တစ်နေ့နေ့လယ် ရဲမှုး တစ်ဦးကျမတာဝန်ကျရာစပ်စံထွန်းဆေးရုံ အရေးပေါ်ဌာနကိုရောက်လာပါတယ်။ ဒီတခါ သူနဲ့အတူထမ်းစင်ပါမလာလို့ ၀မ်းသာမယ်ကြံကာရှိသေးတယ်။ သူက အလောင်းယူလာဖို့ မလွယ်လို့ သူနဲ့တောထဲကိုလိုက်ခဲ့ဖို့ပြောပါတယ်။ ဘယ်တတ်နိုင်မလဲ သူ့ဆံစားရဲရမှာပေါ့၊ လူနာရှင်းတုန်း လိုက်သွားပါတယ်။ တောလမ်းဘေးမှာအလောင်းတစ်လောင်းတွေ့လို့ ကျမကိုလာခေါ်တာပါ။ ဆရာမလေးက တစ်ယောက်ထဲလိုက်သွားမှာစိတ်မချပုံရပါတယ်။ ဒါပေမဲ့ အရေးပေါ်မှာ ကျမနဲ့ဆရာမပဲရှိတာ ၊ဆရာမကိုခေါ်သွားလို့လဲမဖြစ် လူနာလာရင်ဒုက္ခ။ တစ်ယောက်ထဲဖြစ်မှာကိုယ်ကသာစိတ်ပူနေတာ တကယ်က အဖေါ်က ၄-၅ ယောက်တောင်ရှိတယ်။ သူတို့က မိသားစုထဲက တစ်ယောက်ယောက်ပျောက်နေလို့ အလောင်းကို လိုက်ကြည့်ကြတာ။ အလောင်းက တောလမ်းလေးဘေးခြံပုပ်နားမှာပါ၊ အဝေးကနေ အပုပ်နဲ့ကထောင်းနေပါတယ်။ ဒီအပုပ်နံကြောင့် အလောင်းကိုလမ်းသွားတွေတွေ့သွားတာပါ။ အလောင်းနား ရောက်တော့ အလောင်းပေါ်မှာနားနေတဲ့ ခြင်မည်းတွေထပျံကြတာ ကြောက်စရာတောင်ကောင်းတယ်။ အလောင်းက တစ်ပတ်နီးပါးလောက်ရှိပါပြီး တစ်ကိုယ်လုံးဖေါင်ပြွ့ပီး ၊ အရေပြားကလဲ ညိုမဲနေတာ နဂိုအသားရောင်က ဖြူသလားမည်းသလားမသိနိုင်တော့ပါဘူး။ ပိုဆိုးတာက အလောင်းမှာခေါင်းရော၊ လိင်အင်္ဂါတွေပါ ဖြတ်ထားပါတယ်။ အတူလိုက်ပါလာတဲ့ သူတွေလဲ သူတို့အမျိုးလားဆိုတာတောင်မသိနိုင်တော့ပါဘူး။ တောင်ကြီးမှာက လှိုတွေဂျောက်တွေများတာကြောင့် ခေါင်းတွေ၊လိင်အင်္ဂါတွေကို့ ဖြတ်ပြီး လှိုတွေဂျောက်တွေထဲပြစ်လိုက်ပြီး အခုလို အလောင်းကိုအစဖြောက်တယ်လို့ပြောပါတယ်။
ပါရမီရှိတဲ့သူဆိုရင် တစ်ထိုင်ထဲနဲ့ တရားရ ရမှာ။ ကျမတော့ အလောင်းဖြင်တုန်းခဏပဲ သ့ဝေဂရပြီး ပြီးသွာတာပဲ၊တစ်ခုတော့ရှိတယ်။ သံအင်းဂူမှာ အသုဘဘာဝနာရု့တုန်းက တော့ ပြောသမျှ အသုဘ အလောင်းပုံတွေကတော့ ဓါတ်ပုံကြည့်ရသလို ပေါ်ပေါ်လာတယ်။ အဆိုးထဲက အမြတ်လို့ပဲဆိုရမယ်ထင်ပါတယ်။
No comments:
Post a Comment