စပ်စံထွန်းဆေးရုံသွေးဘဏ်မှာ သိပ်အလုပ်မများလို့ ကျမအခန်းနောက်ဘက်ကချုံတွေကို
၁၀၀ ကျပ် (ရွှေတစ်ကျပ်သား ၂၀၀၀ ကျပ်) ပေးရှင်းခိုင်းပြီး
ပန်းပင်တွေစိုက်ပါတယ်။ ရေနွေးပိုက် မရှိ တာကြောင့်။ မနက်ရေမချိုးခင်ခြံထဲဆင်းပြီး၊ မြေတွေပေါက်တူးနဲ့ပေါက်ပြီးချွေးထွက်မှရေချိုးပါတယ်။
တောင်ကြီးမြေက ဘာပင်စိုက်စိုက်ဖြစ်ပါတယ်။ ကျမခြံထဲမှာ နှင်းဆီ၊ ဒေစီပန်း၊ ဂန္ဓမာပန်း၊
လက်ထပ်ပန်း၊ နေကြာပန်းတွေအပြင် ဂေါ်ရခါးသီး၊ မြေပဲ၊အားလူး၊ကြက်သွန်ဖြူတွေလည်းစိုက်ပါတယ်။
သွေးဘဏ်မှာ ခလေးအတွက် သွေးလှူတဲ့ပစ္စည်း သတ်သတ်မရှိပါဘူး။ သွေးလှူရှင်ဆီက လူကြီးတစ်ယောက်စာအတိုင်း
သွေးထုတ်ရပါတယ်။ ဒါပေမဲ့ ခလေးကိုယ်ထဲကို အကုန်သွင်းလို့မရပါဘူး။ သွေးလိုတဲ့ ခလေးလူနာ
၂ ယောက်ရှိရင် သွေးအမျိုးအစားလည်းတူရင်၊ သွေးတစ်ပုလင်းကို ခလေး ၂ယောက်ကိုခွဲပေးပါတယ်။
မဟုတ်ရင်တော့ ကျန်တဲ့သွေး တစ်ဝက်ကိုလွှင့်ပစ်လိုက်ရပါတယ်။ သွေးတွေ အလကားလွှင့်ပစ်ရမှာ
နှမြောတာနဲ့ အိမ်ကို ယူလာပြီး ကျမရဲ့နှင်းဆီပင်တွေ သန်အောင်ဆိုပြီးလောင်းပါတယ်။ နောက်နေ့မနက်
မှာတော့ ကျမရဲ့နှင်းဆီပင်တွေ အမြစ်တွေပေါ်ပြီးသေနေကြပါတယ်။ သွေးနံ့ကြောင့် ခွေးရက်လို့သေ ကုန်တာပါ။ မျက်တောင်မွေးတစ်ဆုံးသာ မြင်တဲ့ကျမရဲ့ အသုံးမကျမှုကြောင့်ပါပဲ။
ခြံထဲက ပန်းတွေနဲ့ ဘုရားပန်းတင်၊ဧည့်ခန်းပန်းအိုးထိုးရတာအလွန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။
ခြံထဲက ပန်းတွေအရမ်းပွင့်သလို၊ရာသီဥတုကလည်းအေးတာမို့ ဘုရားပန်းတွေ၊ဧည့်ခန်းက ပန်းတွေက လည်း
၃-၄ ရက်နေလည်းမညိုးဘူး။
အဲ့ဒီအချိန်က တောင်ကြီးမြို့ပေါ်မှာ ပန်းကပ်စရာဘုရားလည်းမရှိဘုး။ ဒီတော့ အခန်းတိုင်းမှာ
ပန်း တွေဝေနေအောင်ထိုးထားပါတယ်။
ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာဝယ်ပြီး ကျမခြံမှာစိုက်ပါတယ်။
ကြက်သွန်ဖြူတွေ တူးဖို့ အချိန်ကျလို့ တူးတော့ ကြက်သွန်ဖြူ ပိန်ညောင်ညောင် ၂၅ ကျပ်သား
သာရပါတယ်။ ကျမ မြေဆွတာ မမွလို့ လို့ ပြောပါတယ်။ အဖေက တော့ အားပေးပါတယ်။ သမီး ကြက်သွန်ဖြူတွေ
က အစိမ်းတို့စားလို့ရတယ် မစပ်ဘူးတဲ့။
မြေပဲနဲ့ အားလူးလဲ ဒီလိုပါပဲ ။ စိုက်ပျိုးရေးလုပ်လို့
သီးနှံ့တွေ မတိုးပွါးလာပဲ လျော့နည်းကုန်လို့ ကျမ အဲ့ဒါတွေ မစိုက်တော့ပါဘူး။ ဂေါရခါးသီးကတော့
စိုက်စရာတောင်မလိုဘူး။ ခြံစည်းရိုးနားမှာချထားရုံနဲ့ အပင်ပေါက်ပြီးခြံစည်းရိုးကိုနွယ်သွားပါတယ်။
နေကြာပင်ကလည်း စိုက်လို့ အလွန်လွယ်ပါတယ်။ မြေတွင်းသေးသေးလေးဖြစ်အောင် ဒုတ်နဲ့ကလော်ပြီး
