:include data='blog' name='google-analytics'/>

Wednesday, June 25, 2014

ပြင်သစ်သက်သတ်လွတ် ခရမ်းချဉ်သီးအစာသွပ်။

© Sinetical - Fotolia.

 

ချက်ပြုပ်ချိန်: ၃၀ မိနစ်
ပြင်ဆင်ချိန် : ၂၀ မိနစ်
၃ ယောက်စာ ပါဝင်ပစ္စည်းများ
တိုဖူ ၉၀ ဂရမ်
ပင်စိမ်း
ကြက်သွန်မိတ်
ကြက်သွန်ဖြူ
ဂျုံမှုန့် ၃၀ ဂရမ်
ဆနွင်း
ငရုပ်ကောင်း
ဆား
ပဲငံပြာရည်
ခရမ်းချဉ်သီး ၆၀၀ ဂရမ်
နှမ်း
ဟင်းရွက်ဆီ
ရေ ၅၀ ဂရမ်
 
ပင်ဆင်ပုံ
၁။ ခရမ်းချဉ်သီးများကိုရေစင်စင်ဆေးပြီး၊ ဖင်ပိုင်းကို ဦးထုပ်ပုံဖြစ်အောင်ဖြတ်ပါ။ အတွင်းပိုင်းမှအစေ့များထုတ်ပြီး၊ဆားအနည်းငယ်ထဲ့ပါ။

 ၂။  oven ကိုအပူပေးပါ။ ပြီးနောက် ၁၆၀ ဒီဂရီတွင်ထားပါ။ မိနစ် ၃၀ ချက်ရပါမယ်။

၃။ ပင်စိမ်းနဲ့ကြက်သွန်မိတ်များကိုရေစင်စင်ဆေးပြီး၊အချို့ကိုအရွယ်တော်ပိုင်းဖြတ်ပြီးအချို့ကိုနှုတ်နှုတ်စင်းထားပါ။
 
၎။ ကြက်သွန်ဖြူများကိုနှုတ်နှုတ်စင်းပါ။
 
၅။ ခွက်တစ်ခုတွင် တိုဖူးများကိုခြေပြီး၊နှုတ်နှုတ်စင်းထားသောပင်စိမ်းနဲ့ကြက်သွန်မိတ် များထဲ့ရော်ပါ။

၆။ အခြားခွက်တစ်ခုတွင် ဂျုံမှုန့်နဲ့နှုတ်နှုတ်စင်းထားသောကြက်သွန်ဖြူ၊ဆနွင်း၊ငရုပ်ကောင်း၊ဆား၊ပဲငံပြာရည် များ ထဲ့နယ်ပြီး နောက် တိုဖူးအရော်ကိုပါထဲ့နယ်ပြီးအပေါ့အငံမြည်းပါ။

၇။  ခရမ်းချဉ်သီးများကိုအစာသွတ်ပါ၊ ခေါင်းပိုင်းတင်ပါ။ နှမ်းဖြူးပါ။ ထိုနောက် oven တွင်ဖုတ်ပါ။
oven ထဲတွင် အခြားခွက်တစ်ခုထဲ၌ ရေထဲ့ထားခြင်းဖြင့် ခရမ်းသီးများမတူးပဲကျက်စေပါသည်

၇။ ခရမ်းချဉ်သီးအစာသွတ်များကျက်မကျက်ကို သွားကြားထိုးတန်ထိုး၍စမ်းသပ်နိုင်ပါသည်။
 
ပူပူနွေးစားသောက်ပါကပိုမိုအရသာရှိပါတယ်။
 
 

No comments:

Post a Comment