ဟိုတစ်လောက ပြင်သစ်နိုင်ငံမှာ အာဖရိကလူမျိုး အဖွါးဖြစ်သူနဲ့အဖေဖြစ်သူတို့က သူတို့ရဲ့ သမီးငယ်နှစ်ယောက်ရဲ့ မိန်းမကိုယ်ကိုဖြတ်မှုဖြင့်ထောင်ဒါဏ်အပြစ်ပေးခံရပါတယ်။ တခါမှမကြားဘူးတဲ့ ထူးဆန်းတဲ့ အမှုဖြစ်နေလို့လေ့လာကြည့်တော့မှ အာဖရိကနိုင်ငံက မူစလင် ဘာသာဝင်တွေဟာ ကာမစိတ်လျော့ နည်းစေရန် မွေးလာသောသမီးငယ်များကို အသက် ၁၅ နှစ်မတိုင်ခင်မှာ မိန်းမကိုယ်ကိုလှီးဖြတ်ပြစ်ကြတယ်တဲ့။
ရောဂါကြောင့် မဟုတ်ပဲ မိန်းမအင်္ဂါချို့ယွင်ခြင်း Female genital mutilation (FGM) ဟုခေါ်ပါတယ်။ WHO မှတ်တမ်းများအရ အာဖရိကမှာ အသက်၁၀ နှစ်နှင့် အထက်အမျိုးသမီး ၉၂ သန်းဟာ FGM အလုပ်ခံထားရပြီ၊ တစ်ကမ္ဘာလုံးမှာ ၁၄၀ သန်း ရှိတယ်လို့ သိရ ပါတယ်။ အနောက်၊ အရှေ့နှင့် အရှေ့မြောက်အာဖရိက၊ အချို့အာရှနိုင်ငံနှင့် အီဂျစ်၊ အီရန်နိုင်ငံ များတွင် အလုပ်များကြောင်းသိရပါတယ်။ FGM ဟာ ဘာသာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ယုံကြည်ချက် များကြောင့်ဖြစ်ပါတယ်။
FGM ဟာကာမစိတ် (libido) ကိုလျော့ကျစေတယ်လို့ယုံကြည်တာကြောင့် မိန်းခလေး များအား လက်ထပ်သည့်အချိန်ထိ အမျိုးသမီးကောင်းဖြစ်အောင်လိုအပ်တဲ့ပြုစု ပျိုးထောင်ခြင်း၊ အထူးသဖြင့် အပျိုစင်အဖြစ်စောင့်ထိမ်းနိုင်ခြင်းနှင့်လင်သားအပေါ်သစ္စာရှိအောင်ပြုလုပ်ခြင်းလို့ ယူဆတဲ့အတွက်ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ဒီအကြောင်းကိုသိရတော့ ဗုဒ္ဓမြတ်စွာ ပထမဦးဆုံး ဟောကြားတဲ့ ဓမ္မစကြာတရားတော်ထဲက အတ္တကိလမထာနုယောဂ အစွန်းဘက်ဖြစ်တဲ့ တိတ္ထိ တွေရဲ့ ကာမဂုဏ်စိတ်တွေနည်းအောင် ကိုယ်ကိုဆင်းရဲပင်းပန်းအောင် မီးလှုံတာမျိုး၊ ရေစိမ်တာ မျိုးတွေထက်တောင် ပိုဆိုးနေပါလားလို့ထင်မြင်မိပါတယ်။ တိတ္ထိတွေကမှ သူတို့ဘာသာ လိုလို လားလား ကျင့်ကြတာ အခုကိစ္စက ဘာမှ မသိ၊ နားမလည်တဲ့ ကိုယ့်ရင်သွေးငယ်တွေကို အယူအဆမှားကြောင့် မတရားနှိုပ်စက်ကြတဲ့ လူမဆန်တဲ့အပြုအမူတွေပါ။ လိင်ကိစ္စမှာ အမျိုး သမီးများဟာ passive partner ဖြစ်လို့ သဘောတူတယ်ဆိုရင်တောင် သူမအနေနဲ့ တစ်ဦး ထဲ ပြု လုပ်နိုင်တဲ့ အလုပ်မဟုတ်ပါဘူး။ ယောက်ျားဆိုတဲ့ active partner ပါမှ ဖြစ်တာမို့ မရောင်ရာ ဆီလူးပြီး မိန်းမအင်္ဂါကို ဖြတ်ရတယ်လို့။ ဖြတ်ချင်းဖြတ်ရင် ယောက်ျားအင်္ဂါကိုဖြတ်ရ မှာ ဖြစ်ပါ တယ်။ သက်သက်မဲ့ မိန်းမတွေကို လူမဆန်တဲ့ညှင်းပန်း နှိပ်စက်မှု ဖြစ်ပါတယ်။ လူတိုင်း မိန်းမဆိုတဲ့ အမေတွေမွေးလို့ လူဖြစ်လာတယ်ဆိုတာ လူဖြစ်ပြီးမသိတဲ့ လူကိုယ်နဲ့ တိရိစ္ဆာန်တွေလို့ ပြောရမယ်ထင်ပါတယ်။
ယခင်ကရွာများမှာရှိတဲ့ ခလေးမွေးပေးသောလက်သယ်များ၊ တစ်ခါတစ်ရံ အဖွါးများက
ပြုလုပ်ကြပြီး၊ယခုအခါ ကျန်းမာရေးဝန်ထမ်းများ (လူနာကိုကျန်းမာအောင်လုပ်ရမဲ့ အစား ရောဂါလုပ်ကြတဲ့သူတွေကိုကျန်းမာရေးဝန်ထမ်းလို့မခေါ်သင့်ပါဘူး။ ရောဂါဝန်ထမ်းလို့ ခေါ် ရမယ်ထင်ပါတယ်) ကလုပ်ကြတယ်လို့ဆိုပါတယ်။
FGM ၄ မျိုးရှိပါတယ်။
