:include data='blog' name='google-analytics'/>

Thursday, June 7, 2012

အမျိုးသမီးတွေအတွက်ဘယ်အသက်အရွယ်ကျမှ အန္တရာယ်ကင်းပါသလဲ

NT1  မှ ၂၀၁၂ ခုနှစ် အေပ်ီလ ၆ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

          အမေရိကန်နိုင်ငံ Colorado မှာ ၁၉၈၁ ခုနှစ် က အသက် ၈၆ နှစ်ရှိ Karl Stewart ဟာ အမေရိကန်နိုင်ငံရဲ့ နံမယ်ကြီး architect Charles Stewart ရဲ့အကြီးဆုံးသမီးဖြစ်ပါတယ်။ တစ်ဦး တည်း နေထိုင်ပြီး မနက်တစ်ကြိမ်၊ညနေတစ်ကြိမ် ရပ်ကွက်ထဲမှာ စက်ဘီးစီး လေ့ရှိပါတယ် ခလေးများချစ်တတ်ပြီး၊ ရပ်ကွက်တွင်းရှိလူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်လေ့ ရှိတာမို့ အားလုံးနဲ့ ခင်မင်ပြီး စက်ဘီးနဲ့အဖွါးလို့ အားလုံးက အသိအမှတ်ပြုထားပါတယ်။
         
၎င်းရဲ့သမီးနှင့် မြေးမလေးကတော့ တခြားရပ်ကွက်မှာသပ်သပ်နေပါတယ်။ ဒါပေမဲ့
နေ့စဉ်လိုလို ဖုန်းအဆက်အသွယ်ရှိပါတယ်။ ၎င်းရဲ့ မြေးမလေးကိုလည်းအလွန်ချစ် တာကြောင့်
တစ်နေ့မမြင်ရရင် မနေနိုင်ဘူးလို့ ပြောလေ့ရှိပါတယ်။

          ခုတလော ဘာကြောင့်မှန်းမသိ၊ ၎င်းဘာသာအိမ်မှာ ရှိတဲ့ ခွက်တွေ၊ကြိုးတွေနဲ့၊ အိမ်
ကိုလူဝင်ရင်သိအောင်ဆိုပြီး security တွေလုပ်ထားပါတယ်။

          ဒီနေ့ Karl Stewart ဆီကဖုန်းမလာတဲ့ အပြင်၊ဖုန်းဆက်လို့လည်းမရတာနဲ့ Karl Stewart အိမ်ကိုသမီးဖြစ်သူ ရောက်လာခဲ့ပါတယ်။ အိမ်တံခါးပွင့်နေပါတယ်။ Karl Stewart ဟာ တံခါးကို သော့မခတ်ပဲထားလေ့ရှိပါတယ်။ သမီးဖြစ်သူ မြေးချီးပြီးလာရင် အရံသင့်ဝင်နိုင်အောင်လို့ပါ။

          Karl Stewart ရဲ့အိမ်က နှစ်ထပ်ပါ။ လှေးကားရဲ့ ဘယ်ဘက်မှာသွေးစက်တွေ တွေ့
ပါတယ်။ အိမ်အောက်က Piano ရဲ့ဖုံတွေပေါ်မှာ ခြေရာတွေ့ပါတယ်။ အပေါ်ထပ် အခန်းထဲမှာ
Karl Stewart ဓါးဒါဏ်ရာတွေနဲ့သေဆုံးနေတာတွေ့လိုက်ရပါတယ်။

          Karl Stewart ရဲ့စက်ဘီးကတော့ ပျောက်နေပါတယ်။ အိမ်ထဲက စားပွဲအံဆွယ်တွေပွင့် နေပြီး တစ်အိမ်လုံး ရှုပ်ပွနေပါတယ်။

