဝက်ခေါက်ကင်

ဝက်ခေါက်ကင်
ပါဝင်ပစ္စည်း
ဝက်သုံးထပ်သား ၅၀သား
ရှာလကာရည် ၁ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည် ၁ဇွန်း
သကြား ၁ဇွန်း
ခရုဆီ ၁ဇွန်း
ယိုးဒယား ပဲငါးပိရည် ၁ဇွန်း (မထည့်လဲရပါတယ်)
ဆား အနည်းငယ်
ပြုလုပ်နည်း
ဝက်သုံးထပ်သား ၅၀သားခန့် တစ်တုံးကို အခေါက်ဘက်ခြမ်းကို သေချာခြစ်ပြီး ဆေးကြောကာ ဆူးချွန် (သို့) ခရင်းဖြင့် အပေါက်လေးတွေ ဖြစ်အောင် ထိုးပေးပါ ။ ဓားနဲ့ မွှန်းလဲ ရပါတယ် ။
အသားဘက်ခြမ်း ကိုတော့ ဓားဖြင့်အရှည်လိုက် ၃ချက်ခန့် မွန်းပြီး ရှာလကာရည် ၊ ပဲငံပြာရည် ၊ သကြား ၊ ခရုဆီ ၊ ယိုးဒယား ပဲငါးပိရည် နှင့် အားလုံး ရောမွှေပြီး ဝက်သားအသားဘက်ခြမ်းကို ဆုပ်နယ်ကာ ရေခဲသေတ္တာထဲတွင် ၃နာရီခန့် ထည့်ထားပါ ။
ပြီးလျှင် ရေခဲသေတ္တာထဲမှ ထုတ်ယူကာ အခေါက်ဘက်ခြမ်းကို စက္ကူဖြင့် ခြောက်အောင် သုတ်ပေးပြီး ရှာလကာသုပ်လိမ်းပြီး ဆားများများအုပ်ကာ Ovenထဲမီးအပူချိန် ၁၇၀°ဖြင့် ၃၅မီနစ်ကင်ပေးပါ ။
ကင်တဲ့အခါ အောက်ကခံထားတဲ့ ဘန်းထဲ ရေအနည်းငယ် ထည့်ပါ ၊ ဝက်သားထဲက ဆီများ ကျမှာမို့လို့ပါ ။ (သန့်ရှင်းရေးလဲ လုပ်ရ လွယ်အောင် ခံထားခြင်းဖြစ်ပါတယ်။
အချိန်ပြည့်ပါက Ovenထဲမှ ထုတ်ပြီး အခေါက်ဘက်ခြမ်း ကဆားများ ခြစ်ထုတ်ကာ နောက်ထပ်မီနစ်၂၀ ထပ်ကင်ပြီးလျှင် ပုံထဲကအတိုင်း ကြွတ်ကြွတ်လေးရပါပြီ။
အအေးခံပြီး အတုံးရှည်လေးများ လှီးဖြတ်ရ်ျ သုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment