:include data='blog' name='google-analytics'/>

Friday, May 29, 2015

" သရက်သီးအစိမ်းသနပ် စပ်စပ်လေး "

" သရက်သီးအစိမ်းသနပ် စပ်စပ်လေး "
ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) မှာ ပါပြီးသားလေးပါ။
***... သရက်သီးအစိမ်းသနပ် စပ်စပ်လေး အတွက် လိုအပ်တာလေးတွေ…
1. သရက်သီး အကြီး – ၁ လုံး (600 g ခန်.)
2. ကြက်သွန်ဖြု – ၅ တက်ခန်. (၄ ပိုင်းခန့်ဖြတ်ပြီး လှီးထားပါ။)
3. 1 clove (လေးညှင်း)
4. 3 black peppercorns (ငရုတ်ကောင်း)
5. 1/4″ cinnamon stick (သစ်ဂျပိုး)
6. 14 methi seeds (fenugreek seeds) (ပဲနံ့သာစေ့)
7. ဆား – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. ဆီ (Vegi oil) – 1/2 cup (125 ml)
9. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
10. hing – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံ
11. chilli powder – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ငရုတ်သီးအကြမ်းမှုန်. မဟုတ်ပါ။)
12. အရောင်တင်မှုန်. – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
13. yellow crushed mustard seeds (အဝါရောင် မှုန်ညင်းစေ့) – ထမင်းစားဇွန်း ၁ ဇွန်း (ကျွန်မကတော့ crushedလုပ်ထားတာ ဝယ်မရလို. ငရုတ်ကျဉ်ပွေ့ဖြင့် ဖိကြိတ်ပြီး လုပ်လိုက်ပါတယ်။)
#. ရေဆေးထားသော သရက်သီးကို မခွံမခွာပဲ လက်မတစ်ဆစ်ခန်. အတုံးလေးများ လှီးထားပါ။ (၁၅ နာရီခန်.ကြိုလှီးထားပြီး ပန်းကန်ပြားလေးထဲ ထည့်ကာ အနည်းငယ်နွမ်းအောင် ထားပါ။ နေပူမလှမ်းရန် မလိုပါ။)
#. clove, cinnamon stick, black peppercorns နှင့် fenugreek seeds ကို ဒယ်အိုးထဲထည့်ပြီး အရောင်ပြောင်းလာသည်အထိ လှော်ပေးပါ။
#. အရောင်ပြောင်းလာလျှင် အမှုန်.ဖြစ်အောင်ထောင်းထားပါ။ (မာဆလာ လုပ်တာပါ။)
#. ဆီများကို အိုးတစ်အိုးထဲထည့်ပြီး အပူပေးထားပါ။ အငွေ.ထွက်လာလျှင် မီးဖိုမှဖယ်ထားပါ။
#. ဆားကို လှော်ပေးပါ။ ရွှေဝါညိုရောင်ဖြစ်လာလျှင် ပန်းကန်တစ်ခြပ်ထဲပြောင်းထည့်ကာ အအေးခံထားပါ။
#. မီးဖိုမှ ဖယ်ထားသောဆီ အတော်နွေးနွေးဖြစ်လျှင် နနွင်းမှုန်. နှင့် hingကို ထည့်မွှေကာ ဆက်ပြီး အအေးခံထားပါ။(ဆီအရမ်းအေးမှ မထဲ့ပါနှင့်။)
#. chilli powder, အရောင်တင်မှုန်.၊ ထောင်းထားသော မာဆလာ၊ လှော်ထားသောဆား (အေးနေဖို.လိုပါတယ်)၊ yellow crushed mustard seeds တို.ကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရောထားပါ။
#. ပြီးလျှင် အေးသွားသောဆီကို ထည့်ပြီး ထပ်ရောမွှေပေးပါ။
#. ကြက်သွန်ဖြူ နှင့် သရက်သီးများထည့်ကာ အားလုံးနှံ့သွားအောင် မွှေရောပေးပါ။
#. glad wrap နှင့် လေလုံအောင် ၂ ထပ်ဖုံးပေးပါ။
#. အိုးအဖုံးတစ်ခုနှင့် ထပ်ဖုံးကာ မှောင်နေသောနေရာတစ်ခုမှာ ၂ ရက်ထားပါ။
#. ၂ ရက်ကြာလျှင် အားလုံးနှံ.သွားအောင် ဇွန်းလေးနှင့် ပြန်မွှေပြီး သန်.သော လေလုံပုလင်းထဲ ထည့်ပါ။
#. ကြာကြာသိမ်းမည့်ဗူးကို glad wrapနှစ်ထပ်ခံပြီး ဖုံးပါ။
#. ဗူးများကို မှောင်သောနေရာမှာ ၃ ရက်ခန်. ထပ်ထားပြီးလျှင် စပြီး စားလို့ရပြီဖြစ်သလို၊ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းနိုင်ပါပြီ။
(ခပ်နွမ်းနွမ်းကြိုက်လျှင် အပြင်မှောင်သောနေရာမှာ ၄ ရက်ထားပါ။)
#. ကျွန်မကတော့ ကြွပ်တာကို ပိုကြိုက်တာမို. ၄ ရက်ပြည့်တာနဲ. စပြီး စားပါတယ်။
#. ရာသီဥတုအပူရှိန် မတူနိုင်ကြတာကြောင့် ထားရမယ့်ရက် အနည်းငယ် ကွာခြားနိုင်ပါတယ်။

No comments:

Post a Comment