:include data='blog' name='google-analytics'/>

Sunday, June 8, 2014

ဆေးဘက်ဝင် အရသာရှိတဲ့ စတော်ဘယ်ရီသီး







၁။ သွယ်လျှသောကိုယ် ခန္ဓာကိုထိန်းသိမ်းခြင်း
စတော်ဘယ်ရီသီးရဲ့ ၉၀% မှာရေဓါတ်ဖြစ်ပြီး၊ကယ်လိုရီ အနည်းငယ်သာပါပြီး၊အမျှင်ဓါတ်များတာကြောင့် သွေးအချိုဓါတ်ကိုထိန်းနိုင်တာကြောင့် စတော်ဘယ်ရီသီးကို ကိုယ်အလေးချိန် တက်မှာကြောက်သောသူ များ အကန့်အသတ်မရှိ စားသုံးနိုင်ပါတယ်။

၂။ စိတ်ဖီဆီးမှုကိုကာကွယ်ခြင်း။
စတော်ဘယ်ရီသီးများကိုစွဲစွဲမြဲမြဲစားခြင်းဖြင့် ၎င်းတွင်ပါဝင်သော ဗီတာမင် ဆီ၊ နဲ့မက်ဂနီဆီရမ်များ ကြောင့် နေ့စဉ်ကြုံတွေ့ရသောလောဂဓံများကို ချော်မော်စွာ လွန်မြောက်စေနိုင်ပါတယ်။

၃။ ဆီးရွှင်ဆေး။
ပိုတက်ဆီရမ်များစွာပါဝင်တာကြောင့် စတော်ဘယ်ရီသီးသည် ဆီးရွှင်စေပါတယ်။

၎။ ကင်ဆာများကိုကာကွယ်ခြင်း။
ဗီတာမင် ဆီ၊ နဲ့အမျှင်ဓါတ်များကြောင့် ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ဥဏှောက်ကင်ဆာများကို
ကာကွယ်နိုင်ပါတယ်။ ၎င်းသည်အူတွင်း၌ ကင်ဆာဖြစ်စေသော nitrosamines ဓါတ်များထွက်ပေါ်မှုကို လည်းကာကွယ်ပြီး အခြားအသီးများကဲ့သို့ကိုယ်ခန္ဓာ၏ ကာကွယ်ရေးလုပ်ငန်း (immune function ) အတွက်မရှိမဖြစ်သောအသီးများဖြစ်တာကြောင့် ကင်ဆာဖြစ်ခြင်းကိုကာကွယ်နိုင်ခြင်းဖြစ်ပါတယ်။
 
၅။ အသားအရည် လှပအရွယ်တင်စေခြင်း။
စတော်ဘယ်ရီသီးတွင်ပါဝင်သော ဗီတာမင် ဆီ၊ နဲ့polyphenols များကြောင့် ကိုယ်ခန္ဓာမှ ထွက်သော အညစ်အကြေးများကိုသန့်ရှင်းစေတဲ့အတွက် အသားအရည်အပါအ၀င် ကိုယ်ခန္ဓာ အိုမင်း ရင့်ရော်ခြင်းကို နှေးစေပါတယ်။ ဗီတာမင် ဆီက အရည်ပြားရှိအမျှင်ဓါတ် (collagen) များကို ဖြစ်ပေါ်စေ တာကြောင့် အသားအရည်ကိုတင်းရင်းစေပါတယ်။ တစ်နေ့ကို စတော်ဘယ်ရီသီး ၁၅၀ ဂရမ်စားပါက ပါးရည်တွန်းခြင်း ကိုနှေးကွေးစေပြီး၊ငယ်ရွယ်နုပျိုစေပါမယ်။
 
၆။ ကိုယ်ခန္ဓာလှပစေခြင်း။
စတော်ဘယ်ရီသီးတွင် ဗီတာမင် ဆီ၊ သံဓါတ်၊ ကယ်ဆီရမ်နဲ့မက်ဂနီဆီရမ်များ များစွာပါဝင်တာကြောင့်
လန်းဆန်းသွက်လက်စေပါတယ်။ နံနက်စာတွင် စတော်ဘယ်ရီသီးများစားပါက တစ်နေ့တာအတွက် အားအင်များပြည့်ဖြိုးစေပါတယ်။

၇။ အသဲကျန်းမာစေခြင်း။
စတော်ဘယ်ရီသီးအပါအ၀င် အခြားသောအနီရောင် ဘယ်ရီသီးများတွင် chlorophyll , carotenoids, Bioflavonoids အန်ဇိုင်း (enzymes)များပါဝင်ပါတယ်။ ဒီ enzymes များကအူများကိုသန့်ရှင်းစေပြီး အသဲကျန်းမာရေးကိုထောက်ပံ့ပါတယ်။ ၎င်းအပြင် စတော်ဘယ်ရီသီးတွင် salicylic acid ပါတဲ့အတွက် အနာကျက်အောင်လည်းစွမ်းဆောင်ပါတယ်။ စတော်ဘယ်ရီသီးသည် အသဲအပြင် ကျောက်ကပ်
ကျန်းမာရေးအတွက်လည်းကူညီပါတယ်။
 
စတော်ဘယ်ရီသီးများသည်အလွန်နူးညံသောအသီးများဖြစ်ပါတယ်။ ၎င်း၏ အာဟာရာဓါတ်များ မပျက်ဆီးစေရန်ရေအနည်းငယ်ဖြင့်ဆေးပြီးလတ်လတ်ဆတ်ဆတ်စားရပါမယ်။

ကျမ်းကိုး
-The benefits of berries Sylvie Khandjian, éditions character
-My health nature of Anne Dufour editions paperback bible





No comments:

Post a Comment