နေကြာစေ့တစ်စေ့ထဲ့၊ မြေကြီးပြန်အုပ်ပြီး ဖနောင့်နဲ့ဖိလိုက်ရုံပဲ။ နေကြာစေ့တစ်ပွင့်ကနေ
နေကြာစေ့တွေ နို့ဆီဘူးတစ်လုံးစာလောက်ရပါတယ်။ ဆရာဝန် quarter ကအိမ်ခန်းတွေက တော်တော်ကျယ်ပါတယ်။
ထမင်းချက်ခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၂ခုနဲ့ အပြင် ၀ရမ်တာပါ ပါတယ်။ ကျမတို့ပြောင်းလာကာစက
တစ်ခန်းနဲ့တစ်ခန်းကူရတာ ခြေထောက် တောင် ညောင်း လာပါတယ်။ မေမေနဲ့ကျမကအိပ်ခန်းတစ်ခုက
နှစ်ယောက်အိပ်ခုတင်မှာအတူတူအိပ်ပါတယ်။ ကျန်အိပ်ခန်းမှာ ကွတ်ပစ် တစ်လုံး ရှိပါတယ်။ တစ်နေ့
နေကြာစေ့တွေ အခြောက်လှမ်းပြီး၊ သိပ်မခြောက်သေးတာနဲ့ ကွတ်ပစ်ပေါ်မှာ ဇကာနဲ့တင်ထားပါတယ်။
မနက်ကျတော့ နေကြာစေ့တွေ အားလုံး အခွံတွေပဲကျန်ပါတော့တယ်။ ညက ကြွက်တွေ နေကြာစေ့တွေကို
အခွံ နွာစား သွားကြတာ အံ့သြစွာတွေ့လိုက်ရပါတယ်။
တိရစ္ဆန်ဆိုပေမဲ့ စားလို့ကောင်းတဲ့အဆံနဲ့ စားလို့မရတဲ့ အခွံ ဆိုတာခွဲခြား သိပါလား
?
တနေ့မနက် စတော်ဘယ်ရီသီးတွေ သီးနေတာတွေ့လို
ဘယ်နှစ်လုံးလဲလို့ရေတွက်ပြီး ၀မ်း သာ အားရ ဆေးရုံ ကိုထွက်သွားခဲ့ပါတယ်။ ထမင်းစားချိန်ပြန်လာတော့
ထမင်းမစားသေးပဲ စတော်ဘယ်ရီ သီးတွေ ထပ်သီးလာဆိုတာကြည့်ဖို့ ခြံထဲဆင်းခဲ့ပါတယ်။ ဒါပေမဲ့
တိုးဖို့နေနေသာသာ မနက်က စတော်ဘယ်ရီသီးတွေ တောင်မရှိတော့ပါဘူး။ ပရောဆိတ်တွေ စားသွား
လို့ ကုန်ပါပြီ။ ပရောဆိတ် မစားနိုင်အောင် အသီးတွေအောက်က ကေါက်ရိုးတွေခံထားရတယ်တဲ့။
ကျွမ်းကျင်ရာလိမ္မာ ဆိုတာ သိပ်မှန်တာပဲ။
ပြောင်းဖူးပင်ကလည်းစိုက်လို့လွယ်ပါတယ်။ နေကြာပင်လိုပဲစိုက်ရပါတယ်။
တစ်ပင်က နှစ်ဖူး၊သုံးဖူးလောက်သီးပါတယ်။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီးဖုတ်စားတာမို့ အလွန်ချိုပါတယ်။
အစားကောင်းစားရရင် ချစ်သူ ခင်သူတွေသတိရတတ်တဲ့အတိုင်း ရန်ကုန်က အဖေနဲ့ညီမတွေဆီကို စိုက်ခင်းတွေက
သွားဝယ်ပြီး ရထားနဲ့ ပို့လိုက်ပါတယ်။ အိမ်က စာပြန်လာပါတယ်။ နောက်မပို့နဲ့တဲ့ ပြောင်းဖူးတွေကခြောက်နေလို့
အမှိုက်ပုံဆီတိုက်ရိုက်သွားပို့ရတယ်တဲ့။
ဂေါ်ရခါးညွန့်တွေ၊ဖရုံညွန့်တွေကလည်း လတ်ဆတ်လို့
အလွန်ချိုပါတယ်။ အမအကြီးဆုံးက ဂေါ်ရခါးညွန့်ကြိုက်တာမို့ ရန်ကုန်ပြန်ရင် မြေသောက်ရေအိုးတစ်လုံးဝယ်ပြီးအထဲမှာ
ဂေါ်ရခါးညွန့် တွေထဲ့ပြီးရန်ကုန်ကိုရထား (၀ါ) ကားနဲ့သယ်သွားရင် ရန်ကုန်အထိ လတ်ဆတ်နေပါတယ်။
သစ်တော်သီးတွေလှိုင်လှိုင်ပေါ်တော့ ထုံစံအတိုင်း
ရန်ကုန်ပို့ချင်စိတ်တွေပ်ါလာပါတယ်။ ဒါပေမဲ့ ပြောင်းဖူးလိုဖြစ်မှာစိုးတာနဲ့ ပို့ချင်တဲ့စိတ်အောင့်ထားရပါတယ်။
တစ်နေ့မနက် ဆေးရုံအသွား အပြင်လူနာ ဌာနအ၀င်မှာ လူရွယ်တစ်ယောက်က ဆရာမ နေကောင်းလားလို့နှုတ်ဆက်ပါတယ်။