          Karl Stewart ရဲ့အလောင်းကိုစစ်ဆေးတဲ့အခါ တကိုယ်လုံးအနှံ့ ဓါးဒါဏ်ရာတွေ ရှိတဲ့ အပြင်၊ လက်နှစ်ဘက်မှာလည်း ဓါးဒါဏ်ရာတွေရှိနေတာကြောင့် Karl Stewart ဟာ တတ်နိုင် သမျှ ခုခံခဲ့တယ် ဆိုတာကိုပြနေပါတယ်။ Karl Stewart ဟာ မတရားကျင့်ခြင်းကိုလည်းခံခဲ့ရရှာပါတယ်။

          လှေးခါးမှာရှိတဲ့သွေးစက်တွေခြောက်နေလို့ ဓါးနဲ့ခွါယူရပါတယ်။ သွေးစက်တွေက လှေးကားရဲ့ ဘယ်ဘက်မှာသာရှိပြီး Karl Stewart ရဲ့သွေးအမျိုးအစားနဲ့ မတူတဲ့အတွက် တရားခံရဲ့သွေးဖြစ်ပြီး၊ ဘယ်ကျော်တစ်ယောက်လို့ မှတ်ချက်ချပါတယ်။ တရားခံရဲ့ သွေး အမျိုးအစားက B မျိုးဖြစ်ပါတယ်။ အဲ့ဒီအချိန်က DNA နည်းတွေမပေါ်သေး ပါဘူး။ အိမ် တံခါးမှာ လက်ဗွေရာ တစ်ပိုင်းတစ်စ တွေ့ပါတယ်။

          Karl Stewart မှာ မုန်းသူ၊ရန်သူမရှိတာကြောင့်၊ သူခိုး ခိုးရာက အိမ်ရှင်မိသွားတဲ့ အတွက် လူသတ်မှု အထိဖြစ်သွားတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် တရားခံ ကိုဘယ်ကစ လိုက်ရမှန်း မသိဖြစ်နေပါတယ်။
         
Karl Stewart အမှုဟာ ၁၄ နှစ်ကြာခဲ့ပါပြီး တရားခံကို မမိ သေးပါဘူး။ ၁၉၉၅ မှာ computer တွေ Soft wear တွေ၊ DNA technology တွေ ပေါ်လာပါပြီ။

          ဒီအမှုကိုတာဝန်ကျတဲ့စုံထောက်ကြီးဟာ အမှုထမ်းသက် ၃၀ ရှိပါပြီး။ သူ ပင်ဆင် မယူခင် ဒီအမှုကိုပြီးဆုံးစေချင်ပါတယ်။ ဒါကြောင့် Karl Stewart အမှုတုန်းက သိမ်းထားတဲ့ သွေးတွေကနေ DNA စစ်ဆေးစေပြီး အမေရိကန်နိုင်ငံက ရာဇ၀တ်သားပေါင်း ၆၆ သိန်းရဲ့ DNA တွေနဲ့ computer တွေရဲ့ အကူအညီနဲ့ တိုက်ကြည့်တဲ့အခါ Los Angeles ကမိန်းမနဲ့ ပြဿနာဖြစ်ပြီး၊ ၎င်းရဲ့မိန်းမကိုရိုက်နှက်မှုနဲ့ စစ်ဆေးခံနေရသူရဲ့ DNA ဖြစ်နေ ပါတယ်။ သူဟာ ဘယ်သန်ဖြစ်ပြီး အသက်အရွယ်ကြီးသူတို့ရဲ့ အိမ်များကို ၀င်ရောက်ခိုးယူလေ့ရှိပါတယ်။ တခါမှတော့ လူသတ်မှု မဖြစ်ခဲ့ ပါဘူး။ Karl Stewart အမှုမှာတော့ ခိုး နေစဉ် Karl Stewart ရောက်လာတဲ့အတွက် လူသတ်မှုအထိဖြစ်သွားခဲ့တယ်ထင်ပါတယ်။
         
          သိပ္ပံပညာရဲ့တိုးတက်မှုကြောင့် တရာခံကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment