:include data='blog' name='google-analytics'/>

Friday, June 27, 2014

ဆီချိုရောဂါသည်များအတွက် အရသာရှိတဲ့သတ်သက်လွတ်ပြင်သစ်သီးစုံဟင်း (Ratatouille Niçoise)

 



ပြင်ဆင်ချိန်: ၁၅ မိနစ်
ချက်ပြုပ်ချိန် : ၃၀ မိနစ်

ပါဝင်ပစ္စည်းများ

၁။ ခရမ်းသီးအကြီး ၁ လုံး
၂။ ခ၀ဲသီး (courgette)  ၁ လုံး
၃။ ပန်းငရုပ် အ၀ါ ၁ လုံး
၎။ ခရမ်းချဉ်သီး ၅ လုံး

၅။ ကြက်သွန်နီ ၂ ဥ
၆။ နံနံပင်  ၁ စီး
၇။ ကြက်သွန်ဖြူ ၂ မွှာ
၈။ ငရုပ်ကောင်း။
၉။ ဆား။
၁၀။ သံလွင်ဆီ (၀ါ) ဟင်းရွက်ဆီ
 

ချက်ပြုပ်ခြင်း

အသီးများအားရေဖြင့်သန့်စင်အောင်ဆေးပါ။
ခရမ်းသီးနဲ့ခ၀ဲသီးများကိုအခွံနွှာပြီး အတုံးများတုံးပါ။
ခရုပ်သီးဝါ၏ အစေ့များထုပ်ပြစ်ပါ။ အသီးများအားလုံးကို ဆားအနည်းငယ်ပါသောရေဆူတွင် ၂ မိနစ်ခန့်ပြုပ်ပြီး ရေအေးတွင်ထဲ့ခြင်းဖြင့် အသီးများမဲခြင်းကိုကာကွယ်ပါသည်။
ခရမ်းချဉ်သီးကိုအလုံးလိုက် အထက်ပါ ရေဆူထဲသို့ထဲ့ပြီးရေအေးထဲသို့ပြောင်းထဲ့ပါကလွယ်ကူစွာအခွံနွှာလို့ရပါသည်။
ကြက်သွန်နီမျာကိုအခွံနွှာပြီးပါးပါးလှီးပါ။
ကြက်သွန်ဖြူများကိုအခွံနွှာပြီး ဒါးပြားရိုက်ပြီး နုတ်နုတ်ဆင်းပါ

အိုးအကြီးတစ်လုံးတွင်ဆီနဲ့ကြက်သွန်နီ၊ကြက်သွန်ဖြူထဲ့ပြီးအနံ့မွှေးလာအောင်ဆီသတ်ပါ။ ပြီးလျှင်အသီးများ၊ဆား၊ငရုပ်ကောင်းများထဲ့ပြီး မီးအသင့်အတင့်ဖြင့် အသီးများနူးလာသည်အထိချက်ပါ။
အိုးချခါနီးတွင် နံနံပင်ထဲ့အိုးအဖုံး ဖုံးပြီး မီးပိတ်ပါ။

အထက်ပါ သီးစုံဟင်းသညှ်ဆီးချိုရောဂါသည်၊သွေးတိုးနှလုံးရောဂါသည်များ၊ သက်သတ်လွတ်စားသူများအတွက် သင့်လျော်၊အရသာရှိတဲ့ ဟင်းလျှာဖြစ်ပါတယ်။




No comments:

Post a Comment