:include data='blog' name='google-analytics'/>

Monday, June 11, 2012

အမျိုးသမီးတွေကိုတစ်ခါသုံးအဖျော်ဖြေခံပစ္စည်းလိုသဘောထားသူ

NT1  မှ ၂၀၁၂ ခုနှစ် မေလ ၂၃ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

အမှိုက်ကြုံးသူတစ်ဦး အမှိုက်ကြုံးစဉ် အမှိုက်ထဲမှာခရီးသွားသေတ္တာတစ်လုံးတွေ့လို့ ဖွင့်ကြည့် လိုက်တော့ ကိုယ်တုံးလုံးနှင့်အမျိုးသမီးအလောင်းတစ်လောင်းခေါက်ထဲ့ထားတာ တွေ့လိုက်ရပါတယ်။ သေတ္တာထဲမှာ ဘာစာရွက်စာတမ်း၊ ဘာအ၀တ်အစားမှမပါတာကြောင့် သေဆုံးသူဘယ်သူမှန်း မသိ နိုင်ဖြစ်နေပါတယ်။ သေသူရဲ့ ညာဘက်ခြေကျင်းဝတ်မှာတော့ summer ဆိုတဲ့စာတမ်းထိုးထား တာ တွေ့ ရပါတယ်။ သေသူရဲ့အဆုတ်မှာလေနည်း လို့သေ ဆုံးတယ် ဆိုတဲ့ဆရာဝန်ရဲ့စစ်ချက်အရ ၎င်းသတိမေ့ နေ စဉ် သေတ္တာအတွင်းပိတ်ခဲ့လို့ အသက် ရှုကျပ်သေဆုံးခဲ့မှန်းသိရပါတယ်။ သေဆုံးသူရဲ့လက်ဗွေရာကနေ သေဆုံးသူဟာ အသက် ၂၉ နှစ်ရှိ ခလေး ၄ ယောက်အမေ ဆိုတာသိကြရပါတယ်။ summer ဟာ လွန်ခဲ့ တဲ့ ၂၄ နာရီကအသတ်ခံရပြီး၊လိင်ဆက်ဆံထားတာကြောင်းသိရှိရပါတယ်။

လူသေအလောင်းထဲ့ထားတဲ့သေတ္တာက အမျိုးကောင်းသေတ္တာဖြစ်ပြီး code Bar ရှိနေပါတယ်။ ဒီလိုသေတ္တာမျိုးကို မြို့လယ်က Wal Mark ဆိုတဲ့ super-market မှာပဲ ရောင်းပါတယ်။ စုံထောက်များ Wal Mark  super-market ကိုသွားရောက်စုံစမ်းတဲ့အခါ အဲ့ဒီသေတ္တာကိုထူးဆန်းစွာ မနေ့ မနက် ၃ နာရီက အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ဝယ်သွားတာကို ပိုက်ဆံသိမ်းသူက သတိထားမိလိုက်ပါတယ်။ သေတ္တာအပြင် လက်အိပ်တစ်စုံလည်း ၀ယ် သွားခဲ့ပါတယ်။ super-market မှာ camera တပ်ထားတာမို့ camera ထဲမှာ လာဝယ်ခဲ့တဲ့လူရွယ်ရဲ့ပုံကိုပါတွေ့ရပါတယ်။ ၎င်းအပြင် super-market ရဲ့ကားရပ်ရာနေရာ မှာလည်း camera ရှိတာမိုအဲ့ဒီလူရွယ်ဟာ pickup ကားအနီရောင်နဲ့စီးသွားတာကိုပါတွေ့ရပါတယ်။ သေတ္တာဝယ်စဉ်က သူ့ရဲ့ credit card နဲ့ငွေခြေပါတယ်။ super-market ရဲ့အပြန်မှာ ဓါတ်ဆိဆိုင်မှာ ဓါတ်ဆီ အပြည့် ထဲ့ပြီး credit card နဲ့ပဲငွေခြေပါတယ်။ credit card ကနေပိုင်ရှင်လူရွယ်ဟာ ဘယ်သူ  ဆိုတာ စုံစမ်းလို့ရသွားပါတယ်။ ၎င်းဟာ Wal Mark  super-market ရဲ့မျက်နှာချင်ဆိုင်က Holiday Inn အခန်းမှာ လူသတ်မှုဖြစ်စဉ်က ငှါးနေတာကိုလည်း အခန်းဖွင့်တဲ့ card ကနေသိရပါတယ်။ အဲ့ဒီ card က အခန်းဖွင့်တိုင်း အချိန်ကိုမှတ်ထား ပါတယ်။  အသတ်မခံရခင် နံနက် ၃ နာရီက တစ်ခါ ၃.၄၅ မိနစ်က တစ်ခါ အခန်းတံခါးဖွင့်ခဲ့တာ တွေ့ကြရပါ တယ်။

