:include data='blog' name='google-analytics'/>

Tuesday, May 12, 2015

မရှင်းမလင်း

Mie Mie Than Htay feeling မရှင်းမလင်း
ှိနိုင်မယ်လို ယုံကြည်အားကိုးလို့ လာတဲ့ လူနာတွေအတွက် ဆရာဝန်ကြီးများကိုယ်တိုင် ယူလာတဲ့ပစ္စည်းဘိုးဆိုပြီး ထပ်ဆင့်ပေးဆောင်နေရပါတယ်။မခွဲစိတ်ခင် လူနာရှင်နှင့် မည်သည့်ဆွေးနွေးတိုင်ပင်မှုမျိုးမှမပြုလုပ်ပဲ ခွဲစိတ်ခွင့်ရှိပါသလား။ခွဲစိတ်ခန်းဝင်နေစဉ် ၁နာရီခွဲခန့်ပဲရှိသေးတယ်(ခွဲစိတ်ခန်းဝင်တာ ၅နာရီခန့်ကြာပါတယ်) လက်ရေးနဲ့ cash ရောက်လာပြီး ပိုက်ဆံတောင်းပါတော့တယ်။အဲဒီ ငွေကို လူနာခွဲခန်းထဲကမထွက်ခင်ကတည်းကပေးခဲ့ရပါတယ်။ဘဝင်မကျတာကတော့ လက်ရေးနဲ့ဖြစ်သလိုရေးထားတဲ့ cash ပါ။ဆေးရုံမှာပြန်မေးကြည့်တော့ ဆရာဝန်ကြီးနဲ့ပဲဆိုင်တယ်တဲ့။သိချင်တာကတော့ ဆေးရုံကြီးတွေမှာ ပစ္စည်းကိရိယာအစုံအလင်မရှိတာလား။ဆရာဝန်တွေစိတ်ကြိုက် ပြင်ပပစ္စည်းယူလာပြီးသုံးခွင့်ရှိလား။လူနာရှင်ကို မှန်းထားတာထက်ပိုကုန်ကျမယ်ဆိုတာ မဆွေးနွေးမတိုင်ပင်ပဲခွဲစိတ်ခွင့်ရှိလား။အဲဒါတွေသိချင်နေပါတယ်။လူနာရဲ့case ကို major case လို့ OT cash မှာရေးထားတယ်။သိထားတာက operation လုပ်ထားတဲ့လူနာတစ်ယောက်ကို major case ဆိုရင် အနည်းဆုံးဆေးရုံမှာ တစ်ပတ် ဒါမှမဟုတ် ၅ရက်လောက်တော့နေရမယ်လို့ထင်ပါတယ်။minor case ဆိုရင် ၃ရက်လောက်နဲ့ဆင်းရတယ်လို့နားလည်ထားပါတယ်။အခုလူနာက တနင်္ဂနွေနေ့လည် ၁၂နာရီစခွဲတယ်။ညနေ ၅နာရီလောက်မှာခွဲစိတ်ပြီးတယ်။အင်္ဂါမနက်ဆင်းခိုင်းတယ်။ ဆရာဝန်က major case လို့ရေးထားပြီး ဆေးရုံကဆင်းခိုင်းတာမြန်လွန်းမနေဘူးလား။လူနာရှင် အသေးစိတ်ဘာမှမသိရပဲ ပေးနေရတာကိုဘဝင်မကျလှဘူး။မဆွေးနွေးပဲ လုပ်ချင်ရာလုပ်သွားတာကိုလည်းဘဝင်မကျလှဘူး။လူနာရှင် နားမလည်နိုင်တဲ့ ပစ္စည်းကိရိယာတန်ဘိုးဆိုပြီးတောင်းယူထားတာကိုလည်းသဘောမကျဘူး။ရှင်းရှင်းလင်းလင်းသိရအောင် ဆက်လုပ်ရအုန်းမယ်။ဆရာဝန်ကြီးများခွဲစိတ်ခက ၁၉ သိန်း။ဆရာဝန်ယူလာတဲ့ပစ္စည်းကိရိယာတန်ဘိုးက ၂၂သိန်း။ဘာပစ္စည်းမှန်းနားမလည်ဘူး။ရှင်းလည်းမပြဘူး။ဆွေးလည်းမဆွေးနွေးဘူး။ပြောလည်းပြောမပြဘူး။ဆေးရုံစရိတ်က သီးသန့်ရှင်းရပါတယ်။အခုက ဆရာဝန်ခချည်းသီးသန့်ပေးရတာပါ။(လူနာသည် အရေးပေါ်လူနာမဟုတ်သည့်အတွက် ခွဲစိတ်မှုမပြုမီ ဆရာဝန်သည် လူနာရှင်နှင့် လိုအပ်တာတွေကို ဆွေးနွေးတိုင်ပင်ရမည်ဟုထင်ပါသည်။)

No comments:

Post a Comment