ကျမ ဘယ်သူဆိုတာ မ မှတ်မိပါဘူး။ အပြင်လူနာဌာနမှာတာဝန်ကျစဉ်ကတစ်နေ့တစ်နေ့ လူ တစ်ရာ လောက်တွေ့နေရတာ ဆိုတော့ဘယ်လိုမှမမှတ်မိနိုင်ပါ
ဘူး။ ဒါနဲ့ လူနာတစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး နေကောင်းလာ ဘာလား ဆိုပြီးရောချပါတယ်။
လူရွယ်က ကျမ ရောကော် သောကော်လုပ်တာ ရိပ်မိသွားပြီး ဆရာမ
ကျနော် လူနာမဟုတ်ပါဘူး။ ဆရာမ အဖေဆီမှာ ဒရိုင်ဘာလုပ်ဖူးတယ်လေတဲ့။ ကျမအဖေက ကုန်ကားတွေထောင်ထားပါတယ်။
သမီး လေးယောက်ရှိတာမို့ အိမ်ကိုသူ့ကားတွေရောကားဒရိုင်ဘာ တွေရော
မလာစေပါဘူး။ ဒီလူကတော့ ဘယ်တုံးက ကျမကိုမြင်ဖူးသွားမှန်းမသိပါဘူး။ ကျမအဖေ လည်းအခု ကားတွေရောင်းပြစ်ပြီး
အငြိမ်းစားယူနေပါပြီ။ လူရွယ်ကထပ်ပြောပါတယ်။ အခုကျနော် ကုန်စိမ်းကားတွေမောင်းနေပါတယ်။
မနက်ရန်ကုန်ု ကုန်စိမ်းတွေအရောက် တစ်ညလုံးမောင်းပါတယ်။ ဆရာမ အိမ်ကိုပေးချင်တာရှိရင်ပေးပါတဲ့။
ဝမ်းသာလိုက်တာ။ ချက်ချင်း ဆေးရုံနောက်က သစ်တောခြံသွား
ဝယ်ပြီးဆေးရုံမှာတင်ထုပ်ပိုးပေးလိုက်ပါတယ်။
အိမ်က စာပြန်လာပါတယ်။ သစ်တော်သီးတွေ သိပ်ကောင်းတာပဲတဲ့။ လာပို့တဲ့သူကပြောသွားတယ်တဲ့
ဆရာဝန်လို့မပြောရဘူး။ အထုပ်ကို ပလပ်စတာတွေနဲ့ ကပ်ထားတယ်တဲ့။ သြ ဆေးရုံမှာတင်ချက်ချင်းထုပ်ပိုးပေးလိုက်ရတာ
သူ သိမှ မသိပဲ။
I have recently come across your blog and have been reading most of the postings new and old with interest and joys. A prolific writers, you touch a wide range of subjects that are educational , personal stories , travel , dhamma study, medical information ,etc . always with a good dosage of humour. A very refreshing and often very funny writings I have often come to read that I now somehow feel to express appreciations for all your efforts. Thus, a big thank you and best regards from me , one of your readers from London.
ReplyDelete(both this 'myant-pann-yagon' and 'metta-yardwin' are penned by the same name 'daw soe' . So, you are managing 2 blogs. Am I right?)
Thanks a lot for your encouragement. With the help of internet, I can touch many subjects. Sorry for my English. Since I try to learn French, I cannot write correctly in English or even my mother tongue Burmese ! Yes, you are right ! I am the same culprit for both blogs.