Holiday Inn ကအခန်းကိုသွားရောက်စစ်ဆေးတဲ့အခါမှာ အခန်းအပြင်က အမှိုက်ပုံးမှာပြစ်ထားတဲ့ Wal Mark  super-market က၀ယ်သွားတဲ့ လက်အိပ်တစ်စုံ လွင့်ပြစ်ထားတာတွေ့ပါတယ်။ လက်အိပ်ရဲ့ အတွင်းနဲ့အပြင်မှာ DNA ရှိမရှိစစ်ဆေးတဲ့အခါလက်အိပ်အပြင်မှာ summer ရဲ့ DNA ကိုတွေ့ရပြီး အတွင်းမှာတော့  လူရွယ် ရဲ့ DNA ကိုတွေ့ရပါတယ်။

Holiday Inn ကအခန်းထဲမှာလည်းသွေးစွန်းနေတာတွေ့ကြပါတယ်။ အဲ့ဒီသွေးတွေကို စစ်ဆေး တဲ့အခါ  summer  ရဲ့သွေးတွေဖြစ်နေပါတယ်။ လူရွယ် ရဲ့ မိဘများအိမ်လိုက်သွားတဲ့အခါ   သူ့ကို
 computer ရှေ့မှာတွေ့ပါတယ်။   လူရွယ်ကိုလူသတ်မှုနှင့်ဖမ်းဆီးခဲ့ပါတယ်။ သူ့ရဲ့ computer ကိုလည်း လုပ်ထုံးလုပ်စဉ်အတိုင်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ computer ကိုစစ်ဆေးတဲ့ အခါ မှာတော့ မထင်မှတ်တဲ့ ရာဇတ်ဝတ်မှုတစ်ခုကိုထပ်မံတွေ့လိုက်ရပါတယ်။   

လူရွယ်ဟာ summer နဲ့ internet ကနေဆက်သွယ်ခဲ့တာပါ။ summer အပြင် Joanna Roger နဲ့လည်း ဆက်သွယ်ခဲ့ တာတွေ့ရပါတယ်။ Joanna Roger ဟာ လွန်ခဲ့တဲ့ ၁၈လ က လူပျောက်မှုနဲ့ တိုင်ကြားထားတဲ့ အသက် ၁၆ နှစ်သာရှိ သေးတဲ့ ကျောင်းသူဖြစ်ပါတယ်။ Joanna Roger ဟာ sandwich ဆိုင်မှာ အလုပ် လုပ်ပြီး၊ ပျောက်ဆုံးသောနေ့က အိမ်ပြန်လာခဲ့ပြီး နောက်နေ့မနက်မှာ အိမ်ကပျောက်ချင်း မလှ ပျောက် သွား ပါတယ်။ သူမရဲ့ မိုဘိုင် တယ်လီဖုန်း၊ လက်ကိုင်အိပ်၊ကားသော့နှင့်ကားများ အိမ်မှာရှိနေပါတယ်။ Joanna Roger ဟာမိဘနှစ်ပါးနှင့် အတူနေထိုင်ပြီး၊ အိမ်ဖေါက်ထွင်းတဲ့ လက္ခဏာလည်းမတွေ့ရ၊ ပစ္စည်းများ ပျောက်ဆုံးသည်လည်းမရှိခဲ့ပါဘူး။ မိဘနှစ်ပါးအနေနဲ့ လည်း ဘာသံမှမကြားခဲ့ပါဘူး။ ဒါပေမဲ့ မိဘများအိပ်ခန်းကအိမ်အနောက်ဘက်မှာရှိပြီး Joanna Roger ရဲ့အိပ်ခန်းကအိမ်အရှေ့ဘက်မှာရှိပါတယ်။ Joanna Roger မပျောက်ခင်ညသံခေါင်က  Joanna Rogerရဲ့အိမ်ဖုန်းကို လူရွယ်က  ဖုန်းဆက်ထားတာတွေ့ရပါတယ်။

