:include data='blog' name='google-analytics'/>

Sunday, April 22, 2018

ဆရာဝန် ဆရာမတွေလဲ ပုထုဇဉ်တွေမို့

၁၉၇၇ လောက်က တောင်ကြီးမှာ Physician Conference လုပ်ပါတယ်၊ အဲ့ဒီမှာ ဘိန်း ( N0 3) ကနေ N0 4 ဖြစ်အောင် သန့်စင်ပြုလုပ်ပုံ၊ N0 5 , N0 6 အထိသန့်စင်နိုင်ကြောင်း။ သို့သော် သန့်စင်အောင်လုပ်ြခင်း ကြောင့်ဆေးရဲ့ အာနိသင် သိပ်မတိုးတက်သော်လည်း ကုန်ကျစရိတ်ကအလွန်များတဲ့အတွက် N0 4 အထိသာပြုလုပ်ကြကြောင်း ။ ဘိန်း ကနေ N0 4 ပြောင်းတဲ့ အခါမှာတော့ အာနိသင်တွေ အလွန်ပြောင်းသွားကြောင်း ဘိန်းက ယောကျာ်းများမှာသာ Euphoria ခေါ် သာယာစရာ ခံစားမှူတွေပေးပြီး အမျိုးသမီးတွေမှာတော့ Euphoria မရတာမို့ မိန်းမဘိန်းသမားရှားကြောင်း၊ ဘိန်းဆွဲသူများအနေနဲ့ဆေးဖြတ်လွယ်ကြောင်းစိတ်ကြံ့ခိုင်သူများဆေးမဆွဲကြောင်း၊ N0 4 ကတော့ အမျိုးသမီးရောအမျိုးသားပါ  Euphoria ရတာကြောင့် အမျိုးသမီးပါဆေးဆွဲကြကြောင်း၊ N0 4 မှာစိတ်ဓိတ်ဘယ်လောက်ခိုင်ခိုင် ၂ ခါ ၃ ခါ လောက်နဲ့ဆေးဆွဲနိုင်ကြောင်းရှင်းပြပြီး N0 3, N0 4, N0 5, N0 6 တို့ကိုပလပ်စတစ်အိပ်များဖြင့်ထုပ်ထားပြီး ပရိတ်သတ်အတွင်းလက်ဆင့်ကမ်း၍ ကြည့်စေပါတယ်။ ဒါပေမဲ့ အဲ့ဒီ sample ဆေးတွေ ပရတ်သပ်ထဲမှာတွင်ပျောက်သွားပါတယ်။
စပ်စံထွန်းဆေးရုံမှာလည်း မီးတ၀က်တပြက်မီးလောင်ထားတဲ့ ဆိုဖါတစ်ခုရှိပါတယ်။ တာဝန်ကြတဲ့ ဆရာဝန်နဲ့ဆရာမ နှစ်ယောက် ဆေးဆွဲပြီး ဆေးရူပြီးဇိမ်ကျနေစဉ် ဆိုဖါကိုမီးလောင်သွားတယ်လို့ပြောပါတယ်။

No comments:

Post a Comment