မွေးကာစမှာ ၉ အောင်စသာရှိသော ၀က်ပုစိလေးတွေဟာ ယခုတလော အင်္ဂလန်နိုင်ငံမှာ
အလွန်ခေတ်စား လာသော အိမ်မွေးတိရစ္ဆာန်ဖြစ်ပါတယ်။ ၂ နှစ် မှာအရွယ်ရောက်လာပြီး ၁၈ နှစ်အထိ
အသက်ရှည်ပါတယ်။ အရွယ်ရောက်ချိန်မှာ ၆၅ ပေါင်လေးပြီး၊ ၁၄ လက္ခသာမြင့်ပါတယ်။ အများယူဆသလို မညစ်ပတ်ပဲ အလွန် သန့်ရှင်းတဲ့ဝက်ကလေး
များဖြစ် ပါတယ်။ ၎င်းတို့အညစ်အကြေးသွားရန်နေရာကိုအလွယ်တကူသင်ပေးလို့ရပါတယ်။ လူ၊ မျောက်၊
လင်းပိုင် (dolphin) ပြီးရင်စတုတ္ထမြောက် ဥာဏ်အကောင်းဆုံးသတ္တ၀ါလို့ဆိုပါ တယ်။ တခြားအိမ်မွေးတိရိစ္ဆန်တွေလိုကုန်ကျစရိတ်မများတဲ့အပြင်
ရောဂါအဖြစ်လည်းနည်းပါတယ်။ အပြင်ထွက်လမ်းလျှောက်ပေးရန်လည်းမလိုပါဘူး။ အသံလည်းမဆူညံပဲ တိတ်ဆိတ်တဲ့ ၀က်ကလေး များဖြစ်ပါတယ်။
လူများနှင့်လည်းပွတ်သီပွတ်သပ်နေလေ့ရှိပြီး TV ကြည့်နေစဉ်ပေါင်ပေါ်တွင်
နာရီပေါင်းများစွာတင်ထားလို့ရပါတယ်။ စကားတောင်ပြောလို့ရတယ်လို့ဆိုပါတယ်။
အစားကောင်းကြိုက်တတ်ပြီး၊အရုပ်များနဲ့ကစားတဲ့အပြင် Classic သီးချင်းများလည်းနား ထောင် တတ် ပါတယ်။
ကြောင်မွေး၊ခွေးမွေးတွေနဲ့မတဲ့တဲ့သူများအနေနဲ့ မွေးလို့ရတဲ့
တိရစ္ဆာန်လည်းဖြစ်ပါတယ်။ သူတို့ရဲ့ အရေပြား ဟာ လူ့အရည်ပြားကဲ့သို့ဖြစ်တဲ့အတွက် မတဲ့ခြင်းမဖြစ်ဘူးလို့သိရပါတယ်။
တစ်ကောင်ကို ၁၉၅-၇၀၀ စတာလင်ပေါင်အထိ ဈေးရှိပါတယ်။
No comments:
Post a Comment