:include data='blog' name='google-analytics'/>

Friday, March 31, 2017

( ကင်ဆာသည် ရောဂါမဟုတ်ပါ စီးပွားရေးသက်သက်သာဖြစ်သည်။)


Image may contain: text
ဆေးဝိဇ္ဇာ
လှို့ဝှက်ချက်တစ်ခုအား ဖွင့်ချလိုက်ပြီ
========================
( ကင်ဆာသည် ရောဂါမဟုတ်ပါ စီးပွားရေးသက်သက်သာဖြစ်သည်။)
============================================...==
ကမ္ဘာကြီးက ကင်ဆာလို့သမုတ်ခဲ့တာဟာ လိမ်ဆင်ကြီးတစ်ခုပါပဲ…..
သင့်အနေနဲ့ ယုံချင်မှယုံပါလိမ့်မယ် ဒါပေမဲ့ ကင်ဆာဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ စီးပွားရေးတစ်ခုပဲဖြစ်ပါတယ်။
ကင်ဆာဟာ တော်တော်များများကိုပျံ့နှံ့နေပါပြီ။ ကလေးလူကြီးမကျန် လူတိုင်းကို ကူးစက်နေပါတယ်။
ဒီအံ့သြစရာကောင်းတဲ့ အကြောင်းအရာကို မျှဝေခြင်းက ကမ္ဘာကြီးကို ကြိုးကိုင်နေကြတဲ့သူတွေရဲ့ ဝှက်ထားတဲ့ လက်တွေကို မြင်လာအောင်ဖော်ပြပေးလိမ့်မှာဖြစ်ပြီး သူတို့ အနေနဲ့ကတော့ အတော်လေး စိတ်ကသိကအောက်ဖြစ်နေတော့မှာပါပဲ။
“ကင်ဆာကင်းစင်ကမ္ဘာ” ဆိုတဲ့ စာအုပ်ကို ယခုချိန်ထိတိုင် ကမ္ဘာပေါ်ရှိသက်ဆိုင်ရာ ဘာသာစကားတွေအဖြစ် ပြန်လည် ဘာသာပြန်ဆိုခြင်းကို တားဆီးကာကွယ်ထားတယ်ဆိုတာ သင်သိပါသလား။
ကင်ဆာလို့ခေါ်တဲ့ရောဂါဆိုတာ မရှိဘူးဆိုတာကို သင်သိထားပါ။ ကင်ဆာဆိုသည် မှာ Vitamin B17 ချို့တဲ့ခြင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒါကလည်း ပြဿနာမဟုတ်ပါဘူး။
ဓါတ်ကုထုံးတွေ၊ ခွဲစိတ်ခြင်းတွေနဲ့ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးဝါးများ သုံးစွဲခြင်းတို့ကိုသာ ရှောင်ကျဉ်ပါ။
ဟိုအရင်ကအကြောင်းအရာ တခုကို ပြန်တွေးကြည့်ကြပါစို့ ။ တချိန်တုန်းက သဘောင်္သား တ်ာတော်များများဟာ Scurvy လို့ ခေါ်တဲ့ သွေးရောဂါရဲ့အောက်မှာ သူတို့ရဲ့ အသက်တွေကို ပေးဆပ်ခဲ့ရပါတယ်။ လူပေါင်းမြောက်မြားစွာ ရဲ့အသက်တွေကိုလည်းနှုတ်ယူခဲ့တဲ့ရောဂါတစ်မျိုးပေါ့။ အဲ့ဒီရောဂါနဲ့ပတ်သက်ပြီး လူတချို့ ဝင်ငွေအမြောက်အများရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၎င်း Scurvy ဆိုတာဟာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်တယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ ဆိုလိုချင်တာကတော့ ၎င်းဟာ ရောဂါ တစ်ခုမဟုတ်ခဲ့ဘူးဆိုတာပါပဲ။
ကင်ဆာဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကမ္ဘာကို လက်ဝါးကြီးအုပ်ချယ်လှယ်ချင်ရ ခြင်းနှင့် လူသားခြင်းစာနာမှုရဲ့ ရန်သူတွေဟာ ကင်ဆာစက်ရုံကို တည်ဆောက်ပြီး စီးပွားရေးတစ်ခုအသွင် ပြောင်းလဲခဲ့ပါတယ်။ ဒါဟာ ဘီလီယံသန်းနဲ့ချီတဲ့ ဝင်ငွေတွေကို ဖန်တီးဖို့ပဲဖြစ်ပါတယ်။
ထိုကင်ဆာ စက်ရုံကြီးဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အတော်လေး ကြီးထွားလာခဲ့ပါတယ်။ ကင်ဆာကို တိုက်ဖျက်ဖို့ရန် ဟောဒီလိုနှောင့်နှေးခြင်းများ၊ အသေးစိတ်အချက်အလက်များ နှင့် ကြီးမားတဲ့ အသုံးစရိတ်တွေ မလိုပါဘူး။ သူတို့က နယ်ချဲ့အရင်းရှင်တွေကိုလာဘ်ထိုးဖို့ပဲ လုပ်ကြတယ်။ အထူးသဖြင့် ထိုရောဂါအခြေအနေအတွက် ကုထုံးကို ဟိုးရှေးကတည်း က ရှာဖွေ တွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာပေါ့။
• Related: NewsRescue – Finally The Scam By Big Sugar Admitted in JAMA Article: It’s Sugar Not Fat That Causes Heart Attacks
ကင်ဆာရောဂါကာကွယ်ခြင်းနှင့် ကုထုံးများကို အောက်ပါရိုးရှင်းသော နည်းဗျူဟာများမှတဆင့် ရရှိနိုင်ပါတယ်။
ကင်ဆာဖြစ်နေသူများအနေနှင့် ဘာကင်ဆာလဲဆိုတာကို ဦးစွာသိရှိဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ မကြောက်ပါနဲ့။ သင့်အနေနဲ့ ရောဂါအခြေအနေကို ကောင်းကောင်းကြီးစုံစမ်းသင့်ပါတယ်။
ယနေ့ခေတ်မှာ Scurvy ရောဂါနဲ့သေတဲ့သူများရှိသေးရဲ့လား။ မရှိတောာ့ပါဘူး။ အကြောင်းရင်းကတော့ ထိုရောဂါကို ပျောက်ကင်းအောင်ကုသနိုင်လို့ပါပဲ။
ကင်ဆာဟာ ဗီတာမင် B17 ချို့တဲ့နေရခြင်းကြောင့်ဆိုတာသိရပြီဆိုတော့က တနေ့ကို တရုတ်ဆီးသီး ၁၅ လုံးမှ အလုံး ၂၀ထိ စားပေးယုံနဲ့တင် ကောင်းကောင်းလုံလောက်ပါတယ်။
ဂျုံစေ့ (ဂျုံအမျှင်များ) စားပေးပါ။ ဂျုံစေ့ဟာ အံအားသင့်စရာကောင်းတဲ့ ကင်ဆာတိုက်ဖျက်ရေး ဆေးပဲ ဖြစ်ပါတယ်။ ၎င်းဟာ အောက်စီဂျင်ရည်များ ကြွယ်ဝစွာပါဝင်ပြီး အပြင်းထန်ဆုံး ကင်ဆာတိုက်ဖျက်တဲ့ Laetrile လို့ခေါ်တဲ့ အရာပဲဖြစ်ပါတယ်။ ယင်းမှာ ပန်းသီးအူတိုင်အစေ့ထဲတွင်ပါရှိပြီး ဗီတာမင် B17 (Amygdalin) ကို စုပ်ယူနိုင်သောပုံစံဖြစ်သည်။
အမေရိကန်ဆေးဝါးဆိုင်ရာ အသိုင်းအဝိုင်းသည် Laetrile ထုတ်လုပ်မှုကိုတားမြစ်သည့် ဥပဒေကို အကောင်အထည်ဖော်ဖို့စတင်နေပြီဖြစ်ပါသည်။ ယင်းဆေးကို Mexico တွင် ထုတ်လုပ်နေပြီး USA တွင်းသို့ မှောင်ခိုတင်သွင်းနေပါသည်။
“Death of Cancer” စာအုပ်ထဲတွင် Dr. Harold W. Manner ဖော်ပြထားသည်မှာ Laetrile နှင့် ကုသသော ကင်ဆာကုထုံး ၏အောင်မြင်မှုသည် ၉၀% အထက် ရှိသည်ဟူ၏။
Amygdalin အရင်းအမြစ် (ဗီတာမင် B17)
ဗီတာမင် B17 ပါဝင်သော အစားအစာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အခွံမာသီး (သို့) သစ်သီးအစေံများ။ ၎င်းတွင် သဘာဝ ဗီတာမင် B17 အမြင့်ဆုံးပါဝင်သည်။ ယင်းတို့မှာ ပန်းသီးအူတိုင်၊ တရုတ်ဆီးသီး၊ မက်မွန်သီး၊ ပန်းသစ်တော်နှင့် ဆီးသီးခြောက် တို့ဖြစ်သည်။
- ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ ပဲပါဝင်သော ပဲပင်ပေါက်ပဲပြား၊ ပဲထောပတ်နှင့် ပဲစိမ်း
- သစ်သီးအစံများ : ဗံဒါသီးစေ့ကဲ့သို့သော သစ်သီးအစံများ (သဘာဝအတိုင်းမှာပင် ဗီတာမင် B17 အကြွယ်ဝဆုံးဖြစ်သည်။)
- ဘယ်ရီသီးအမျိုးအမျိုး : ဘလူးဘယ်ရီ နှင့် စတော်ဘယ်ရီသီးများကဲ့သို့သော ဘယ်ရီးသီးအမျိုးအမျိုး
- အစေ့များ : နှမ်းစေ့နှင့် လျော်စေ့