၁။ Clitoridectomy: partial or total removal of the clitoris (a small, sensitive and erectile part of the female genitals) and, in very rare cases, only the prepuce (the fold of skin surrounding the clitoris). အမျိုသမီးအင်္ဂါအပေါ်ဆုံးမှာ ကလိုင်တော်အစ် (Clitoris) လို့ခေါ်တဲ့ သေးငယ်သော၊ကာမဂုဏ်ခံစားတတ်သောအင်္ဂါကို တစ်ပိုင်းတစ်ဆ (၀ါ) အကုန်လုံးကိုဖြတ်ပြစ်ခြင်း။ ဒီအင်္ဂါက ယောက်ျားတွေမှာရှိတဲ့ လီး (Penis) ရဲ့ (counterpart) တူညီသောအင်္ဂါဖြစ်ပါတယ်။
၂။ Excision: partial or total removal of the clitoris and the labia minora, with or without excision of the labia majora (the labia are "the lips" that surround the vagina). အထက်ပါ အပြင် နှခမ်းအသေး (labia minora ) ကိုပါ တစ်ပိုင်းတစ်ဆ (၀ါ) အကုန် လုံးကိုဖြတ်ပြစ်ခြင်း။
၃။ Infibulation: narrowing of the vaginal opening through the creation of a covering seal. မိန်မကိုယ်ပေါက်ကိုသေးငယ်အောင်ပြုလုပ်ခြင်း။
၎။ အခြားအန္တရာယ်ရှိသောနည်းများ ဥပမာ ဆူးဖြင့်ထိုးခြင်း (pricking)၊ အပေါက် ဖေါက်ခြင်း (piercing)၊ ခွဲခြင်း(incising)၊ ခြစ်ခြင်း (scraping )၊ အပူဖြင့်ရှို့ခြင်း (cauterizing)။
FGM ရဲ့ အနီးကပ်အန္တရာယ်များ (Immediate complications)
၁။ ပြင်းထန်စွာနာကျင်ခြင်း (severe pain)။
၂။ ရှော့ (shock)။
၃။ သွေးလွန်ခြင်း (haemorrhage (bleeding)။
၎။ သွေးအဆိပ်တတ်ခြင်း၊ sepsis (bacterial infection)။
၅။ မေးခိုင်ရောဂါဖြစ်ခြင်း (tetanus)။
၆။ ဆီးမသွားနိုင်ခြင်း။
၇။ လိင်အင်္ဂါတွင်အနာများဖြစ်ခြင်း။
၈။ လိင်အင်္ဂါပတ်ဝန်းကျင်ရှိ အင်္ဂါများအားဒါဏ်ရာရစေခြင်း။
FGM ရဲ့ နောက်ပိုင်းအန္တရာယ်များ (Long-term consequences )
၁။ ဆီးအိမ်နှင့်ဆီးလမ်းကြောင်းတွင်မကြာခဏပိုးဝင်ခြင်း (recurrent bladder and urinary tract infections)။
၂။ စစ် (cysts) များဖြစ်ခြင်း။
၃။ မြုံခြင်း (infertility)။
၎။ ခလေးဖွါးရာတွင်ပိုမိုအန္တရာယ်ရှိနိုင်ခြင်း (an increased risk of childbirth complications)။
၅။မွေးကင်းစခလေးငယ်များသေဆုံးမှု ပိုမိုများနိုင်ခြင်း (newborn deaths)။
၆။ မိန်းမကိုယ်အားခွဲစိတ်ကုသရန်လိုအပ်ခြင်း (the need for later surgery)။
၁၉၉၇ ခုတွင် WHO ၊ UNICEF ၊ UNFPA တို့တွဲဖက်၍ FGM. ကို ဆန့်ကျင်ကြောင်း ထုတ်ပြန် ခဲ့ပါတယ်။ ၂၀၀၈ ခုတွင် United Nations ၏ထောက်ခံချက်ဖြင့် FGM. ဆန့်ကျင်မှုကို ပိုမိုအား ပေးရန်ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၀ တွင် WHO မှ UN agencies and international organizations. နှင့်တွဲ၍၊ကမ္ဘာနှင့်အ၀န်းတွင်ရှိသောကျန်းမာရေးဝန်းထမ်းများ FGM. လုပ်ခြင်း မပြုရန် ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။
No comments:
Post a Comment