:include data='blog' name='google-analytics'/>

Thursday, January 24, 2013

အိမ်သုံးပစ္စည်းတွေနဲ့ အလှပြင်ရအောင်


 

နေ့စဉ်အိမ်သုံးပစ္စည်းတွေဟာ အလှပြင်ပစ္စည်းကောင်းတွေဖြစ်တယ်ဆိုတာသိရင် အလွယ်တကူ၊အချိန်မရွေး၊ အန္တရာယ်ကင်းကင်း၊ အသုံးပြုနိုင်တဲ့အပြင် ငွေခြွေတာနိုင်မှာဖြစ်ပါတယ်။ (အသားနုညံ့ပြီး၊ အစားအသောက်တွေနဲ့ မတဲ့တတ်ရင်၊ ဆံပင်ဆေးဆိုးတာသူများ၊ လက်မှာ (၀ါ) ဆံပင်ဖျားမှာ အရင် စမ်းသပ်သင့်ပါတယ်။)

 ၁။ အသုံးပြုပြီးလက်ဖက်ခြောက်ထုပ်။ ပုံမှာပြထားတဲ့အတိုင်းအသုံးပြုပြီးလက်ဖက်ခြောက်ထုပ်ကို မျက်လုံးပေါ်မှာ ၅ မိနစ်ခန့်ထားပါက မျက်လုံးတစ်ဝိုက်ရှိ အသားအိပ်များကိုပြေပျောက်စေနိုင်ပါတယ်။ အကွင်းလိုက်လှီးထားသော သခွါးသီးကိုလည်းလက်ဖက်ခြောက်ထုပ်ကဲ့သို့အသုံးပြုနိုင်ပါတယ်။

 ၂။ စားဆိုဒါ။ စားဆိုဒါ လက်ဘက်ရည်တစ်ဇွန်းနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (hydrogen peroxide) လက်ဘက်ရည်ဇွန်းရဲ့လေးပုံတစ်ပုံရော၍သွားတိုက်ပါက သွားများဖြူဖွေးသန့်စင်စေပါတယ်။ သွားတိုက်ဆေးမှာစားဆိုဒါ အနည်းငယ်ဖြူပြီးလည်းတိုက်နိုင်ပါတယ်။

 ၃။ ကြက်ဥအကာ။ ပေါင်မုန့်ဖုတ်ရာမှကျန်သော ကြက်ဥအကာကို (face mask) အဖြစ်အသုံးပြုနိုင် ပါတယ်။ ကြက်ဥတစ်လုံးရဲ့အကာကို သေချာခေါက်ပြီး၊မျက်နှာပေါ်တွင်သုတ်လိမ်းပြီး ခြောက်သည် အထိထားပါ။ ၎င်းနောက်မျက်နှာသစ်ပါက မျက်နှာ ပိုမိုလန်းဆန်းပြီး တင်းရင်းတာတွေ့ရပါမယ်။

၎။ Oatmeal မျက်နှာသစ်ရေ။ Oatmeal ကို ချိုးရေကစ၍ (face mask) အဖြစ်အသုံးပြုနိုင်ပါတယ်။ ပျားရည်နွေးနွေးနဲ့ သံပုရာရေ ဆတူရောထားသည့်အရည်ထဲသို့ Oatmeal ၃ဆ ဖြင့်ရောမွှေပါ။ ၎င်းနောက်မျက်နှာပေါ်သုတ်လိမ်းပြီးနောက်ရေနွေးနွေးဖြင့်ဆေးကြောပါက အသားချောမွေ့ပြီး၊အသားနီခြင်းကိုပျောက်ကင်းစေပါတယ်။ 

 ၅။ ရှာလကာရည်။  ဈေးပေါ်သောရှာလကာရည် (cider or white wine vinegar) များကို (hair conditioner) အစား ဆံပင်တောက်ပြောင်ပြီး ပျော့ပျောင်းစေရန်အသုံးပြုနိုင်ပါတယ်။ တစ်လကို ၂ ခါခန့်သာအသုံးပြုသင့်ပါတယ်။ အသုံးပြုတာများပါက ဆံပင်များခြောက်စေပါတယ်။

 ၆။ ပျားရည်နဲ့ အညိုရောင်သကြား။ ခွက်တစ်ခုရဲ့ ၂/၃ ခန့်ကို ပျားရည်ဖြင့်ဖြည့်ပြီး၊ သကြားညို ထမင်းစားစွန်း တစ်စွန်း၊ vanilla bean တစ်ဝက်ထဲ့နယ်ပါ။ ၎င်းဖြင့် ကိုယ်လက်တိုက်ချွတ်ပါက အသားအရည်ချောမွတ်ပြီး အနံ့အသက် ကောင်း စေပါတယ်။

 ၇။ သံပုရာရည်နဲ့ conditioner ရော၍ဆံပင်ကိုဖီးပါ၊ပြီးလျှင်ရေဆေးပါ။ဆံပင်များ တောက်ပြောင် စေပါတယ်။ သံပုရာရည်ဟာ အက်စစ်ဓါတ်ဖြစ်တာမို့ အသက်ကြီးသူများတွင်တွေ့ရသော အမဲစက်များပေါ်ချပေးခြင်းဖြင့် ပျေက်ကင်းစေနိုင်ပါတယ်။

 ၈။ နှပ်ပြီးကျန်သောကော်ဖီမုန့် (Leftover brewed coffee)။ လက်ကျန်ကော်ဖီမုန့် (leftover coffee grounds )နဲ့ conditioner ရောသုံးခြင်းဖြင့်ဆံပင်များကိုနက်မှောင်စေပါတယ်။

၉။ သံလွင်ဆီ (Olive oil) ၊နှမ်းဆီ၊ပဲဆီ၊ ဒန်ဆီ (almond oil) တို့ကို လိမ်းဆေး (lotion) များအဖြစ် အသုံးပြု နိုင် ပါတယ်။

၁၀။ ပြောင်းမုန့် (၀ါ) ကော်မုန့် (Cornstarch) ဟာ ခလေးများအတွက် ကိုယ်လိမ်းပေါင်ဒါ (baby powder) အဖြစ်အသုံးပြုနိုင်ပါတယ်။ မိမိကြိုက်ရာ အမွှေးနံ ဥပမာ သနပ်ခါးမုန့် များထဲ့ပြီးလည်း အသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment