:include data='blog' name='google-analytics'/>

Monday, June 16, 2014

ပြင်သစ် ပုဇွန်ခေါက်ဆွဲသုပ်

              

 

ပြင်ဆင်ချိန်: ၁၅ မိစ်
ချက်ပြုပ်ချိန်: ၇ မိနစ်

၆ ယောက်စာ လိုအပ်သောပစ္စည်းများ

၁။ ရှာလကာရည်
၂။ ရေ ၁ လီတာ
၃။ ဆား
၎။ ခေါက်ဆွဲ ၁၉၀ ဂရမ်
၅။ သခွါသီး ၂၂၀ ဂရမ်
၆။ ချယ်ရီခရမ်ချဉ်သီး ၂၄၀ ဂရမ်
၇။  သဖန်းသီး အဆို (၀ါ) အခြောက် ၈၀ ဂရမ်
၈။ အခွံခွါပြီး ပုဇွန် ၂၆၀ ဂရမ်
၉။ မြေပဲ ၃၀ ဂရမ်
၁၀။ ပူဆီနံ
 

ပြင်ဆင်ပုံ
၁။ သခွါသီးကိုအခွံနွှာ၍ ပါးပါးလှီးပါ။
၂။ ခေါက်ဆွဲခြောက်ဖြစ်ပါက ဆားအနည်းငယ်ပါသောရေဖြင့်ပြုပ်ပြီရေစစ်ထားပါ။
၃။ အခွံမပါသောမြေပဲကိုအနည်းငယ်လှော်ပါ။
၎။ ခေါင်းမပါသောပုဇွန်များကိုရေအနည်းငယ်ဖြင့် microwave တွင် ၃၅ စက္ကန့်အပူပေးပြီး အမှီးချန်၍အခွံနွှာထားပါ။ သဖန်းသီးအဆိုကိုလည်း microwave တွင် ၃၅ စက္ကန့်အပူပေးပြီး လေးစိပ် စိပ်ပါ။
၅။ ပုဂံပြားအလယ်တွင်ပြုပ်ထားသောခေါက်ဆွဲများထဲ့ပါ။
၆။ အပေါ်မှရှာလကာရည်ဖြန်းပါ။
၇။ ခေါက်ဆွဲပေါ်တွင် သခွါးသီး၊ချယ်ရီခရမ်းချဉ်သီး၊မြေပဲလှော်၊ပုဇွန်၊သဖန်းသီး၊ပူဆီနံတို့ဖြင့်အလှဆင်ပါ။


ဆီမပါသော ကျန်းမာရေးအတွက်သင့်လျော်သော ဟင်းတစ်ခွက်ဖြစ်ပါတယ်။ သုံးဆောင်ကြည့်ပါ။
 

No comments:

Post a Comment