  Joanna Roger ကိုလည်းပဲ လူရွယ် အနေနဲ့သတ်ခဲ့နိုင်တာကြောင့် Joanna Roger အိမ်အနီးမှအမှိုက်ပုံး များစုပုံရာနေရာ သို့သွားရောက်ကြပါတယ်။ ၅၀၀ ဧကကျယ်တဲ့ အမှိုက်ပုံကြီးမှာ ရပ်ကွက်များ ကသယ်  လာတဲ့အမှိုက်တွေကိုစနစ်တကျ သူ့အကွက်နဲ့သူ၊ စာရင်းပြုလုပ်စုပုံထားတာကိုတွေ့ရ ပါ တယ်။ ဒါတောင်မှ အမှိုက် ၂၅၀.၀၀၀ တန်ကိုမွှေနောက်ရှာရမှာဖြစ်ပါတယ်။ Joanna Roger ရဲ့သူငယ်ချင်းတွေနဲ့ ရပ်ကွက် လူထု ၁၀၀ ကျော်ကလုပ်အားပေးကြပါတယ်။ ကြွက်တွေနဲ့နံစောလှတဲ့ အမှိုက်ပုံမှာ သေတ္တာတစ်လုံး ရှာရ တာမလွယ်လှပါဘူး။ ကြိုးစားရကျိုးနပ်ပါပြီ။ ၂လအကြာမှာ လူသေ အလောင်း ထဲ့ထားတဲ့ သေတ္တာ တစ်လုံး တွေ့ပါတယ်။ အလောင်းကပုပ်ပွနေတာမို့ DNA စစ်လို့မရတော့ပါဘူး။ ဒါပေမဲ့ အလောင်းက သွားတွေကို စစ်ခြင်းဖြင့် Joanna Roger ရဲ့ အလောင်းဖြစ်မှန်းသိကြရပါတယ်။   

          လူရွယ်ဟာ Joanna Roger နဲ့ internet ကတစ်ဆင့်သမီးရီးစားဖြစ်ကြပါတယ်။ Joanna Roger သေဆုံး တဲ့ညမှာ လူရွယ် က Joanna Roger ဆီလာမဲ့အကြောင်းဖုန်းဆက်တယ်။ သူတို့တွေ့ကြပြီး လူရွယ်က Joanna Roger နဲ့ ဆက်ဆံပြီးနောက်သတ်ပြီး သေတ္တာထဲထဲ့ လွှင့်ပြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။
  
summer နဲ့လည်း internet ကတစ်ဆင့်သမီးရီးစားဖြစ်ကြတယ်။  ဟိုတယ်ကို   ခေါ်လာပြီး ဆက်ဆံကြ တယ်။ နောက်သတ်ပြစ်ပြီး Joanna Roger တုန်းကလိုပဲ သေတ္တာထဲထဲ့လွှင့်ပြစ်ခဲ့တယ်။ လူရွယ်အတွက်
အမျိုးသမီးများဟာသူ့အတွက် အပျော်ကစားစရာပစ္စည်းများသာဖြစ်ပါတယ်။




         

         

         





 

No comments:

Post a Comment