- ကွေကာအုတ်၊ ဘာလီ၊ ဆန်ကြမ်း၊ ဂျုံစေ့၊ နှံစားပြောင်းနှင့် ရိုင်းစပါး
ဤ ဗီတာမင်ကို စပါးစေ့ပြောင်းစေ့များနှင့် တရုတ်ဆီးသီးစေ့၊ ဘီယာချက်တစေး၊ ဆန်ကြမ်းနှင့် ရွှေဖရုံသီးစေ့ အစရှိသည်တို့တွင် တွေ့ရပါသည်။
ကင်ဆာတိုက်ဖျက်သော အစားအစာများစာရင်း
=========================
•တရုတ်ဆီးသီး (အခွံနှင့် အစေ့)
• ပန်းသီး၊ ချယ်ရီသီး၊ မက်မွန်သီး၊ ဆီးသီး၊ သစ်တော်သီး အစရှိသောအသီးများမှ အစေ့များ
•ပဲစိမ်းစေ့များ
•ရွှေပဲသီး
•ဂျုံမြတ်ပင်
•သစ်ကြားသီး
•ရပ်စ်ဘယ်ရီ
•အဲလ်ဒါဘယ်ရီ
•စတော်ဘယ်ရီ
•ဘလက်ဘယ်ရီ
•ဘလူးဘယ်ရီ
•ဂျုံခဲ
•ပြောင်းမျိုးနှံစားပင်
•ဘာလီ
•နှံစားပြောင်း
•သီဟိုဉ်စေ့
•ပဲပင်ပေါက်
အထက်ပါအစားအစာများအားလုံးသည် ဗီတာမင် B17 စုပ်ယူနိုင်စွမ်း အမြင့်ဆုံးပါဝင်သည်။
ပန်းကန်ဆေးဆပ်ပြာဆီ နှင့် လက်ဆေးဆပ်ပြာဆီ တို့သည်လည်း ကင်ဆာဖြစ်စေနိုင်သော အဓိက အကြောင်းအရာများဖြစ်သဖြင့် ၎င်းတို့အား စားသုံးခြင်းမှရှောင်ကျဉ်ပါ။
သင်တို့ အနေနဲ့ကတော့ ဆပ်ပြာဆီက စားစရာလားလို့ပြောမှာပါပဲ။ ဒါပေမဲ့ သင်တို့နေ့စဉ်ဆပ်ပြာဆီနဲ့ လက်တွေ၊ ပန်းကန်တွေဆေးနေကြတာပါပဲ။
အဲ့ဒီဆပ်ပြာဆီတွေက ပန်းကန်မှာပျော်ဝင်ပြီး ဘယ်လောက်ဆေးဆေး ပြောင်စင်သွားမှာမဟုတ်ပါဘူး။ အစားအစာတွေကို ချက်ပြုတ်သည်ဖြစ် စားသုံးသည်ဖြစ်စေ၊ အဲ့ဒီပန်းကန်ခွက်ယောက်တွေမှာရှိတဲ့ ဆပ်ပြာဆီတွေဟာ ပူနွေးတဲ့ အစားအစာတွေထဲကပ်ပါသွားပြီး ကျွန်တော်တို့အနေနဲ့ ၎င်းတို့ကို အစားအသောက်တွေနဲ့ တွဲပြီး စားသုံးမိနေကြပါတယ်။ သင့် အနေနဲ့ ပန်းကန်ခွက်ယောက်တွေကို ဘယ်လောက်ပဲ ရေစင်အောင်စစ်စစ် အသုံးမဝင်ပါဘူး။
• Related: NewsRescue-HIV Patients Cured By Miracle Seed Islamic Prophet Said Cures All Diseases- Published in Scientific Journals
အဲ့ဒီအတွက်ဖြေရှင်းနည်းကတော့ ၎င်းဆပ်ပြာဆီကို ရှာလကာရည်နှင့် အချိုးကျရောစပ်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ရိုးရိုးလေးပါပဲ။
သွေးကင်ဆာဖြစ်စေနိုင်တဲ့ထိုအရာတွေကို စားသုံးခြင်းမှရှောင်ကျဉ်ပြီး မိမိ၏မိသားစုကို ဤ အန္တရာယ်ကြားမှ ကယ်တင်ပါ။
ယင်းကဲ့သို့ပင် ဟင်းသီးဟင်းရွက်များအားလည်း ဆပ်ပြာဆီ တစ်စက်နှင့်ပင်ဖြစ်ပါစေ ယောင်လို့မျှ မဆေးမိပါစေ နှင့်။ ထို့သို့ဆေးကြောမိပါက ဘယ်လောက်ပင်ရေစင်အောင်စစ်စစ် ဆပ်ပြာဆီထဲရှိ ဓါတုဆေးဝါးများသည် ဟင်းသီးဟင်းရွက် တစ်ရှူးအတွင်းသို့ ဝင်ရောက်သွားပြီး မည်သို့မျှ ရေမစင်နိုင်တော့ပါ။
၎င်းအစား သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ဆားရည်နှင့် စိမ်၍ရေဆေးခြင်းပါ။ လတ်လတ်ဆက်ဆက် သိမ်းထားချင်ပါက ရှာလကာရည်ပေါင်းထည့်ပါ။
Translated by: Jerry Chan
References: Source
Dr. Axe
Ways to beat cancer- Laetrile
----------
Say Wate Zar

No comments:

Post a Comment