:include data='blog' name='google-analytics'/>

Wednesday, May 15, 2013

ပထမဦးဆုံသော သဘာဝအတိုင်းအလုပ်လုပ်မည့် နှလုံးတု

ပြင်သစ်ကုမ္ပဏီ Carmat မှ ၎င်းတို့၏ နှလုံးအတုကို လူများတွင်အစားထိုးကုသခွင့်အား ၄ နိုင်ငံမှ နိုင်ငံတကာကျော်ကြားသော နှလုံးအထူးကုဆေးရုံကြီးများက မီးစိမ်းပြခဲ့ကြောင်း မနေ့ကထုတ်ပြန်
လိုက်ပါတယ်။ ထို ၄ နိုင်ငံမှာ ဘဲဂျီရန်၊ ပိုလန်၊ စလိုဗက်ကီးနှင့် စော်ဒီအာရေဗျ နိုင်ငံတို့ဖြစ်ပါတယ်။
သင့်တော်သော လူနာများရွေးချာ်ပြီးပါက နှလုံးအတုကို စတင်တပ်ဆင်မှာဖြစ်ပါတယ်။ ယင်းကုမ္ပဏီ
အနေဖြင့်အခြားနိုင်ငံများအထူးသဖြင့် ပြင်သစ်နိုင်ငံတွင်တပ်ဆင်ခွင့်ကိုမျှော်လင့်ကြောင်းပြောဆိုပါတယ်။

ယခုတီထွင်ထားသောနှလုံးတုမှာ တစ်ကီလိုသာလေးပြီး ၎င်းတွင်ပါရှိသော ဘက်ထရိများဖြင့် လူနာ၏ လိုအပ်ချက်များကို အလိုအလျောက်တောင်ရွက်သွားမယ်လို့သိရပါတယ်။ ယခင်ကတီထွင်ခဲ့သော နှလုံးတုများမှာ ၄၀ ကီလိုအထိလေးတယ်လို့သိရပါတယ်။ ယခုအောင်မြင်မှုများမှာ
ပရောဖက်ဆာ Carpentier စတင်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ရဲ့လေ့လာမှုများရဲ့ အသီးအပွင့်များ
ဖြစ်ပါတယ်။

ကျမ်းကိုး
ပြင်သစ်နိုင်ငံ နံနက်သတင်းစာ Direct Matin 15/05/2013

No comments:

Post a Comment