DeleteThe only reason I write in English is that I am digitally illiterate , i.e. I can't type in Myanmar font- and too lazy to learn how to. So, unfortunately I have to struggle along with English.
DeleteI do admire those like you who master at foreign languages, an invaluable life skill I feel only the gifted individual are luck to have. I was, with a few relatives from home(myanmar), in Paris doing tourist things for a couple of days last year. None of us speak French and the locals are...you know what they are like! A very beautiful city but it was not an easy visit without any knowledge of their language.
I think it was the great British writer George Orwell who says: 'Never use difficult words when you know the simple words to mean the same thing because there is no point in writing anything if you can't make your readers understood what you are writing about'. (not exactly his words but to that effect). I think this rule is easier said than done. You might be aware there are some western medical professionals in Europe and North America who writes books that has won several important literature awards , and their writings are easy,simple and very accessible and comprehensible to ordinary and uninitiated folks (loo-bain) like us. Though you are modest about your Burmese writing, I would say that you seem to share these award-winning doctor-writers' excellent skill of keeping their works simplest so the readers on the street, so to speak, not only get helpful medical information (public medical awareness) but also enjoy their human(pu-du-zin) stories ; that are as interesting as any one else's.
ခြံထဲမှာ သီးပင် စားပင်လေးတွေ နဲ့ဆိုတော့
ReplyDeleteအတော့်ကို အေးအေးချမ်းချမ်း ရှိမှာနော်
ကျတော်လည်း အသက်အရွယ်လေးများ
ရ လာရင်တော့ အဲလိုလေး ဖန်တီးပြီ
နေမယ်စိတ်ကူးတယ် ဗျာ
ဘာရယ် မဟုတ်ဘူးဆိုရင်တောင်
ကိုယ်စိုက်တဲ့ အပင်လေးတွေကြည့်ပြီး
ကြည်နူးရတာပေါ့ ။
ဟုတ်တယ်။ ဥယျာဉ်မှုးလုပ်ရတဲ့ ပီတိက ဘယ်ပီတိ (တရားပီတိကလွဲရင်) နဲ့မှမတူဘူး။ ကိုယ်စိုက်တဲ့အပင်လေးတွေပွင့်နေ၊သီးနေတာကြည့်ရတာအလွန်စိတ်ချမ်းသာဖို့ကောင်းတယ်။
ReplyDeleteဒါပေမဲ့ ကျမ ကံကောင်းပုံကတော့ အခုလို ပင်စင်ယူတဲ့အချိန်မှာ ခြံဝေးလို့ ၀ရမ်တာ တောင်မရှိတဲ့
ခိုအိမ်လို တိုက်ခန်း မှာနေရတယ်။ ဒါပေမဲ့ စိတ်မလျော့ပါဘူး။ လူကြံရင် ထရံတောင် ဟိုဟာ ဖြစ်တယ်
ဆိုသလို ပဲပင်ပေါက်ဖေါက်တယ်။ ပဲပြုပ်ပဲ ဖေါက်တယ်လေ။ ပဲပင်လေးတွေ အညှောင့် အတက် ထွက်လာတာကြည့်ရတာလဲ စိတ်ချမ်းသာစရာကောင်းပါတယ်။ ရသေ့စိတ်ဖြေပေါ့။
ကိုမင်းဧရာ စိတ်ကူးတွေ အကောင်းအထည်ပေါ်ပါစေလို့ဆုတောင်းလိုက်ပါတယ်။
ကျမ မြန်မာလိုရေးတတ်တာ မြန်မာလက်နှိပ်စက်သင်ခဲ့လို့ပါ။ ကျမ ငယ်ငယ်က စန္ဒယားတီးတဲ့သူတွေကြည့်ပြီး အရမ်းစန္ဒယားတီချင်တာပဲ။ ဒါပေမဲ့ ကျမ မိဘတွေက
ReplyDeleteစန္ဒယားဝယ်ပေးဖို့နေနေသာသာ ပိုက်ဆံပေးရတဲ့ကျောင်းမှာတောင်မထားနိုင်ကြဘူး။
ဒီတော့ ကျမ လက်နှိပ်စက်ကို စန္ဒယား ခလုပ်တွေလိုသဘောထားခဲ့တာပါ။ စန္ဒယားဆရာတွေ
သိရင်တော်တော်စိတ်ညစ်သွားမယ်။
နောက်တခါ ပါရီလာလည်ဖြစ်ရင် အကြောင်းကြားပါ။ ပြင်သစ်လို ကျွမ်းကျွမ်း ကျင်ကျင် မပြောနိုင်ပေမဲ့ Tourist guide လောက်တော့ဖြစ်ပါတယ်။
Thank you. You are very kind.
Delete